Entertainment

အပြာမင်းသမီးဟောင်း Sasha Grey အကြောင်း သင်မသိသေးတဲ့ အချက်များ

အပြာရုပ်ရှင် လောကကနေ အနားယူလိုက်ပြီ ဖြစ်တဲ့ မင်းသမီး Sasha Grey ကို အမျိုးသားတော်တော်များများ သိကြပါလိမ့်မယ်။

သူဟာ အခြား အပြာမင်းသမီးတွေလို မဟုတ်ဘဲ အခြား အနုပညာလုပ်ငန်းတွေ အများကြီးကိုလည်း လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ အပြာရုပ်ရှင်လောကမှာတော့ ပရိသတ်ရှာဖွေမှု အများဆုံး မင်းသမီးတယောက်ဆိုရင်လည်း မမှားပါဘူး။ အခုချိန်မှာတော့ အပြာရုပ်ရှင်လောကကနေ ရပ်နားလိုက်ပြီဖြစ်တဲ့ Sasha Grey ရဲ့ သင်မသိသေးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

 

(၁) စာရေးသူ

Sasha ဟာ သူ့ရဲ့ ပထမဆုံးစာအုပ်ကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ “The Juliette Society” လို့ အမည်ရတဲ့ သူ့ရဲ့ ပထမဆုံး ဝတ္ထုတိုစာအုပ်မှာ အပြာလောကကို စတင်ရောက်ရှိခဲ့တဲ့ အကြောင်းတွေကို ရေးသားထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း စာအုပ်တွေ ဆက်လက် ထွက်ရှိနေပြီး အပြာရုပ်ရှင်လောကသားတွေအကြောင်းနဲ့ အခက်အခဲတွေကို ရေးသားထားတယ်လို့ သိရပါတယ်။

(၂) DJ

အပြာရုပ်ရှင်လောက ကနေ အသက် ၂၁ နှစ်မှာ အနားယူခဲ့တဲ့ Sasha ဟာ DJ အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ နယ်လှည့်ခရီးတွေနဲ့ သွားရောက် ဖျော်ဖြေခြင်းတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ခင်ပွန်းလောင်းက ခရီးသွား ပရောဂျက်တွေမှာ ပါဝင်လာတာကြောင့် ၂၀၁၃ ခုနှစ်မှာ DJ လုပ်ခြင်းကနေ ရပ်နားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာတော့ အဲဒီခင်ပွန်းလောင်းက သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ အပြာလောကကို ပြန်လည် ဝင်ရောက်ဖို့ ဖိအားပေးတာတွေကြောင့် လမ်းခွဲခဲ့ပါတယ်။

(၃) ခွေးချစ်သူ

Sasha ဟာ ခွေးချစ်တတ်သူ တယောက် ဖြစ်ပြီး သူ့ရဲ့ Instagram စာမျက်နှာမှာ သူနဲ့ သူ့ရဲ့ ခွေးရဲ့ ပုံတွေကို မကြာခဏ တင်လေ့ ရှိပါတယ်။ ဒိုဘာမင် အမျိုးအစားဖြစ်တဲ့ အဲဒီခွေးကို “The Thing” ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် အမည် ဖြစ်တဲ့ “MacReady” လို့ နာမည်ပေးထားပြီး ခွေးအတွက် လူမှုကွန်ရက်စာမျက်နှာပါ ဖွင့်ထားပေးပါတယ်။

အပြာလောကကနေ အနားယူပြီး နောက်မှာတော့ သူဟာ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ စတဲ့ အလုပ်တွေကို လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

Ref. Dailydot.com

You may also like these stories:

ဂျပန်အပြာမင်းသမီးဟောင်းရဲ့ ကလေးမီးဖွားမှု Live ထုတ်လွှင့်ချက်ကို ကြည့်ရှုသူ သိန်းချီရှိ

ဂျပန် အပြာမင်းသမီးဟောင်း Sora Aoi ပထမဆုံး ကိုယ်ဝန်လွယ်ထားရ

Suicide လုပ်ပြီးနောက် ငွေကြေး အထောက်အပံ့ လိုအပ်နေတဲ့ အပြာမင်းသမီး Honey Gold

Loading