တရုတ်ရုပ်ရှင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က “တရုတ် အော်စကာဆု”လို့ လူသိများတဲ့ နှစ်စဉ် ကျင်းပနေကျ ဆုပေးပွဲမှာ ပါဝင်ဖို့ တရုတ်ပြည်မကြီးက ရုပ်ရှင်တွေနဲ့ သရုပ်ဆောင်တွေအပေါ် တားမြစ်ချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ တရုတ်ရုပ်ရှင် စီမံခန့်ခွဲရေးအဖွဲ့ကတော့ ထိုင်ဝမ်မှာ ကျင်းပမယ့် ရွှေမြင်း ရုပ်ရှင်ဆုပေးပွဲအား သပိတ်မှောက်ရတဲ့ အကြောင်းအရင်းကို ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ ဒီလိုမျိုး တားမြစ်ချက်ထွက်လာတာဟာ တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ မြင့်တက်လာကို ပြသနေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို အမေရိကန်က လက်မှတ်တွေရောင်းဖို့ ခွင့်ပြုချက် ပေးထားတာကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ One China ပေါ်လစီကို လိုက်နာခြင်း မရှိလို့ အမေရိကန်ကို ဝေဖန်ခဲ့ပါတယ်။ One China ပေါ်လစီအရ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ မဟုတ်ဘဲ တရုတ်နဲ့ တိုက်ရိုက် တရားဝင်သာ ဆက်ဆံရေး ထားရှိရမှာလည်း ဖြစ်ပါတယ်။
တရုတ်ကတော့ ပြည်မကြီးနဲ့ ထိုင်ဝမ်ဟာ ပြန်လည် ပေါင်းစည်းသင့်တယ်လို့ ယူဆပြီး လိုအပ်ရင် အင်အားသုံးမယ်လို့ ဆိုပါတယ်။
အခုလိုမျိုး တရုတ်ပြည်မကြီး အနေနဲ့ ရွှေမြင်း ရုပ်ရှင်ဆုပေးပွဲနဲ့ ပတ်သက်လို့ တားမြစ်ချက် ထုတ်ပြန် လိုက်တာဟာ လက်နက်ရောင်းဝယ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်ဝမ်ကို ဖိအားထပ်ပေးဖို့ နောက်ဆုံး လုပ်ဆောင်ချက်လို့လည်း ယူဆရဖွယ် ရှိပါတယ်။
“ရွှေမြင်း ရုပ်ရှင်ဆု” ဆိုတာကတော့ တရုတ်ဘာသာစကား ပြောတဲ့လောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ပွဲတပွဲ ဖြစ်ပြီး တိုင်ပေမြို့မှာတော့ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ တရုတ် သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်တွေ ပါဝင်ခဲ့ကြပြီး ဆုရရှိခဲ့ကြတာမျိုးလည်း ရှိပါတယ်။
တရုတ်နိုင်ငံပိုင်မီဒီယာ CCTV ရဲ့အဆိုအရ တရုတ်ရုပ်ရှင် အာဏာပိုင်အဖွဲ့ဟာ ၅၆ ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ပွဲတော်မှာ ပါဝင်ဖို့ တရုတ်ပြည်မကြီးထံကနေ ရုပ်ရှင်နဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ ပိတ်ပင်လိုက်တယ်လို့ သြဂုတ်လ ၇ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Ref. BBC