ဟောင်ကောင်မင်းသား Andy Lau ဟာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ဆိုရင်အသက် ၅၈ နှစ်ပြည့်တော့ မှာဖြစ်ပြီး သူ့ကို ဆယ်စုနှစ်ပေါင်းများစွာကြာအားပေးထောက်ခံလာတဲ့ ပရိသတ်တွေကိုတော့ သူ့ရဲ့ မွေးနေ့ပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံစေချင်တာကိုတွေ့ရပါတယ်။
အခုလောလောဆယ် ဟောင်ကောင်မှာ အာဏာပိုင်တွေကို မြို့နေလူထုက နိုင်ငံလုံးကျွတ် ဆန္ဒပြနေတဲ့ တင်းမာနေတဲ့ အခြေအနေတွေကြောင့် သူဟာ ဘေးကင်းလုံခြုံမယ့် လမ်းကို ရွေးချယ်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ fan-club ကနေပြုလုပ်မယ့် မွေးနေ့ပွဲ ကျင်းပမှုကိုတော့ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မင်းသား Lau ရဲ့ မန်နေဂျာက လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် မွေးနေ့ပွဲကို ပြဿနာတွေကြောင်း ရပ်ဆိုင်းလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘာပြဿနာဆိုတာကို မရှင်းပြခဲ့ပေမယ့် မင်းသား Lau ဟာ အဲ့ဒီနေ့မှာ ရုပ်ဆိုးအကျည်းတန်တဲ့ အခြေအနေပုံစံမျိုး ပရိသတ်တွေကို မဖြစ်စေချင်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်တာတွေ ရှိခဲ့ပါတယ်။
Sin Chew Daily မီဒီယာရဲ့ အဆိုအရ အဲ့ဒီပွဲကျင်းပဖို့ လက်မှတ်ဝယ်ထားသူတဲ့ ပရိသတ်တွေကို ငွေပြန်အမ်းပေး သွားမယ်လို့ သိရပါတယ်။ အခုလိုမျိုး နာမည်ကျော်မင်းသားရဲ့ မွေးနေ့ပွဲကို ဖျက်သိမ်း လိုက်ရတာကို ကြည့်မယ်ဆိုရင် ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်ဖျော်ဖြေရေး လုပ်ငန်းပါ ထိခိုက်နေရပြီ ဆိုတာကို မြင်တွေ့ရပါတယ်။
မင်းသား Lau ကတော့ လက်ရှိ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာ မပေးသေးပေမယ့် တရုတ်ပြည်မကြီး အစိုးရဘက်ကနေ ရပ်တည်တဲ့ နာမည်ကျော်ကြားသူတွေကတော့ ဟောင်ကောင် မြို့သူမြို့သားတွေကို ဝေဖန်တာတွေ ရှိနေခဲ့ပါတယ်။
အဆိုတော်တွေ ဖြစ်ကြတဲ့ Alan Tam နဲ့ Kenny Bee တို့ဟာ ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံတဲ့ အကြောင်း ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေက သူတို့ကို သစ္စာဖောက်လိုက်တယ်လို့ ခံစားရပြီး အဲ့ဒီအဆိုတော်နှစ်ဦးရဲ့ အယ်လ်ဘမ်တွေကိုမီးရှို့ဖျက်စီးခဲ့ကြပါတယ်။
Yuen Long MTR ဘူတာရုံမှာ ဂိုဏ်းအဖွဲ့ဝင်တွေရဲ့ နှောင့်ယှက်တိုက်ခိုက်မှုမှာ ပြည်သူတွေကို ကူညီဖို့ တုံ့ပြန်လုပ်ဆောင်တဲ့နေရာမှာ နှေးကွေးခဲ့တဲ့အတွက် ဟောင်ကောင်အာဏာပိုင်တွေကလည်း ဝေဖန်ခံနေရပါတယ်။
Ref:asiaone
You may also like these stories:
တရုတ် ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ အောင်ပွဲခံနေတဲ့ “နီကျား” ကာတွန်းရုပ်ရှင်
တရုတ်မင်းသမီး Liu Yifei (ဂူးဂူး) ကို “Mulan” ရုပ်ရှင်မှာ မြင်တွေ့ရမည်