Entertainment

ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် ပွဲ၁ပွဲ တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ အလှမယ် ဟန်တီ

အလှမယ် ဟန်တီက ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် Incheon Media Festival ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ရှိနေပြီး ဒီပွဲမှာ မြန်မာရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ယဉ်ကျေးမှု ထုံးစံတွေလည်း မျှဝေသွားမှာလို့ဆိုပါတယ်။

“ဟန်တီ ကိုရီးယားမှာ ကြော်ငြာတွေရိုက်ဖို့ရှိတယ်။ Incheon Media Festival ပွဲလည်း တက်ရောက်ဖို့ရှိပါတယ်။ အဲ့မှာလည်း မြန်မာ Tradition Show မှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ မြန်မာ ကိုယ်စားပြုတယောက် အနေနဲ့ ဖိတ်ကြားခံရတာပါ”

“ဟန်တီပြင်ဆင်သွားမှာတွေက မြန်မာ Tradition Show ပါတဲ့အတွက် မြန်မာဝတ်စုံကို စိတ်တိုင်းကျ ကိုယ်တိုင်အကြိုက်ဆုံး ဒီဇိုင်းတွေ ဟန်တီပြင်ဆင်ထား တယ်။ နိုင်ငံခြားရောက်တဲ့အချိန်မှာ ဝတ်စုံလေးကြည့်တာနဲ့ မြန်မာဆိုတာတန်းသိအောင်တော့ အကောင်းဆုံးဖြစ် အောင်ပြင်ဆင်ထားပါတယ်”

“မြန်မာဆိုတဲ့ Image ကို အကောင်းဆုံး ချပြနိုင်ဖို့ ဂုဏ်ယူစရာကောင်းတဲ့ ယဉ်ကျေးမှု ထုံးစံတွေလည်း မျှဝေသွားမှာပါ။ ဒီပွဲမှာ အခြားနိုင်ငံအသီးသီးက အနုပညာရှင်တွေ လည်း ဆက်ခွင့်ရမှာဆိုတော့ လေ့လာစရာတွေ အများကြီးရမယ်လို့ ယုံကြည်တယ်။ ကိုရီးယားဘာသာစကားလည်း ပိုပြီးကျွမ်းကျင်အောင် လေ့လာနေပါတယ်။ Incheon Media Festival ပွဲက သြဂုတ်လ၁၅ရက်ကနေ ၁၇ရက်နေ့အထိပြုလုပ်သွားမှာပါ”လို့ ဟန်တီက ပြောပါတယ်။

ကိုယ့်မြန်မာနိုင်ငံကို ကမ္ဘာက သိအောင်လုပ်ဆောင်ချင်တဲ့ ဟန်တီက ကမ္ဘာပတ်ပြီးပွဲတွေ တက်ချင်တယ်လို့ဆိုပါတယ်။

“ ကမ္ဘာပတ်ပြီးပွဲတွေ တက်ချင်ပါတယ်။ Asia ကို ထိုးဖောက်ချင်ပါတယ်။ ဒါကတော့ အမှန်တိုင်းပြောတာပါ။ ကိုယ့်မြန်မာနိုင်ငံကို ကမ္ဘာက သိအောင် လုပ်ဆောင်ချင်တယ်။ မြန်မာနိုင်ငံက လူတွေကလည်း အာရှမှာ နာမည်ကြီး နိုင်ပါလား။ လုပ်နိုင်ပါလား။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး လုပ်ဆောင်နိုင်ပါလားဆိုတာကို ဟန်တီက အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားနေတယ်။ နှစ်ဖက်စလုံးမှာ အလုပ်လုပ်ရတာနှစ်သက်တယ်”

“ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုယ့်နိုင်ငံ ကိုယ့်အိမ်လိုခံစားရတယ်။ သူများနိုင်ငံမှာဆိုလည်း ကိုယ့်နိုင်ငံအတွက် ကြိုးစားရမယ်။ ကိုယ်ဘယ်လောက်ပဲ ကြော်ငြာတွေရိုက်ရိုက် မြန်မာလူမျိုးဆိုတာဖျောက်လို့ ရမှာ မဟုတ်ဘူးပေါ့။ အဲ့တော့ ကိုယ်ကမြန်မာမိန်းကလေးလေ။ မြန်မာမိန်းကလေးလည်း လုပ်နိုင်တယ်ဆိုတာကို အမြဲစိတ်ထဲမှာထားပြီး အလုပ်လုပ်ဖြစ်တယ်”လို့ ဟန်တီကပြောပါတယ်။

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန် မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင် ခဲ့ပါတယ်။ တရုတ်နိုင်ငံ မှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီး ကို မြန်မာ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

Loading