မင်းသမီး အန်ဂျလီနာ ဂျိုလီရဲ့ သားအကြီးဆုံးဖြစ်သူ မက်ဒေါ့စ်ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်က္ကသိုလ်မှာ ပညာသင်ကြားဖို့ အတည်ပြုလိုက်ပါပြီ။ သြဂုတ်လ ၅ ရက်က သတင်းတွေမှာ ဖော်ပြချက်အရ မက်ဒေါ့စ် ဂျိုလီ ပစ်ဟာ ယွန်ဆေးတက္ကသိုလ်မှာ သင်ကြားဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဆိုပါတယ်။
မက်ဒေါ့စ် ကျောင်းဝင်ခွင့်အတွက် တခြားတက္ကသိုလ်တွေကလည်း လက်ခံခဲ့ပေမယ့် သူကတော့ အထင်ကရနာ မည်ကျော် ယွန်ဆေးတက္ကသိုလ်မှာ ဇီဝဓာတု ဘာသာရပ် သင်ကြားဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ အရင်ကလည်း မက်ဒေါ့စ်က ကိုရီးယားဘာသာနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတယ်လို့ ပြောခဲ့ဖူးပါတယ်။
မက်ဒေါ့စ်ဟာ ကိုရီးယားဘာသာစကားကို သင်ယူခဲ့ပြီး တပတ်ကို အချိန်အတော်ကြာ လေ့လာခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လထဲမှာ ကျောင်းစတက်ရတော့မယ့် မက်ဒေါ့စ်နဲ့ အတူတူ အိန်ဂျလီနာ ဂျိုလီပါ ကိုရီးယားကို လိုက်လာပြီး သားဖြစ်သူ အခြေကျအောင် ကူညီသွားမယ်လို့ ဆိုပါတယ်။ သတင်းတွေမှာတော့ ဂျိုလီဟာ သားဖြစ်သူအတွက် အရမ်းကို ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
မနှစ်က နိုဝင်ဘာလတုန်းကလည်း အန်ဂျလီနာ ဂျိုလီ UNHCR ရဲ့ Special Envoy အဖြစ် ကိုရီးယားကို အလည်အပတ် ရောက်ချိန်မှာ သားနှစ်ဦးဖြစ်တဲ့ မက်ဒေါ့စ်နဲ့ ပက်စ်တို့နဲ့အတူတူ ယွန်ဆေးတက္ကသိုလ် Campus Tour ကို တက်ရောက်ခဲ့တာကြောင့် မက်ဒေါ့စ် ယွန်ဆေးတက္ကသိုလ်မှာ တက်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ကောလာဟလသာဖြစ်ကြောင်း ကျောင်းဝင်ခွင့်ဌာနက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
သားဖြစ်သူ မက်ဒေါ့စ်ဟာ ကိုရီးယားဘာသာစကားနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားလို့ လေ့လာရေး အနေနဲ့သာ သွားခဲ့တာလို့ အဲ့ဒီတုန်းက သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
မက်ဒေါ့စ်ဟာ ကိုရီးယားမှာ လာရောက် ပညာသင်ကြားတာကြောင့် အမေရိကန်မှာရှိတဲ့ အိမ်နဲ့အလှမ်းဝေးသွားပေမယ့် သူ့မွေးရပ်မြေ ကမ္ဘောဒီယားက မိသားစုတွေနဲ့ ပိုနီးသွားတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သားအကြီးဆုံး ဖြစ်သလို မောင်နှမတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် နောက်ဆို တခြားမောင်နှမတွေပါ ကိုရီးယားကို လာလည်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
Ref: Soompi
You may also like these stories:
Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ
ကလေးတွေနဲ့အတူ ‘Dumbo’ ရုပ်ရှင်အထူးပွဲကို တက်ခဲ့တဲ့ အန်ဂျလီနာဂျိုလီ
“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ