Entertainment

ချစ်သူသက်တမ်း ၂နှစ်ပြည့်ခါနီးမှာ ချစ်သူနဲ့လမ်းခွဲခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးက လက်ရှိမှာ ချစ်သူဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပြီး ချစ်သူသက်တမ်း ၂နှစ်ပြည့်ခါနီးမှာ လမ်းခွဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောရရင် ချမပြချင်ဘူး။ တော်တော်လေး သံယောဇဉ်ဖြစ်လာပြီးမှ နှစ်ယောက်စလုံး အတွက် အကောင်းဆုံးဖြစ်မယ်ထင်လို့ လုပ်လိုက်တာပါ။ သူ့မိသားစုတွေနဲ့လည်း အရမ်းရင်းနှီးနေပြီ၊ ဘာကြောင့်ရယ် ဘယ်သူမှားတယ်၊ မှန်တယ်လို့လည်း နေခြည် ပြောမှာ မဟုတ်ဘူး၊ ကောင်းကောင်းမွန်မွန်ပဲ Relationship က အဆုံးသတ်သွားတာပါ”

“နှစ်ယောက်လုံး ဒီထက်ကောင်းမွန်တဲ့ ဘဝတွေကို ရွေးချယ်ကြရတယ်လို့ပဲ နေခြည် မြင်ပါတယ်။ အချစ်ပေါ်မှာ တယောက်နဲ့တယောက်ခံယူချက် မတူတော့လို့ နေခြည်တို့ လမ်းခွဲလိုက်တာပါ၊ ချစ်သူသက်တမ်း ၂နှစ်ပြည့်ခါနီးမှာ လမ်းခွဲ လိုက်တာပေါ့”

“ ဒီကိစ္စအတွက် သူရော နေခြည်ရော နောင်တမရပါဘူး၊ အခုချိန်မှာတော့ အရမ်းခံစားရတာပေါ့၊ သူသွားမယ့် လမ်းရွေးချယ်မှု၊ ကိုယ်သွားမယ့် လမ်းရွေးချယ်မှုအတွက် ဒီလမ်းက အဆင်ပြေဆုံးပေါ့”လို့ နေခြည်ဦးက ပြောပါတယ်။

အနုပညာအလုပ်တွေကို ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားလာတဲ့နေခြည်ဦးက “အိမ်မက်တွေမိုးထားတဲ့ အိမ်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

“အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်ကားက နေခြည် ပထမဆုံး ဇာတ်လမ်းတွဲဖြစ်လို့ ရင်ခုန်ပါတယ်။ နေခြည် ကိုယ်တိုင်လည်း ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ်တော့ ဒီလိုကမ်းလှမ်းခံရတာ အရမ်းဝမ်းသာတယ်၊ ကာရိုက်တာလေးက အိမ်ရဲ့ သမီးအကြီးဆုံး မိသားစုအတွက် ပေးဆပ်တယ်၊ နောက်ဆုံးသူရမယ့် ရလာဒ်က ဘာလဲပေါ့”

“ ကိုယ်တိုင်လည်း အိမ်မှာ သမီးအကြီးဆုံးဆိုတော့ နေခြည် Feel လာလို့ လက်ခံလိုက်တာပါ။ နေခြည်နဲ့ အဝင်းနဲ့ ဒီကားထဲမှာ သမီးရည်းစားအနေနဲ့ သရုပ်ဆောင်ရမယ်၊ ဇာတ်လမ်းတွဲကို ၁၀ လပိုင်းမှာ စရိုက်မှာပါ။ နေခြည့် အနေနဲ့ ဖက်ရှင်တွေလည်းပြင်ဆင်ထားပါတယ်။ ဒီကားလေးကို အကောင်းဆုံးကြိုးစားမှာမို့ လွှင့်ရင်လည်း အားပေးစေချင်ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

Beauty Blogger နေခြည်ဦးဟာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာသူတဦးဖြစ်သလို ရုပ်ရှင်ကားကြီးတွေရိုက်ပြီး မင်းသမီးအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။

You may also like these stories:

“Rosella” ရုပ်ရှင်မှာ ဒေါင်းနဲ့အတူ ပါဝင် သရုပ်ဆောင်မယ့် နေခြည်ဦး

နေခြည်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်

ဖက်ရှင်တွေကို အမြဲတမ်း မျက်ခြေမပြတ် လေ့လာနေတဲ့ နေခြည်ဦး

Loading