Entertainment

ကွယ်လွန်သူ မင်းသမီး ဆရီဒေဝီရဲ့ မွေးနေ့မှာ အမှတ်တရစကား ဆိုကြတဲ့ အနုပညာရှင်များ

တကယ်လို့ ဘောလိဝုဒ် မင်းသမီး ဆရီဒေဝီ (Sridevi) သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် သြဂုတ်လ ၁၃ ရက်နေ့ဟာ သူ့ရဲ့ အသက် ၅၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မင်းသမီးဟာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နှလုံးရောဂါနဲ့ ရုတ်တရက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့၊ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ မင်းသမီး Janhvi Kapoor နဲ့ မင်းသား Anil Kapoor ရဲ့ ဇနီး Sunita တို့ဟာ မင်းသမီးရဲ့ မွေးနေ့အတွက် လွမ်းဆွတ် အမှတ်တရ စကားတွေကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တင်ခဲ့ပါတယ်။ Instagram မှာ မင်းသမီး Janhvi က သူ့ရဲ့ မိခင် ဆရီဒေဝီရဲ့ပုံကို တင်ခဲ့ပြီးတော့ “ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပါ မေမေရေ။ သမီး မေမေ့ကို ချစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

မင်းသမီး Priyanka Chopra နဲ့ မော်ဒယ် Dia Mirza တို့လည်း အဲ့ဒီပို့စ်မှာ အသည်းပုံ emoji တွေကို ချန်ထားခဲ့ပြီး မင်းသမီး ဆရီဒေဝီနဲ့ ရင်းနှီးတဲ့ ဖက်ရှင်ဒီဇိုင်နာ Manish Malhotra ကလည်း အဲ့ဒီလို အသည်းပုံလေးတွေကို ချန်ထားခဲ့ပါတယ်။

ဖက်ရှင်ဒီဇိုင်နာ Sunita Kapoor ကတော့ မင်းသမီးနဲ့ အတူတူ ရိုက်ထားခဲ့ဖူးတဲ့ ဓာတ်ပုံ တပုံနဲ့အတူ ပို့စ် တခုကို တင်ခဲ့ပါတယ်။ အဲ့ဒီ ပို့စ်မှာတော့ “အမှတ်တရတွေက အမြဲထူးခြားနေပါတယ်။ တခါတလေ ကျမတို့အတူတူ ငိုခဲ့ဖူးတဲ့ အချိန်တွေကို အမှတ်ရရင်း ရယ်မိခဲ့ပါတယ်။ ပြီးတော့ ကျမတို့ ရယ်ခဲ့ဖူးတဲ့ နေ့ရက်တွေကို သတိရပြီး ငိုခဲ့ရပါတယ်။ ဒါဟာ ဘဝပါပဲ။ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပါ ဆရီရေ။ ရှင့်ကို အရမ်းလွမ်းပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ Kapoor မိသားစုဝင် တော်တော်များများနဲ့ အခြားဘောလိဝုဒ် နာမည်ကျော်တွေက မိခင်များနေ့၊ မင်းသမီးရဲ့ ၅၅ နှစ်ပြည့်မွေးနေ့နဲ့ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့တို့မှာ လွမ်းဆွတ် အမှတ်တရ စကားတွေ ပြောခဲ့ပါတယ်။

မင်းသမီး ဆရီဒေဝီရဲ့ သမီးဖြစ်သူ Janhvi က သူ့မွေးနေ့မှာ “ ကျမရဲ့ မွေးနေ့မှာ အားလုံးကို တောင်းဆိုချင်တဲ့ တခုတည်းသော အရာက ရှင်တို့ရဲ့ မိဘတွေကို ချစ်ကြဖို့ပါပဲ” လို့ Instagram မှာ တင်ခဲ့ပါတယ်။ Janhvi ဟာ သူ့ရဲ့မိခင်ကွယ်လွန်ပြီး လအနည်းငယ်အကြာမှာ “Dhadak” ဆိုတဲ့ ရုပ်ရှင်နဲ့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပါတယ်။

မင်းသမီး ကွယ်လွန်ခဲ့တဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည်မှာ Farah Khan, Sonam Kapoor, Shabana Azmi, Shekhar Kapur နဲ့ အခြား အနုပညာရှင်တွေကလည်း အမှတ်တရ စကားတွေ ဆိုခဲ့ကြပါတယ်။

Ref. hindustantimes

You may also like these stories:

၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ ကမ္ဘာကျော်များ

Loading