ဟောလိဝုဒ် စူပါဟီးရိုးရုပ်ရှင် တကားမှာ ပထမဆုံး အာရှသား စူပါဟီးရိုး ခေါင်းဆောင် မင်းသားအနေနဲ့ သရုပ်ဆောင်မယ့် မင်းသား Simu Liu ကတော့ ရုပ်ဆိုးတယ်ဆိုတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခံနေရတယ် လို့ သိရပါတယ်။
ဒါပေမဲ့ Marvel ရဲ့ “Shang-Chi And The Legend Of The Ten Rings” ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Liu ကတော့ အခုလိုမျိုး အဖြစ်အပျက်ဟာ သူ့ကို သင်ကြားပြသနေတယ်လို့ ခံယူထားတဲ့အကြာင်း ပြောဆိုထားပါတယ်။
သတင်းထောက်တယောက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ရှိတဲ့ လမ်းမထက်မှာ လူတွေကို မင်းသား Liu ဟာ အဲ့ဒီဇာတ်ရုပ်အတွက် ရုပ်ဆိုးလွန်းသလားဆိုတဲ့ မေးခွန်းတွေကို Asian Boss YouTube ချန်နယ်က မေးမြန်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ဗီဒီယိုနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာ ပို့စ်တခုမှာ မင်းသားက ပြောဆိုထားတာဖြစ်ပါတယ်။
အဲ့ဒီ ဗီဒီယိုဖိုင်အရ မင်းသား Liu နဲ့အတူ သူနဲ့ တွဲဖက် သရုပ်ဆာင်မယ့် မင်းသမီး Awkwafina တို့ဟာလည်း ရုပ်ဆိုးတယ်လို့ မှတ်ချက်ပြုခံရပြီး မင်းသားရဲ့မျက်နှာဟာ တရုတ် အမျိုးသားတွေရဲ့ ခေါက်ရိုးကျိုး ပုံစံတခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသားကတော့ သူ့ ဘဝတလျှောက်လုံးမှာ သူနဲ့ ပတ်သက်လို့ မေးခွန်ထုတ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အကြိမ်ပေါင်းများစွာ ရုပ်ဆိုးတယ်လို့ အပြောခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
“ကျနော်ကြုံဖူးတဲ့ ဆရာတော်တော်များများဖြစ်တဲ့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ စာရေးဆရာတွေနဲ့ တွဲဖက်သရုပ်ဆောင်တွေက ကျနော့်ရဲ့ သရုပ်ဆောင် စွမ်းရည်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ မရေအတွက်နိုင်လောက်အောင် အစီအစဉ်တွေ၊ ရုပ်ရှင်တွေကနေလည်း ငြင်းပယ်ခံခဲ့ရပါတယ်။ ကျနော့်ဘဝ အနုပညာလုပ်ငန်းမှာ ခြေလှမ်းတခု စီတိုင်းမှာ နောက်ကောက်ကျကျန်ခဲ့ရပါတယ်”လို့ မင်းသားက သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ပြောဆိုထားပါတယ်။
ဒါပေမဲ့ သူဟာ သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ယုံကြည်ပြီး တခြားသူတွေက သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ အဓိပ္ပါယ်သတ်မှတ်တာပဲဖြစ်ဖြစ် လက်မခံဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူနဲ့ ပတ်သက်တဲ့ အဆိုးမြင်စကားတွေကိုလည်း နားထောင်လေ့ မရှိဘူးလို့ ဆိုပါတယ်။
“ကျနော်က ကျနော့်အလုပ် ကျနော် လုပ်နေတာပါ။ ဒီလိုမျိုး အံ့သြလောက်တဲ့ အခွင့်အလမ်းကိုရလို့ အရမ်း ပျော်ပါတယ်။ ကျနော့်ကို ပျက်စီးအောင် ပြောတဲ့အသံတွေကို ဂရုမစိုက်ပါဘူး”လို့ မင်းသားက ဆိုပါတယ်။ “Shang-Chi And The Legend Of The Ten Rings” ရုပ်ရှင်မှာ ဟောင်ကောင်မင်းသား Tony Leung လည်း ပါဝင်လာမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ရုံတင်မယ်လို့ သိရပါတယ်။
Ref. CNA Lifestyle
You may also like these stories:
စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves
ရေသူမ နေရာမှာ လူမည်းသရုပ်ဆောင် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို Halle Bailey တုံ့ပြန်
“The Little Mermaid” ရုပ်ရှင်မှာ Prince Eric အဖြစ် Harry Styles သရုပ်ဆောင်နိုင်ဖွယ်ရှိ