Entertainment

ရေသူမ နေရာမှာ လူမည်းသရုပ်ဆောင် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို Halle Bailey တုံ့ပြန်

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Halle Bailey ဟာ ” The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး Ariel အဖြစ် သရုပ်ဆောင်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် သူရရှိခဲ့တဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် မင်းသမီး Halle ဟာ Disney ရဲ့ နောက်ဆုံးရိုက်ကူးမယ့် Live Action အမျိုးအစား ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်မယ်လို့ ပြီးခဲ့တဲ့လကပဲ ကြေညာထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မူရင်း ကာတွန်းရုပ်ရှင်ထဲက ရေသူမလေးဟာ လူဖြူဖြစ်ပြီး အခု သရုပ်ဆောင်မယ့် ရေသူမလေးဟာ လူမည်းဖြစ်နေတဲ့အတွက် ကာတွန်းဇာတ်ကောင်နဲ့ မတူဘူးဆိုပြီး ပရိသတ်တွေက စောဒက တက်ခဲ့ရာကနေ စလို့ အွန်လိုင်းပေါ်မှာ စကားစစ်ထိုးမှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

မင်းသမီးက “ဒီဇာတ်ရုပ်ဟာ ကျမအတွက်တော့ တော်တော်လေးကို ကြီးနေသလို ခံစားရပါတယ်။ ကျမ အိပ်မက်မက်နေသလို ခံစားရပါတယ်။ ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်။ မကောင်းမြင် မှတ်ချက်တွေကို ကျမ ဂရုမစိုက်ပါဘူး။ ကျမ လှအောင် နေမယ်။ အဲ့ဒီမှာ ပါဝင်ရတာ ကျမ အရမ်း စိတ်လှုပ်ရှားမိပါတယ်”လို့ Variety မီဒီယာကို ပြောဆိုခဲ့ပါတယ်။

မင်းသမီး Halle ဟာ ဘီယွန်းစေးရဲ့ Parkwood အင်တာတိန်းမန့်နဲ့ လက်မှတ်ထိုးထားတဲ့ R&B နှစ်ယောက်တွဲအဖွဲ့ Chloe x Halle မှာ ပါဝင်ရင်းနဲ့ နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။

နာမည်ကျော်ကြားသူတွေကတော့ အခုလိုမျိုး မင်းသမီးလေးဟာ ရေသူမလေးအဖြစ် ပါဝင်လာမယ့် သတင်းကို ဂုဏ်ပြုခဲ့ကြပါတယ်။ အဆိုတော် Ariana Grande ကတော့ “ကျမ ဘယ်လောက်တောင် ပျော်ပြီး စိတ်လှုပ်ရှားနေတယ် ဆိုတာ မဖော်ပြနိုင်လောက်အောင်ပါပဲ” လို့ Instagram မှာရေးသားခဲ့ပါတယ်။

မင်းသမီးလေးရဲ့ Instagram ပို့စ်မှာ မှတ်ချက်ပေး ဂုဏ်ပြုခဲ့တဲ့ အခြားသရုပ်ဆောင်တွေထဲမှာတော့ Willow Smith, Chrissy Teigen, Jordin Sparks နဲ့ Gigi Hadid တို့ပ ါဝင်ကြပါတယ်။

ဒါ့အပြင် မင်းမီးလေးနဲ့ နာမည် အသံထွက်ဆင်တူတဲ့ မင်းသမီး Halle Berry ရဲ့ ထောက်ခံအားပေးမှုကို ရရှိခဲ့တာနဲ့ ပတ်သက်လို့လည်း အရမ်းပျော်ရွှင်မိတဲ့အကြောင်း ပြောပါတယ်။ သူက “ဟုတ်ပါတယ်။ ကျမ Halle Berry ကို ချစ်ပါတယ်။ သူဟာ အတွင်းစိတ်ရော အပြင်ပန်းမှာပါ လှပတဲ့သူ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Ref. BBC

You may also like these stories:

“The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး အဖြစ် Halle Bailey သရုပ်ဆောင်မှာဖြစ်

“The Little Mermaid” ရုပ်ရှင်မှာ Prince Eric အဖြစ် Harry Styles သရုပ်ဆောင်နိုင်ဖွယ်ရှိ

Minnie Mouse နောက်ခံအသံပိုင်ရှင် Russi Taylor အသက် ၇၅ နှစ်မှာ ကွယ်လွန်

Did you find apk for android? You can find new Free Android Games and apps.
Loading