Entertainment

တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်း နားလည်မှု ယူထားတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေး

Want create site? Find Free WordPress Themes and plugins.

ပရိသတ် အားကျရတဲ့ အနုပညာရှင် စုံတွဲတွေထဲမှာ “Snare” အဖွဲ့က အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့လည်း ပါဝင်ပါတယ်။ တွဲလာတဲ့ ချစ်သူသက်တမ်းကလည်း ကြာပြီဖြစ်တဲ့ သူတို့နှစ်ဦးကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“အိမ်ထောင်ပြုဖို့ကတော့ ကိုဖြိုးလေးနဲ့ ညှိပြီးသားပါ။ ဝါဆို အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ် ၂၈၊ ၂၉ လောက်မှ ပြုမယ်လို့ စဉ်းစားထားတယ်။ ဝါဆို စကားများများ ပြောတဲ့ထဲမှာ မပါပါဘူး။ ဒေါသဖြစ်လာမှသာ စကားများတာပါ။ ပွားတာတောင် သူက နားမထောင်ချင်ဘူးလေ။ ပွားတာကလည်း သူတို့ အတွက်ပါပဲ။ ကိုယ့်အတွက် မဟုတ်ပါဘူး”

“ဝါဆိုတို့ နှစ်ယောက်တွဲပုံလေး ကမ်းခြေသွားတုန်း အပျော် ရိုက်လိုက်တာကို ပရိသတ်တွေ သဘောကျကျတယ်။ နှစ်ယောက်လုံးက အလုပ်တွေ ပိုလုပ်လာကြတယ်။ သူ လိုအပ်ချက်ရှိရင်လည်း ဝါဆိုက ပြောတယ်။ ဝါဆို လိုအပ်ချက်ရှိရင်လည်း သူက ပြောတယ်”လို့ ဝါဆိုမိုးဦးက ပြောပါတယ်။

ဆက်လက်ပြီး ဝါဆိုမိုးဦးက ချစ်သူ ဖြိုးလေးနဲ့ တွဲလာတဲ့ သက်တမ်း တလျှောက်မှာ အလုပ်တွေ ပိုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“တွဲလာတဲ့ တောက်လျှောက်မှာတော့ အလုပ်တွေ ပိုလုပ်ဖြစ်လာတယ်လို့တော့ ထင်တယ်။ ကိုဖြိုးလေးက ယောကျာ်း ပီသပါတယ်။ တခါတလေသာ ကိုယ်နဲ့အပြိုင် ဆိုးချင်တာပဲ ရှိတာ။ ယောကျာ်း ဆန်လွန်းတယ်။ ချွဲတတ်တဲ့ထဲမှာ မပါဘူး။ တခါတလေ ဝါဆို ဘစ်ကနီနဲ့ပုံတွေ တင်ချင်တာပေါ့နော်။ မတင်ခင်တော့ သူ့ကိုပုံပြရပါတယ်။ ရန်ဖြစ်ရမှာ မောတော့ ရန်မဖြစ်ချင်တာနဲ့ ပွင့်ပွင့်လင်းလင်း ညှိပြီး လုပ်ကြတယ်။ ရန်ဖြစ်တာ နည်းလာတယ်”လို့ ဝါဆိုမိုဦးက ပြောပါတယ်။

အဆိုတော် ဖြိုးလေးကတော့ သူတို့နှစ်ဦးရဲ့ ချစ်သူ သက်တမ်းက ကြာပြီဖြစ်တာကြောင့် အနာဂတ် အစီအစဉ် အနေနဲ့ တယောက်နဲ့ တယောက် အလုပ်တွေ ကူလုပ်ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ချစ်သူ သက်တမ်းကလည်း ကြာလာပြီ။ ရှေ့ရေး Plan ကတော့ သူ့အလုပ်တွေ ကျနော် ဝိုင်းကူလုပ်၊ ကျနော့် အလုပ်တွေ သူ ဝိုင်းကူလုပ်။ အနုပညာအလုပ်တွေ လုပ်ကြ၊ စီးပွားရေးလည်း လုပ်ကြပေါ့။ ရန်ဖြစ်ရင် စိတ်ပင်ပန်းလို့ ရန်မဖြစ်တော့ဘူး။ တယောက်အကြောင်း တယောက်လည်း နားလည်လာကြပြီဆို တော့ သဝန်တိုတာတွေလည်း သိပ်မရှိတော့ပါဘူး။ နားလည်မှု ယူထားတာပေါ့။ တယောက်နဲ့ တယောက် ကိုယ်ချင်း စာနာမှုတွေ များလာတယ်။ သူ့အကြောင်းလည်း ကိုယ်သိ၊ ကိုယ့်အကြောင်းလည်း သူသိတော့ ခွင့်လွှတ်လို့ရတယ်ပေါ့”

“ကြိုက်လာတာ သက်တမ်းကြာလာတော့ နားလည်မှု ပိုရလာတာပေါ့။ ဝါဆိုက ၂၅ နှစ်လည်း ရောက်လာတော့ ဘာပြောင်းလဲသွားလဲဆို စကားများလာတယ်။ နှစ်ယောက်သား ပုံလေးတွေကို ပရိသတ်တွေ သဘောကျကြတာ တွေ့တော့ ပျော်တယ်။ ဘစ်ကနီဝတ်တာတော့ သဘောမကျဘူး။ ရန်မဖြစ်ချင်လို့ တခါတလေ လျော်ပေးလိုက်ရတာ ရှိတယ်။ ကျနော် တန်ဖိုးထားရတဲ့ မိန်းကလေးမို့ တချို့ဘီကီနီနဲ့ ပုံတွေဆို မတင်စေချင်ဘူး။ သူ့ကို သတ်မှတ်ထားတဲ့ တန်ဖိုးတခု ရှိတယ်။ အဲ့ဒါတွေ ပွန်းပဲ့သွားမှာတော့ စိုးတယ်”လို့ ဖြိုးလေးက ပြောပါတယ်။

အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ရဲ့ ချစ်သူနှစ်ဦးကတော့ အနုပညာ အလုပ်တွေ အတူတူ လုပ်ကိုင်တာ တွေ့ရသလို ချစ်သူသက်တမ်းကလည်း ကြာနေပြီ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးလေးက အောင်မြင်တဲ့ Hip Hop အဆိုတော် တဦးဖြစ်ပြီး ဝါဆိုမိုးဦးကတော့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်၊ မော်ဒယ် တဦး ဖြစ်ပါတယ်။

You may also like these stories:

ကိုယ့်စိတ်ကြိုက်၊ ကိုယ်ဆိုချင်တဲ့ ပုံစံတွေနဲ့ အဆိုတော် ဖြိုးလေးရဲ့”ဘာတွေဖြစ်” တေးစီးရီး ထွက်ရှိ

အသက်အရွယ်ကြောင့် အရင်လို မဆိုးတော့ဘဲ လိမ္မာလာတဲ့ အဆိုတော် ဖြိုးလေး

ချစ်သူအဆိုတော်ဖြိုးလေးနဲ့ သီချင်းတွေတူတူဆိုထားတဲ့ ဝါဆိုမိုးဦး

Did you find apk for android? You can find new Free Android Games and apps.
Loading