Entertainment

ရေဘေးသင့် ဒေသတွေအတွက် စိတ်မကောင်း ဖြစ်နေတဲ့ သင်ဇာဝင့်ကျော် 

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ရေဘေးသတင်းတွေ မြင်တွေ့နေရတာ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

“ရေလွှမ်းမိုးခံနေရတဲ့ ဒေသကသတင်းတွေ ကြည့်ရတာ တကယ်ကို စိတ်မကောင်းဘူး။ ကိုယ်တိုင်ကလည်း ကိုယ်တွေ နေတဲ့အိမ် ရေတွေ ဝင်ဖူးတယ်။ တော်တော်ကို ဒုက္ခရောက်တာ။ သူများတွေက အိမ်တွေ ရေလွှမ်းသွားတာ ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ ကိုယ်ချင်းစာလို့ရတယ်”

“ကိုယ်တွေလို ဘုရားတရား အရမ်းလုပ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ လူတိုင်းကိုလည်း ဘုရားတရား ပိုလုပ်ပြီး ကောင်းတာလေးတွေ ပိုလုပ်စေချင်တယ်။ ဒီလိုသတင်းတွေ အရင်ကလည်း သိပ်လည်း မကြားဖူးဘူး။ ဖြစ်လည်း မဖြစ်စေချင်ဘူး။ စိတ်လည်း မကောင်းဘူး။ ဘာဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားစေချင်တယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဆက်လက်ပြီး သင်ဇာဝင့်ကျော် ရေဘေးသင့်ဒေသတွေကို ကိုယ်တိုင် မသွားနိုင်ပေမယ့် အခွင့်အရေးရရင် ငွေအားနဲ့ ကူညီဖို့ရှိတယ်လို့ ဆိုပါတယ်။

“မုန်တိုင်းက တလုံးပဲ ရှိသေးတာ။ နောက် ၂ လုံး ကျန်သေးတယ်။ ရန်ကုန်လည်း ဘယ်လို ဖြစ်မလဲ မသိသေးတော့ အိမ်အောက်က ပစ္စည်းတွေလည်း နေရာတွေ ရွှေ့ပေါ့။ ဒုက္ခရောက်နေတဲ့ နေရာတွေကို ကိုယ်တိုင် မကူညီနိုင်ပေမယ့် ကူညီဖို့ အခွင့်အလမ်းတွေ ရလာရင် ငွေအားနဲ့ ကူညီဖို့ရှိပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူပါဝင်ထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကား မကြာခင် ရုံတင်ဖို့ ရှိနေပြီး အဲဒီဇာတ်ကားမှာ ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဖက်ရှင်တွေ ဝတ်ဆင်ခဲ့လို့ တချို့ ဇာတ်ဝင်ခန်းတွေ ဆင်ဆာ ဖြတ်ခံရတယ်လို့ ဆိုပါတယ်။

“အချစ်ဆုံး Crush ရိုက်ထားတာတော့ နည်းနည်း ကြာပြီ။ Crush ကားမှာလည်း အကုန်လုံးက ကြိုးကြိုးစားစား သရုပ်ဆောင်ထားတဲ့အတွက် ရိုမန့်စ်ကားကောင်းလေး ကြည့်ချင်ရင်တော့ Crush ရုံတင်ရင် ကြည့်ကြပါလို့။ အဲ့ကားထဲမှာ ကာရိုက်တာ အမိုက်စား၊ သူဌေးသမီး၊ နည်းနည်းဆိုးတဲ့ ကာရိုက်တာဆိုတော့ ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဝတ်တာပဲ”

“တချို့အခန်းတွေ ဆင်ဆာ ဖြတ်ခံရတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဝတ်တာကလည်း ကာရိုက်တာ ဝင်အောင် ဝတ်တာလေ။ မိန်းကလေးတွေလည်း အခုခေတ်မှာ ရင်ဘတ် အဟိုက်တွေ၊ ဘောင်းဘီတိုတွေ ဝတ်နေကျပဲ။ ဘောင်းဘီတို ဝတ်တယ် ဆိုတာကလည်း အထူးအဆန်း မဟုတ်တော့ဘူး။ အကုန်လုံး ကလည်း Club သွားရင် လုံလုံခြုံခြုံ မသွားကြဘူး”

“မပေါ့တပေါ်လေးတွေ ဝတ်ပြီးပဲ သွားကြတာဆိုတော့ ကိုယ်လည်း ကလပ်သွားတဲ့ အခန်းမှာ ဝတ်တာ ပေါ်တယ်ဆိုပြီး ဆင်ဆာ ဖြတ်ခံရတယ်။ အဲ့အတွက် စိတ်မကောင်းဘူး။ မင်းသမီး ၃ ယောက်ပါတာ၊ ကိုယ်မှ ကိုယ်ပါတဲ့ အခန်းတွေ လျော့သွားတော့ စိတ်မကောင်းဘူး။ အဲ့လို ဆင်ဆာဖြတ်လိုက်တော့ ကာရိုက်တာ အတွက် ကြိုးစားတာ အရာ မဝင်ဘူး ဖြစ်သွားတယ် ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဖက်ရှင်တွေမှာ အမြဲ Sexy ကျကျ ဝတ်ဆင် ပွဲတက်လေ့ရှိပြီး ခန္ဓာကိုယ် အလှအပကို အသားပေးကာ ဝတ်ဆင်တတ်ပါတယ်။ မကြာခင်မှာလည်း သူပါဝင် သရုပ်ဆောင်ထားတဲ့ “အချစ်ဆုံး Crush” ဆိုတဲ့ ရုပ်ရှင်ကား ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

“မင်္ဂလာဆောင်ရင် ခမ်းခမ်းနားနား မဆောင်ချင်ဘူး၊ ပိုက်ဆံတွေကို လှူလိုက်ချင်တယ်”

“ရည်းစားနဲ့ ပြတ်သွားတာ အတွေ့အကြုံ ရတယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်

“ပရိသတ်တွေ တောင်းဆိုကြလို့ ဖက်ရှင်တွေ သိပ်မဖော်ဖြစ်ဘူး”လို့ သင်ဇာဝင့်ကျော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading