ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ tvN ရုပ်သံလိုင်းကနေ မကြာခင် ထုတ်လွှင့်မယ့် ဒရာမာတွေရဲ့ အချိန်ဇယား အပြောင်းအလဲတွေကို ထုတ်ပြန်ခဲ့ပါတယ်။
မင်းသား ဆောင်ဆန်ဟွန်း(ဂျွန်စော) ရဲ့ဒရာမာအသစ် “The Great Show” ကို မူလက ဆောင်းဦး ဒါမှမဟုတ် ဆောင်းရာသီလောက်မှသာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့ဆို စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
မင်းသမီး မွန်းဂွန်ယောင်းနဲ့ မင်းစား ကင်ဆွန်းဟိုတို့ ပါဝင်ထားတဲ့ကြတဲ့ ရဲတပ်ဖွဲ့အခြေခံဒရာမာ “Catch the Ghost” ကတော့ အခုလထဲမှာ ပြစသဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြသဖို့ နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။
tvN က “‘Catch the Ghost’ ဒရာမာကို သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ပြသဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ‘The Great Show’ ဒရာမာအနေနဲ့ ပိုလုံခြုံစိတ်ချရပြီး ပြီးပြည့်စုံတဲ့ ထုတ်လုပ်ရေး လုပ်ငန်းစဉ် ရရှိစေဖို့ ပြောင်းလဲမှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
“အဲ့ဒီဒရာမာကိုတော့ ဧပြီလကတည်းက သြဂုတ်လမှာ ပြသဖို့ ရာနှုန်းပြည့် ထုတ်လုပ်ဖို့ ရည်မှန်းချက်နဲ့အတူ ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ “Catch the Ghost” ဒရာမာကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကို tvN ကတောင်းပန်ခဲ့ပြီး ပိုမိုးတိုးတက်တဲ့ ထုတ်လုပ်ရေးနဲ့ စိတ်ရှည်မှုကို ပြန်ပေးဆပ်မယ်လို့ ကတိပေးခဲ့ပါတယ်။
“The Great Show” ဒရာမာမှာတော့ မင်းသား ဆောင်ဆန်ဟွန်းက ပြဿနာ ရှာတတ်တဲ့ ညီအစ်ကို မောင်နှမ ၄ ယောက်ရဲ့ အစ်ကိုကြီးဖြစ်ပြီး လွှတ်တော်ထဲကို အမတ်အနေနဲ့ ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် Lee Sun Bin, Im Joo Hwan, Noh Jung Ui, Park Ha Na နဲ့ VIXX အဖွဲ့ဝင် Hyuk တို့ကပါဝင်ထားကြပါတယ်။ပြသမယ့်ရက် နောက်ရွှေ့သွားတဲ့ “Catch the Ghost” ဒရာမာမှာတော့ မွန်ဂွန်ယောင်း၊ ကင်ဆွန်းဟို၊ ဂျောင်ယူဂျင်၊ ကင်ဒိုဟွန်းတို့က ဦးဆောင်ပါဝင်ထားကြပါတယ်။
“Ghost” လို့ နာမည်ပေးထားတဲ့ ကွင်းဆက် လူသတ်သမားတယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းနေကြတဲ့ မြေအောက်ရထား အစောင့်ရဲတပ်ဖွဲ့အကြောင်း ဇာတ်အိမ် တည်ထားပါတယ်။
Ref. Soompi
You May Also Like These Stories:
ဆောင်ဆန်ဟွန်း (ဂျွန်စော) နဲ့ Krystal တို့ရဲ့ ဒရာမာကား အသစ် မကြာမီ ပြသမည်
စီးရီးအသစ်ထဲမှာ တက်သစ်စ နိုင်ငံရေးသမားအဖြစ် မြင်တွေ့ရမယ့် မင်းသား ဆောင်ဆန်ဟွန်း