ရုပ်ရှင်တွေကို ကြည့်ရှုဖို့ ရွေးချယ်တဲ့အခါမှာ ပေးရတဲ့ အချိန်နဲ့ တန်အောင် Rating ကြည့်တာ၊ Spoiler မပါတဲ့ Review မျိုးတွေ ရှာဖတ်တာမျိုး စတဲ့အရာတွေကို ရုပ်ရှင်ချစ်သူတွေ ပြုလုပ်လေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ Rating အနည်းငယ်သာ ရရှိထားပေမယ့် ရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ရှုဖို့ ထိုက်တန်တဲ့ ရုပ်ရှင်တွေ စာရင်းပဲ ဖြစ်ပါတယ်။
(၁) Life Itself
“This is Us” ဆိုတဲ့ တီဗီစီးရီးကိုပဲ ဖန်တီးတင်ဆက်သူ Dan Fogelman ကပဲ ထပ်မံဖန်တီးထားတဲ့ “Life Itself” ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Drama အမျိုးအစား ရုပ်ရှင်တကားဖြစ်ပြီး Rating (6.5) ရရှိထားပါတယ်။ Abby နဲ့ Will တို့ရဲ့ရှုပ်ထွေးလှတဲ့ သမီးရည်းစား ဆက်ဆံရေးတခုကို အဓိကထား ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။
(၂) Galveston
၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ “Galveston” ရုပ်ရှင်ဟာ Crime၊ Thriller အမျိုးအစား ရုပ်ရှင်ကားဖြစ်ပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေ အတွက် တစက္ကန့်လေးတောင်မှ ပျင်းရိသွားစေမှာ မဟုတ်ပါဘူး။ Rating (6.2) ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေး နယ်ပယ်မှာ ဝေဖန်သံတွေ ဆူညံစေခဲ့တဲ့ ရုပ်ရှင် တကားလည်း ဖြစ်ပါတယ်။
(၃) Cake
မင်းသမီး Jennifer Aniston ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Drama အမျိုးအစား ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ Jennifer Aniston ဟာ၂၀၁၄ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။
(၄) The Little Stranger
၂၀၁၈ ခုနှစ်က ထွက်ရှိထားခဲ့တဲ့ “The Little Stranger” ရုပ်ရှင်ဟာ Drama အမျိးအစား ရုပ်ရှင်ကားဖြစ်ပြီး Harry Potter ရုပ်ရှင်တွေမှာ Bill Weasley အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Domhnall Gleeson ကပဲ အဓိက ဇာတ်ကောင်နေရာမှာ ပါဝင်ခဲ့တာပါ။ ကြည့်ရှုသူတွေအတွက် ရုပ်ရှင် အစကနေ အဆုံးအထိ အာရုံစိုက်ရမယ့် ရုပ်ရှင်ကား ဖြစ်ပေမယ့် စိတ်ကျေနပ်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
နောက်တကြိမ် ပြန်လည် ရိုက်ကူးမယ်ဆိုရင်တောင် လူကြိုက်များနေဦးမယ့် ရုပ်ရှင်များ
စိတ်ချောက်ချားစရာ ကောင်းတာကြောင့် အဆုံးထိ ကြည့်ဖို့ ခဲယဉ်းတဲ့ Horror ရုပ်ရှင်ကားများ