Entertainment

ဟောလိဝုဒ် ရုပ်ရှင်လောကအထိပါ အောင်မြင်မှု ရရှိကြတဲ့ ဘောလိဝုဒ် သရုပ်ဆောင်များ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ရုပ်ရှင်လောကမှာ အများဆုံး နေရာယူထားတဲ့ ဟောလိဝုဒ်နဲ့ ဘောလိဝုဒ်ရုပ်ရှင်တွေဟာ ရုပ်ရှင်ချစ်ပရိသတ် တော်တော်များများကို လွှမ်းမိုးထားနိုင်နေဆဲဖြစ်ပြီး အခုဖော်ပြပေးမယ့် သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်မှာရော ဟောလိဝုဒ်မှာပါ အောင်မြင်မှု ရယူထားနိုင်တဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

(၁) Irrfan Khan

ဘောလိဝုဒ် ရုပ်ရှင်လောကမှာလည်း ထိတ်ထိတ်ကြဲ သရုပ်ဆောင်တဦးဖြစ်သလို ဟောလိဝုဒ် ရုပ်ရှင်လောကထိပါ အောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသား Irrfan Khan ဟာဆိုရင်တော့ “Inferno” ရုပ်ရှင်ဇာတ်ကားမှာ မင်းသားကြီး Tom Hanks နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖူးသလို “Life of Pi” နဲ့ “The Amazing Spider Man” ဇာတ်ကားတွေမှာပါ ပါဝင်ဖူးသူ ဖြစ်ပါတယ်။

(၂) Priyanka Chopra

ဘောလိဝုဒ် မင်းသမီးချော Priyanka Chopra ဟာဆိုရင်တော့ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် “Baywatch” မှာ မင်းသား Dwayne Johnson ၊ Zac Efron တို့နဲ့ တွဲဖက် သရုပ်ဆောင်ကာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

(၃) Dev Patel

“Slumdog Millionare” ရုပ်ရှင်ကားနဲ့ ပရိသတ်အများစု သိကြတဲ့ မင်းသား Dev Patel ဟာဆိုရင် ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားအများစုမှာ ပါဝင်ဖူးပြီး အခုနောက်ဆုံး သူ့ရဲ့ ရုပ်ရှင် “The Wedding Guest” ဟာဆိုရင်လည်း အောင်မြင်မှုတွေ ရရှိနေပါတယ်။

(၄) Amitabh Bachchan

အိန္ဒိယ ရုပ်ရှင်လောကမှာသာမက တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ မင်းသားကြီး အမီတာ ဘဂျမ်း (Amitabh Bachchan) ဟာ ၂၀၁၃ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Great Gatsby” ရုပ်ရှင်ဇာတ်ကားမှာ မင်းသား Leonardo Dicaprio နဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

(၅) Anupan Kher

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား Bradley Cooper နဲ့ မင်းသမီး Jenifer Lawrence တို့ပါဝင်တဲ့ “Silver Linings Playbook” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အခြားသော ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Ref. IMDb

You may also like these stories:

ကင်ဆာရောဂါကို လန်ဒန်မှာ သွားကုနေရတဲ့ ဘောလိဝုဒ် မင်းသား Irrfan Khan

အာသံ ရေဘေး ဒုက္ခသည်များအတွက် မင်းသားကြီး အမီတာဘဂျမ်း ရူပီး ၅၁ သိန်း လှူဒါန်း

လန်ဒန်မြို့ရှိ Madame Tussauds ပြတိုက်မှာ Priyanka Chopra ရဲ့ ဖယောင်းရုပ်တုဖွင့်လှစ်

Did you find apk for android? You can find new Free Android Games and apps.
Loading