နာမည်ကျော် ကိုရီးယားမင်းသမီး ဆောင်းဟေဂိုနဲ့ ကွာရှင်းခဲ့ပြီးတဲ့နောက် မင်းသား ဆောင်းဂျွန်ကီကို ကြော်ငြာရှင် တော်တော်များများက အကြိုက်လျော့လာပုံ ရပါတယ်။
အသက် ၃၃ နှစ်အရွယ်၊ မင်းသား ဆောင်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာပဲ မင်းသမီး ဆောင်းနဲ့ ကွာရှင်းမယ့်အကြောင်း ရုတ်တရက် ကြေညာခဲ့ပြီးတဲ့နောက် ပရိသတ် တော်တော်များများကတော့ လက်မခံခဲ့ကြပါဘူး။ ဒါပေမယ့် အခုတော့ တန်ရာတန်ကြေး တခုကို ပေးဆပ်နေရပြီလို့ ဆိုနိုင်ပါတယ်။
ကိုရီးယား မီဒီယာတွေရဲ့ အဆိုအရ မင်းသား ဆောင်းထံကို ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ကြော်ငြာဖို့ ကမ်းလှမ်းတာမျိုးဟာ သိသိသာသာ လျော့ကျသွားတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်တုန်းက “Descendants of The Sun” ဒရာမာမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပြီးတော့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းတွေရဲ့အဆိုအရ မင်းသားဆောင်းရဲ့ ကွာရှင်းမှု သတင်းကြောင့် သူပါဝင် သရုပ်ဆောင်နေတဲ့ ရုပ်သံစီးရီးဖြစ်တဲ့ “Arthdal Chronicles” ရဲ့ လူကြည့်နှုန်း လျော့ကျစေခဲ့တာကြောင့် ကြော်ငြာရှင်တွေက လည်း သူတို့ရဲ့ ကြော်ငြာတွေအပေါ်မှာ ထိခိုက်မှု တစုံတရာ ရှိလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။
မင်းသား ဆောင်းရဲ့ ဖခင်ကတော့ ချွေးမဖြစ်သူကို တောင်းပန်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသမီး ဆောင်းဟာ ခင်ပွန်းနဲ့ ကွာရှင်းဖို့နဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောဆိုတာမျိုး မရှိတာကြောင့် ပရိသတ်တွေရဲ့ သနား ကရုဏာသက်မှုကို ခံစားခဲ့ပါတယ်။
မင်းသမီးဟာ လတ်တလောမှာ ကိုရီးယားမှာ ရှိမနေဘဲ မင်းသားကတော့ လက်ရှိမှာ ကြော်ငြာ ကမ်းလှမ်းခံရမှု လျော့နည်းလာတာနဲ့ ပတ်သက်ပြီး ရင်းဆိုင်နေရတာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး ကွာရှင်းလိုက်ပေမယ့်လည်း မင်းသမီး ဆောင်းအနေနဲ့ တာဝန်တွေ ပျက်ကွက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
ကွာရှင်းမယ့်သတင်း ထွက်ပေါ်ပြီး သီတင်းတပတ် အကြာမှာပဲ တရုတ်နိုင်ငံမှာ လုပ်တဲ့ အလှကုန်ပစ္စည်း ပရိုမိုးရှင်းပွဲကိုလည်း တက်ရောက်ခဲ့ပါ သေးတယ်။
ဒါ့အပြင် မင်းသမီးဆောင်းဟာ ဟောလိဝုဒ်မင်းသမီး Natalie Portman နဲ့ ရုရှားမော်ဒယ် Natalia Vodianova တို့နဲ့အတူ မကာအိုမှာပြုလုပ်တဲ့ Chaumet လက်ဝတ်ရတနာပြပွဲကို လည်း တက်ရောက်ခဲ့ပါတယ်။ ကွာရှင်းပြီးတဲ့နောက် မင်းသမီးဟာ ဆိုးလ်မှာရှိတဲ့ UN Village က ဗီလာတခုဆီ ပြောင်းရွှေ့သွားပြီလို့လည်း သိရပါတယ်။
မိဘတွေနဲ့အတူနေထိုင်နေတဲ့ မင်းသားဆောင်းကတော့ ကြော်ငြာတွေ ပြန်လည်ရိုက်ကူးရဖို့ ကြော်ငြာရှင်တွေကို ဆွဲဆောင်ဖို့ လိုအပ်နေပါတယ်။ သူ့ရဲ့ ကိုယ်စားလှယ်တွေ အဆိုအရ မင်းသားဟာ ပရိသတ်ရှေ့မှောက်ကနေ ခေတ္တအနားယူမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ကွာရှင်းမှုနဲ့ ပတ်သက်ပြီး အမုန်းစကား ရေးနေသူများကို ဆောင်းဟေဂိုရဲ့ အေဂျင်စီ တိုင်ကြား
မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ တရားဝင် ကွာရှင်းပြီးစီး
ကွာရှင်းပြီး ပထမဆုံးအကြိမ် ပွဲတက်ရောက်ခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို