တရုတ် ဘီလီယံနာ သူဌေးထံကနေ လန်ဘိုဂီနီကား မရခဲ့ဖူးကြောင်း အဆိုတော် Hyomin ငြင်းဆို
နာမည်ကျော် K-pop အမျိုးသမီးအဆိုတော်အဖွဲ့ T-ara ထဲက အဖွဲ့ဝင် Hyomin ဟာ ပရိသတ်တချို့ ထင်ထားသလို သူ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ပရိသတ်တချို့ရဲ့အဆိုအရ အသက် ၃၀ အရွယ် အဆိုတော် Hyomin ဟာ အဝါရောင် ဖန်စီ လန်ဘိုဂီနီကား တစင်းနဲ့ မြို့တပတ် မောင်းနေတာကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ချမ်းသာတဲ့ ချစ်သူနဲ့ ချိတ်ဆက် တွေ့ရှိရမယ်လို့ ထင်ကြေးပေး ပြောဆိုတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ Radio Star အစီအစဉ်မှာတော့ သူက ထုတ်ကုန်ပစ္စည်းကြော်ငြာ တခုအတွက် ၈ လလောက် အဲ့ဒီလန်ဘိုဂီနီကားကို သူ့ကို ကုမ္ပဏီက စီးခွင့်ပြုခဲ့တာလို့ အစီအစဉ် တင်ဆက်သူတွေကို ပြောကြားခဲ့ပါတယ်။
“ကျမ အဝါရောင် စူပါကားလေးကို မောင်းခဲ့ရတယ်။ ဒါပေမဲ့ အမှန်တရားက ကျမမောင် တဝမ်းကွဲရဲ့ သူငယ်ချင်းက ကျမနဲ့ အသက်အတူတူပဲ။ သူက အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာပါ။ သူတို့က ကိုရီးယားဈေးကွက်မှာ ရောင်းချဖို့ ပြင်ဆင်နေခဲ့ချိန်ကတည်းက အဲ့ဒီကားကို ပရိုမိုးရှင်းလုပ်ဖို့ နာမည်ကျော်ကြားသူ တယောက်ကို ရှာဖွေနေတာပါ”လို့ Hyomin က ပြောပါတယ်။
ဒါ့အပြင် သူ့ရဲ့အဖွဲ့ T-ara ဟာလည်း တရုတ်ဘီလီယံနာ Wang Sicong နဲ့ လက်မှတ်ထိုးခဲ့ပြီး အဖွဲ့ဝင်တွေကို ဈေးကြီးတဲ့လက်ဆောင်တွေ ပေးတာ၊ ကြိုတင်ငွေဒေါ်လာ ၇ ဒဿမ ၅ သန်းအထိ ပေးတာတွေ လုပ်ခဲ့တယ်လို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ Hyomin ကကတော့ အဲ့ဒီ ပြောဆိုချက်တွေကို ပယ်ချလိုက်ပေမယ့် အဖွဲ့အနေနဲ့ တရုတ်ဘီလီယံနာ သူဌေးရဲ့ ကုမ္ပဏီနဲ့ လက်တွဲဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကိုရီးယား နာမည်ကျော်ကြားသူတွေက ရင်းနှီးမြှုပ်နှံသူတွေထံကနေ မျက်နှာပေး အလေးထား ခံရတာကို ကြိုက်နှစ်သက်သလား၊ မနှစ်သက်ဘူးလားဆိုတာကို သုတေသန လုပ်ခဲ့ပေမယ့် သက်သေပြစရာ မတွေ့ခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ “အဲ့ဒါတွေ အမှန်ဖြစ်ပါစေလို့ ဆုတောင်းခဲ့တာပါ”လို့ Hyomin က ဆိုပါတယ်။
အခုလိုမျိုး ရောက်တတ်ရာရာ စကားပြောတဲ့ အစီအစဉ်မှာလည်း အဖြစ်မှန် တချို့ကို ဖွင့်ဟခဲ့သလို သူနဲ့ T-ara အဖွဲ့ကို ပရိသတ်တွေက ဘာတွေ ပြောနေကြတယ်၊ အနုပညာလုပ်ငန်း ဆက်လုပ်ဖို့ အားပေးတဲ့ မှတ်ချက်တွေ အကြောင်းကိုလည်း နောက်ထပ် အင်တာဗျူးတခုမှာ ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။
T-ara အဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာပဲ သူတို့ရဲ့ အေဂျင်စီနဲ့ စာချုပ်အသစ် ထပ်မချုပ်တော့ဖို့ လုပ်ခဲ့ပြီးတဲ့နောက် Hyomin ဟာ တကိုယ်တော်အလုပ်တွေနဲ့ အလုပ်များနေသူ ဖြစ်ပါတယ်။
Ref. straitstimes