တရုတ် စူပါစတား မင်းသား ဂျက်လီဟာ သူနဲ့ ပရိသတ်တဦး ရိုက်ကူးထားတဲ့ ပုံတပုံကို အွန်လိုင်းမှာ ပြန်တင်ခဲ့ပြီးနောက် ကျန်းမာရေး အခြေအနေ တော်တော်လေး ကောင်းနေပြီ ဆိုတာကို မြင်တွေ့ခဲ့ကြရပါတယ်။
အသက် ၅၆ နှစ်အရွယ် မင်းသား ဂျက်လီဟာ နှစ်ပေါင်းများစွာကြာ သိုင်းရွိုက်အကျိတ် အလုပ်လုပ်လွန်းတဲ့ ဝေဒနာကို ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ ၁၅ လလောက်တုန်းက တော်တော်လေးကို အိုမင်းရင့်ရော်သွားတဲ့ ပုံစံနဲ့ သူ့ကို ဓာတ်ပုံ တပုံမှာ မြင်တွေ့ခဲ့ရပြီးနောက် ကမ္ဘာတဝန်းလုံးမှာ လူပြော များသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ ဘေဂျင်းမြို့သား မင်းသား ဂျက်လီက သိုင်းရွိုက် အလုပ်လုပ်လွန်းတဲ့ ဝေဒနာကို ခံစားနေရကြောင်းနဲ့ သူ့ရဲ့ရောဂါအတွက် ဆေးကုသမှုကိုလည်း ခံယူနေတယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
Hyperthyroidism လို့ခေါ်တဲ့ အဲ့ဒီရောဂါဟာ လူခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဗေဒနဲ့ နှလုံးခုန်နှုန်းမှာ အပြောင်းအလဲတွေ ဖြစ်စေနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ မင်းသားရဲ့ အားအင်ချိနဲ့ အိုမင်းရင့်ရော်နေတဲ့ ပုံစံကြောင့် အင်တာနက် လူမှုအသိုက်အဝန်းတွေပေါ်မှာ အံ့သြသင့်ခဲ့ကြပြီးတဲ့နောက် အခုထွက်ပေါ်လာတဲ့ ပုံတပုံမှာဆိုရင် ပရိသတ်တွေက သူ့ကို မမှတ်မိနိုင်လောက်အောင် ငယ်ရွယ်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
မင်းသားဟာ လွန်ခဲ့တဲ့နှစ်က ပုံစံနဲ့ ယှဉ်မယ်ဆိုရင် အခုပုံထဲမှာ နှစ်ပေါင်း ၂၀ လောက် ပိုငယ်သွားတဲ့ပုံစံကို မြင်တွေ့ခဲ့ကြရပါတယ်။ အဲ့ဒီ ပရိသတ်တဦးနဲ့ ရိုက်ထားတဲ့ပုံအရ ပြောရမယ်ဆိုရင် ကျန်းမာရေး တော်တော် ကောင်းမွန်နေပြီဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
အညိုရင့်ရောင်ဆံပင်၊ ဦးထုပ်၊ နေကာမျက်မှန်တွေနဲ့ မြင်တွေ့ခဲ့ရတဲ့ မင်းသားဂျက်လီဟာ ကင်မရာရှေ့မှာ ပြုံးပြနေပြီး အင်တာနက် အသုံးပြုသူတွေကတော့ သူ့ရဲ့ ငယ်ရွယ်တဲ့ ပုံပန်းသဏ္ဍာန်ကို မြင်တွေ့ရလို့ ကျေနပ်နေကြပါတယ်။
မှတ်ချက်ပေးသူတဦးက “ဒီဓာတ်ပုံကို လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ရိုက်ခဲ့တာကို ထင်ထားခဲ့တာပါ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က တော်တော်လေးကို ထူးခြားပါတယ်”လို့ ရေးသားခဲ့ပါတယ်။
အဲ့ဒီ ဓာတ်ပုံအရ မင်းသားဟာ ရောဂါကို အတော်အတန် ထိန်းချုပ်နိုင်နေပြီဆိုတဲ့ သက်သေ ဖြစ်ပါတယ်။ တချိန်တုန်းက အမျိုးသားအဆင့် ဝူရှူးချန်ပီယံဖြစ်ခဲ့တဲ့ မင်းသားဟာ ဒီထက်ပိုပြီး ကျန်းမာရေးကောင်းလာမယ်ဆိုရင် အက်ရှင်ရုပ်ရှင်တွေနဲ့ ပြန်လာမှာလားဆိုတာကို ပရိသတ်တွေကတော့ သိချင်နေကြပြီဖြစ်ပါတယ်။
မင်းသား ဂျက်လီဟာ ၂၀၂၀ ပြည့်နှစ်မှာ ဖြန့်ချိမယ်လို့ ခန့်မှန်းရတဲ့ Disney ရဲ့ “Mulan” ရုပ်ရှင်မှာ တရုတ်ဧက္ကရာဇ်ကြီး အဖြစ် ပါဝင်ထားပါတယ်။
Ref. Asiaone
You may also like these stories:
အနုပညာလောကထဲ ဝင်စမှာ ၁၈ ဒေါ်လာနဲ့ ချွတ်ခြုံကျခဲ့ပေမယ့် လက်မလျှော့ခဲ့တဲ့ Donnie Yen
တရုတ်မင်းသမီး Liu Yifei ပါဝင်ထားတဲ့ “Mulan” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိ
သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိကြတဲ့ အာရှမင်းသား ၆ ဦး
လျှို့ဝှက် လက်ထပ်လိုက်ပြီလို့ သတင်းထွက်လာတဲ့ မင်းသား စတီဖင်ချောင်