သရုပ်ဆောင်မင်းသားတွေဟာ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ ၊ သူတို့ရဲ့ ဖက်ရှင်တွေနဲ့ တယောက်တမျိုးစီ ကွဲပြားနေတာ ဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် သရုပ်ဆောင်မင်းသားတွေကတော့ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးတွေမရှိရင် ကြည့်မကောင်းသူတွေပဲဖြစ်ပါတယ်။
(၁) Chris Evans
Captain America မင်းသား Chris Evans ဟာဆိုရင် Avengers: Infinity War မှ အစပြုကာ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးတွေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ Captain America ရုပ်ရှင်တွေထဲမှာထက် ပိုမို ကြည့်ကောင်း ခဲ့တာဖြစ်ပါတယ်။
(၂) Chris Hemsworth
Thor မင်းသား အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris Hemsworth ဟာဆိုရင် Thor ရုပ်ရှင်မှာရော Avengers ရုပ်ရှင်တွေမှာပါ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးတွေကို မရှင်းမလင်းဘဲ သရုပ်ဆောင်ခဲ့တာဟာ သူ့ရဲ့ ဖက်ရှင်တခုလိုတောင်ဖြစ်နေပြီး အမျိုးသမီးပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ အချက်တွေထဲက တခုလည်းဖြစ်ပါတယ်။
(၃) Keanu Reeves
၁၉၉၀ ခုနှစ်ဖွားတွေအတွက်ကတော့ Keanu Reeves ဟာ သူ့ရဲ့ ပြင်ပဘဝနေထိုင်မှုအတွက် စံနမူနာယူထိုက်တဲ့ သရုပ်ဆောင်မင်းသားတဦးဖြစ်ပြီး နာမည်ကျော်လာခဲ့တဲ့ John Wick ရုပ်ရှင်စီးရီးတွေနဲ့အတူ ယောကျ်ားပီသလှတဲ့ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးတွေဟာ အမျိုးသမီးထုအတွက် ဆွဲဆောင်မှုတခုပဲဖြစ်ပါတယ်။
(၄) Dev Patel
Slumdog Millionaire ရုပ်ရှင်ကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ တဟုန်ထိုးအောင်မြင်မှုရရှိခဲ့တဲ့ Dev Patel ဟာဆိုရင် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူသရုပ်ဆောင်ရတဲ့ ဟောလိဝုဒ်နဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေမှာ သဘာဝအတိုင်း မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးတွေနဲ့အတူ ဆွဲဆောင်မှုရှိနေတဲ့ သရုပ်ဆောင်တယောက်ဖြစ်ပါတယ်။
(၅) Jason Momoa
Game of Thrones တီဗီစီးရီးနဲ့ လူသိများခဲ့တဲ့ Jason Momoa ဟာ Aquaman ရုပ်ရှင်မှာလည်း သူ့ရဲ့ ဆံပင်ရှည်ရှည် ၊ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးတွေနဲ့ ကြည့်ရှုသူ ပရိသတ်ရဲ့ အာရုံမှာ စွဲထင်စေခဲ့တာဖြစ်ပြီး ဧပြီလမှာတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေကို ရိတ်သင်ခဲ့ကာ “Goodbye Drogo … I SHAVED” လို့ ခေါင်းစဉ်တပ်ထားတဲ့ Video ကြောင့် သူ့ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းကို ခံခဲ့ရပါသေးတယ်။
Ref. www.insider.com