Entertainment

Katy Perry က လိင်ပိုင်းဆိုင်ရာ အသားယူမှု ရှိခဲ့တယ်လို့ အမျိုးသား မော်ဒယ်တဦး ထုတ်ပြော

အမေရိကန်အဆိုတော် Katy Perry ရဲ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Teenage Dream” ဆိုတဲ့ သီချင်းဗီဒီယိုမှာ သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်က Katy Perry ကို လိင်ပိုင်းဆိုင်ရာ အသားယူမှုရှိတယ်လု့ိ စွပ်စွဲပြောဆိုလိုက်ပါတယ်။ Josh Kloss လို့ အမည်ရတဲ့ အဲဒီမော်ဒယ်ဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလို စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“သီချင်းထွက်ပြီး ၂ နှစ်ကြာတော့ ပါတီတခုမှာ ကျနော်တို့ ပြန်တွေ့ကြတယ်။ အဲဒီပါတီမှာ သူနဲ့ သူ့သူငယ်ချင်းတွေက ကျနော့် ဘောင်းဘီနဲ့ အတွင်းခံကို ချွတ်ခိုင်းပြီး လိင်အင်္ဂါကို ပြသခိုင်းတယ်။ ကျနော်အရမ်း ဝမ်းနည်းပြီး ရှက်ခဲ့ရတယ်”လို့ အဲဒီ အမျိုးသား မော်ဒယ်က စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Josh Kloss ဟာ သီချင်းထွက်တာ ၉ နှစ်ပြည့်တဲ့ နေ့မှာ အခုလို ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။ “အစပိုင်းမှာတော့ ကျနော်က ဒီသချင်း နှစ်ပတ်လည်အတွက် ဂီတာတီးပြီး သီချင်းဆိုမလို့ဗျ။ သေချာပြန်တွေးကြည့်တော့ စိတ်ပျက်သွားတယ်။ ကျနော့် မဆိုချင်တော့ဘူး။ ကျနော်က သူ့ကောင်းကြောင်းကို ဟန်ဆောင်ပြီးတောင် မပြောနိုင်တော့ဘူး”လို့ ပြောပါတယ်။

Josh Kloss က အခုလို စွပ်စွဲနေပေမယ့် ၂၀၁၂ ခုနှစ်က ပါတီကို ကျင်းပခဲ့တဲ့ Wujek ကတော့ “ကျနော့် သူငယ်ချင်းက ဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဒါက အဓိပ္ပာယ် မဲ့လွန်းတယ်”လို့ သူ့ရဲ့ Instagram စာမျက်နှာမှာ ပြန်လည် ချေပထားပါတယ်။ Katy Perry ရဲ့ ပရိသတ်တွေကတော့ အခုလို စွပ်စွဲပြောဆိုတာတွေကို မကျေမနပ် ဖြစ်နေကြပါတယ်။

အဆိုတော် Katy Perry အနေနဲ့ အခုလို လိင်ပိုင်းဆိုင်ရာ အသားယူတယ်ဆိုပြီး စွပ်စွဲခံရတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ American Idol မှာ ဒိုင်လုပ်နေစဉ်ကနေ ပြိုင်ပွဲလာဝင်တဲ့ ဆယ်ကျော်သက်တဦးဆီကလည်း First Kiss ကို တောင်းယူနမ်းခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရပါသေးတယ်။

Ref. buzzfeednews

You may also like these stories:

အဆိုတော် ကေတီပယ်ရီက ခရစ်ယာန် Rap သီချင်းကို ကူးချခဲ့တယ်လို့ တရားရုံးအမိန့်ချ

စေ့စပ်ပါတီပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ Orlando Bloom နဲ့ Katy Perry

ပရဟိတငွေ လှူဒါန်းဖို့ ချစ်သူ Orlando Bloom နဲ့ နေ့လယ်စာစားခွင့် လေလံပစ်ခဲ့တဲ့ Katy Perry

Loading