ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ဝင်ငွေမှာ “Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်ကတော့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Scary Stories to Tell in the Dark” ထက် ပို အခြေအနေ ကောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ စာရေးဆရာ Alvin Schwartz ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းကို အခြေခံထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ အဖွင့်သီတင်းပတ်မှာပဲ ခန့်မှန်းချေ ဒေါ်လာ သန်း ၂၀ ဒဿမ ၈ သန်း ရရှိခဲ့ပါတယ်။
ဒါရိုက်တာ Andre Ovredal ရိုက်ကူးတဲ့ အဲ့ဒီ သည်းထိတ်ရင်ဖို ရုပ်ရှင်ဟာ ရိုက်ကူး ကုန်ကျစရိတ် ဒေါ်လာ ၂၅ သန်း ရှိခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီရုပ်ရှင်အတွက် တာထွက်ကောင်းတယ်လို့ ဆိုနိုင်မှာပါ။
ဒါရိုက်တာကြီး Guillermo del Toro ထုတ်လုပ်တဲ့ အဲ့ဒီရုပ်ရှင်ဟာ Rotten Tomatoes ရုပ်ရှင် ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာ အကောင်းမြင်မှတ်ချက် ၈၀ ရာခိုင်နှုန်း ရရှိထားပါတယ်။ “Hobbs & Shaw” ရုပ်ရှင်ကတော့ လက်မှတ် ရောင်းအား ကျဆင်းခဲ့ပေမယ့် ရုံတင်ပြီး ဒုတိယမြောက် သီတင်းပတ်စာရင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ခန့်မှန်းချေ ဒေါ်လာ ၂၅ ဒဿမ ၄ သန်း ရရှိခဲ့ပါတယ်။
အခု လောလောဆယ်အထိ ကုန်ကျငွေ ဒေါ်လာ သန်း ၂၀၀ ရှိပေမယ့် တကမ္ဘာလုံးကနေ ဝင်ငွေ ၂၄၄ ဒဿမ ၁ သန်းရရှိခဲ့ပြီဖြစ်ပါတယ်။
“The Lion King (2019)” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ သန်း ၂၀ နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ဒါရိုက်တာ Quentin Tarantino ရဲ့ “Once Upon a Time in Hollywood” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၁ ဒဿမ ၅ သန်းနဲ့ နံပါတ် ၅ နေရာကို ရောက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထူးခြားတာက Scary Stories လို အသစ်တင်တဲ့ ရုပ်ရှင်ဖြစ်တဲ့ “Dora and the Lost City of Gold” ကတော့ ဒေါ်လာ ၁၇ သန်းနဲ့ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ တင်ခဲ့တဲ့ ဒရာမာရုပ်ရှင် “The Art of Racing in the Rain” ကလည်း ဒေါ်လာ ၈ ဒဿမ ၁ သန်းရခဲ့သလို ဟာသရုပ်ရှင်ဖြစ်တဲ့ “The Kitchen (2019)” ကလည်း ဒေါ်လာ ၅ ဒဿမ ၅ သန်းနဲ့ အခြေအနေ ကောင်းခဲ့တာကိုလည်း တွေ့ရပါတယ်။
ထူးခြားချက်က တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS ရဲ့ နယ်လှည့်ဖျော်ဖြေပွဲအကြောင်း ရိုက်ကူးထားတဲ့ “Bring the Soul: The Movie” မှတ်တမ်းရုပ်ရှင်က ဒေါ်လာ ၂ ဒဿမ ၃ သန်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
Ref. aceshowbiz
You may also like these stories:
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဦးဆောင်နေတဲ့ “Hobbs And Shaw” ရုပ်ရှင်
ကမ္ဘာကျော် အက်ရှင်မင်းသားနှစ်ဦးရဲ့ “Hobbs and Shaw” ရုပ်ရှင် ရိုက်ကူးရေး စတင်နေပြီ