“Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်ကတော့ အခုသီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးပိုင်းကို ဦးဆောင်နေခဲ့တာ တွေ့ရပါတယ်။
နာမည်ကျော် “The Fast and the Furious” ရုပ်ရှင်စီးရီးရဲ့ ခွဲထွက်ဇာတ်လမ်းဟာ ခန့်မှန်းချေ ဝင်ငွေ ဒေါ်လာ သန်း ၆၀ ဒသမ ၈ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာပါ။ ပထမဆုံ းရုံတင်တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ရလဒ်ကတော့ စတူဒီယိုရဲ့ ခန့်မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့ပေမယ့် အရင်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေအများစုထက် ဝင်ငွေမရခဲ့တာကို တွေ့ရပါတယ်။
မင်းသား Dwayne “The Rock” Johnson နဲ့ မင်းသား Jason Statham တို့ ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ၂၀၀၆ ခုနှစ်မှာ “Fast & Furious” ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “The Fast and the Furious: Tokyo Drift” နောက်ပိုင်း မြောက်အမေရိကဒေသမှာ ပွဲဦးထွက် ဝင်ငွေအနည်းဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ ရုပ်ရှင်ဈေးကွက်မှာတော့ ရုပ်ရှင်စီးရီးထဲမှာ တော်တော်လေး နာမည်ကြီးမယ့် လမ်းကြောင်းပေါ်ကို ရောက်နေတာပါ။ ” Hobbs & Shaw” ရုပ်ရှင်ဟာ နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာ သန်း ၁၂၀ ဝင်ငွေ ရခဲ့တဲ့အတွက် အခုတော့ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ သန်း ၁၈၀ အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ဖြန့်ချိထားတယ်လို့ ဆိုပေမယ့် အခုအထိတော့ တရုတ်လိုမျိုး ဈေးကွက်ကြီးတွေမှာ မပြသရသေးတဲ့ အတွက် ရုပ်ရှင်ကပိုပြီး နာမည်ကြီးလာနိုင်သေးတယ်လို့လည်း သုံးသပ်ကြပါတယ်။
“Hobbs & Shaw” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရုံဝင်ငွေစာရင်းကို မင်းမူခဲ့တဲ့ “The Lion King (2019)” ရုပ်ရှင်ကို ရာထူးကနေ ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကတော့ ရုံတင်ပြီး တတိယမြောက် သီတင်းပတ်မှာပဲ ဝင်ငွေ ဒေါ်လာ ၃၈ ဒဿမ ၂ သန်းဝင်ငွေရခဲ့လို့ ဒုတိယနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
“Once Upon a Time in Hollywood” ရုပ်ရှင်ကတော့ ဒုတိယမြောက်သီတင်းပတ်မှာ ဝင်ငွေ သန်း ၂၀ နဲ့ ဒုတိယနေရာကနေ တတိယနေရာကို ဆင်းသွားခဲ့ပါတယ်။ “Spider-Man: Far From Home” ရုပ်ရှင်က ဒေါ်လာ ၇ ဒဿမ ၈ သန်းနဲ့ စတုတ္ထနေရာမှာရှိနေပြီး “Toy Story 4” ရုပ်ရှင်ကတော့ ဒေါ်လာ ၇ ဒဿမ ၂ သန်းနဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။
Ref: aceshowbiz
You may also like these stories:
ကမ္ဘာကျော် အက်ရှင်မင်းသားနှစ်ဦးရဲ့ “Hobbs and Shaw” ရုပ်ရှင် ရိုက်ကူးရေး စတင်နေပြီ
Netflix နဲ့အတူ လက်တွဲပြီး ရုပ်ရှင်ထုတ်လုပ်၊ သရုပ်ဆောင်မယ့် Dwayne Johnson