အဆိုတော် Miley Cyrus နဲ့လမ်းခွဲလိုက်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ခင်ပွန်း မင်းသား Liam Hemsworth ဟာ ဇနီးအတွက် ဆိုရှယ်မီဒီယာပေါ်မှာ ဆုမွန်ကောင်းတောင်းပေးခဲ့တာကို တွေ့ရပါတယ်။
“Hunger Games” မင်းသား Liam က ကမ်းခြေတခုရဲ့ ဆည်းဆာဓာတ်ပုံတပုံကို သူ့ရဲ့ တရားဝင် Instagram အကောင့်မှာ သြဂုတ်လ ၁၃ ရက်နေ့ အစောပိုင်းမှာ တင်ခဲ့ပါတယ်။ ပုံစာမှာကတော့ အဆိုတော်၊ မင်းသမီး Miley နဲ့ တနှစ်နီးပါးကြာမြင့်ခဲ့တဲ့ အိမ်ထောင်ရေး အဆုံးသတ်သွားပြီ ဆိုတာ ပေါ်ပေါ်လွင်လွင်ရေးသားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
မင်းသားက “အားလုံးပဲ ဟိုင်းပါ။ Miley နဲ့ ကျနော် မကြာသေးခင်တုန်းက လမ်းခွဲလိုက်ပြီဆိုတာကို အမြန်ဆုံး ပြောချင်ခဲ့တာပါ။ ကျန်းမာရေးနဲ့ ရှေ့လျှောက် သူပျော်ရွှင်ဖို့ကလွဲရင် ကျန်တာဘာမှ ဆုမတောင်းလိုတော့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက People မဂ္ဂဇင်းကနေ ဆယ်စုနှစ်တခုနီးပါးကြာ တွဲလိုက်ပြတ်လိုက် ဖြစ်လာခဲ့ပြီး၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာလက်ထပ်ခဲ့ကြတဲ့ သူတို့စုံတွဲနှစ်ဦးဟာ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့အကြောင်း ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

Miley ရဲ့ ကိုယ်စားလှယ်တဦးကတော့ “ဒီအချိန်မှာ Liam နဲ့ Miley တို့ဟာ လမ်းခွဲဖို့ သဘောတူညီခဲ့ကြတာပါ” ဆိုပြီး လူသိရှင်ကြားကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်သူတို့စုံတွဲနှစ်ယောက်လုံးထံကနေ သီးသန့် အတည်ပြုချက်ရယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။
Instagram မှာတင်ခဲ့တဲ့ ပုံစာအရ အသက် ၂၉ နှစ်အရွယ် မင်းသား Liam ဟာ သူတို့နှစ်ယောက်လမ်းခွဲ လိုက်တဲ့ အကြောင်းကို မေးလာတဲ့ မီဒီယာတွေထဲကနေ ရွေးချယ်ခဲ့တဲ့ Daily Mail Australia မီဒီယာကို ပြောကြားခဲ့ပုံရပါတယ်။ သူက “အဲ့ဒါ ဘာနဲ့ တူသလဲဆိုတော့ ခင်ဗျားတို့ နားလည်မှာမဟုတ်ပါဘူး” လို့ဆိုပါတယ်။
မင်းသားက “ဒါဟာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပါတယ်။ ကျနော်လုပ်ခဲ့တာမျိုး ကျနော့်ကို လုပ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ ဂျာနယ်လစ်တွေနဲ့ မီဒီယာတွေဆီကိုလည်း မှတ်ချက်မပေးချင်ပါဘူး။ ကျနော်ပြောတယ်လို့ ဆိုတဲ့ သတင်းတွေဟာလည်း အမှားတွေပါ။ အေးချမ်းပါစေ။ ချစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
သူတို့စုံတွဲနှစ်ဦးဟာ အိမ်ထောင်သက်တမ်း ၇ လရှိခဲ့ပေမယ့် ကလေးရရှိတာမျိုး မရှိခဲ့ပါဘူး။
Ref:CNN
You may also like these stories:
လက်ထပ်ပြီး ၇ လအကြာမှာ လမ်းခွဲလိုက်တဲ့ Miley Cyrus နဲ့ Liam Hemsworth
လွတ်လပ်ခွင့်ကို အနှောင့်အယှက်မပေးကြဖို့ ပရိသတ်ကို Miley Cyrus သတိပေး
ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးရုံတက်ခဲ့ရတဲ့ မင်းသား Liam Hemsworth
လက်ထပ်လိုက်ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ Liam Hemsworth နဲ့ Miley Cyrus
ခရစ္စမတ်ကို အတူ ဖြတ်သန်းခဲ့ကြတဲ့ Liam Hemsworth နဲ့ Miley Cyrus