Entertainment

လက်ထပ်ပြီး ၇ လအကြာမှာ လမ်းခွဲလိုက်တဲ့ Miley Cyrus နဲ့ Liam Hemsworth

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Miley Cyrus နဲ့ မင်းသား Liam Hemsworth တို့ဟာ လက်ထပ်ပြီး ၇ လအကြာမှာပဲ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ သူတို့စုံတွဲ နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ မိသားစုတွေသာ တက်ရောက်ခဲ့တဲ့ သီးသန့် အခမ်းအနားတခုမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို သတင်းထွက်ပေါ်လာတာကတော့ အဆိုတော် Miley နဲ့ သူငယ်ချင်း Kaitlynn Carter တို့ နှစ်ယောက် အီတလီနိုင်ငံမှာ အားလပ်ရက် အပန်းဖြေခရီး ရောက်နေတုန်း ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဖြစ်ပါတယ်။ ရေကူးဝတ်စုံ ဝတ်ထားတဲ့ Miley နဲ့ Carter တို့ဟာ လှေပေါ်မှာ ဓာတ်ပုံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် Miley ရဲ့ ကိုယ်စားလှယ်က “Liam နဲ့ Miley တို့ဟာ အခုအချိန်မှာ လမ်းခွဲဖို့ သဘောတူခဲ့ကြပါတယ်။ လက်တွဲဖော်နဲ့ တဦးချင်း သီးသန့်နေမယ့် ပုဂ္ဂိုလ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး အကောင်းဆုံးဆိုတဲ့ အရာကို ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်အတွက်ကိုပဲ အာရုံစိုက်သွားကြတော့မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

Carter နဲ့အတူ အဆိုတော် Miley ရဲ့ခရီးစဉ်ဟာ မင်းသား Liam နဲ့ အိမ်ထောင်ရေးအကြောင်း ELLE မဂ္ဂဇင်းကို ပြောဆိုခဲ့ပြီး ၁ လအကြာမှာပဲ ဖြစ်ပေါ်လာတာပါ။

“ကျမ အိမ်ထောင်ကျသွားပြီဆိုတာက လူတွေကို ရှုပ်ထွေးမှု ဖြစ်စေတဲ့ အရာလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျမရဲ့ ဆက်ဆံရေးက ထူးခြားပါတယ်။ ပြီးတော့ လူတွေကို လူသိရှင်ကြား ဖွင့်ထုတ်ပြတာဟာ အရမ်းရှုပ်ထွေးလို့၊ ခေတ်ဆန်လို့လားတော့ မသိပါဘူး။ လူတွေ ရောက်နိုင်တဲ့နေရာမှာ ကျမတို့ ရှိနေတယ်လို့တော့ မထင်ပါဘူး”

“လူတွေက ကျန်းမာရေးကြောင့် သက်သက်လွတ် စားတဲ့သူ ဖြစ်လာတယ်။ ဒါပေမဲ့ ဝက်သားကျပ်ကင်က ကောင်းနေတုန်းပဲ။ ကျမက အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ကျမ အားအရဆုံး လူတယောက်လည်း ဖြစ်ပါတယ်။ ကျမက ပုံသေကားချပ် အိမ်ထောင်ရှင်မနဲ့ မလိုက်ဖက်ပါဘူး။ အဲ့ဒီစကားကိုလည်း ကျမ မကြိုက်ပါဘူး”လို့ အဆိုတော် Miley က ELLE မဂ္ဂဇင်းကို အဲ့ဒီတုန်းက ပြောဆိုခဲ့ပါတယ်။

Vanity Fair မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ ကနဦး အင်တာဗျူးတခုမှာတော့ အဆိုတော် Miley က လက်ထပ်လိုက်တာဟာ သူ့ရဲ့ လိင်နှစ်မျိုး ကြိုက်နှစ်သက်သူဆိုတဲ့ ဂုဏ်ပုဒ်က ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျမက ယောကျာ်း၊ မိန်းမအချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကျမက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိနေတုန်းပါပဲ”လို့ Miley က ဆိုပါတယ်။

Miley နဲ့ Liam တို့ဟာ “The Last Song” ဆိုတဲ့ ရုပ်ရှင်မှာ အတူတူ သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်ကစလို့ တွဲလိုက်၊ ပြတ်လိုက် ဆက်ဆံရေး ရှိခဲ့တဲ့ စုံတွဲလည်း ဖြစ်ပါတယ်။

Ref. CNA Lifestyle

Did you find apk for android? You can find new Free Android Games and apps.
Loading