ဟောလိဝုဒ် မင်းသားကြီး ရစ်ချက်ဂီရိ (Richard Gere) ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က စပိန်နိုင်ငံရဲ့ NGO သင်္ဘောဖြစ်တဲ့ Open Arms ဆီသွားရောက်ခဲ့ပြီး ရက်ပေါင်းများစွာကြာ လှေပေါ်မှာ သောင်တင်နေခဲ့ကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ တသားတည်း ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ မင်းသားကြီး ရစ်ချက်ဟာ ရောမမြို့ကို မိသားစုနဲ့အတူ အားလပ်ရက် အပန်းဖြေခရီးထွက်လာတာဖြစ်ပြီး Open Arms ကယ်ဆယ်ရေး သင်္ဘောပေါ်မှာ ကယ်ဆယ်ခံထားရတဲ့ နယ်မြေ ရွှေ့ပြောင်း ဒုက္ခသည်တွေအကြောင်း ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
စပိန်နိုင်ငံက အဲ့ဒီသင်္ဘောဟာ လှေပေါ်မှာ ရက်ပေါင်းများစွာကြာ နေခဲ့ပြီး ကပ်စရာ ကမ်းမရှိတဲ့ နယ်မြေ ရွှေ့ပြောင်းလာသူ အယောက် ၁၆၀ လောက်အတွက် Lampedusa ကျွန်းမှာ ကမ်းကပ်ထားတာ ဖြစ်ပါတယ်။
သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် Homer James Jigme နဲ့ စကားပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ကူညီဖို့ မင်းသားကြီးက ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။ သူက စပိန် NGO အဖွဲ့မှ တည်ထောင်သူ Oscar Camps ဖုန်းခေါ်ဆိုခဲ့ပြီး Lampedusa ကျွန်းကို ပထမဆုံးလေယာဉ်နဲ့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့မှာ Open Arms သင်္ဘောပေါ်ကို တက်ခဲ့ပြီး နယ်မြေရွှေ့ပြောင်းလာသူ တွေကို တွေ့ဆုံခဲ့ကာ အစားအစာနဲ့ ရေတွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အဲ့ဒီခရီးစဉ် နှောင်းပိုင်းမှာတော့ မင်းသားကြီး ရစ်ချက်ဟာ Camps နဲ့အတူ Lampedusa ကျွန်းမှာ သတင်းစာ ရှင်းလင်းပွဲတခုကို တက်ရောက်ခဲ့ပါတယ်။
သူဟာ လစ်ဗျား ထိန်းသိမ်းရေးစခန်းတွေမှာ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့အကြောင်း အပါအဝင် နယ်မြေရွှေ့ပြောင်းလာသူတွေရဲ့ ခရီးလမ်း အကြောင်းအရာတွေကို ကြားသိခဲ့ရပြီးနောက် ထိတ်လန့်တုန်လှုပ်ခဲ့မိတယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲ့ဒီ နယ်မြေ ရွှေ့ပြောင်းလာသူတွေကို ကမ်းကပ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
မင်းသားကြီးက “ဒီလူတွေကို ကူညီဖို့သာ Lampedusa ကို ကျနော်ရောက်လာခဲ့တာပါ”လို့ ပြောပါတယ်။ ဘယ်သူကမှ သူ့ဆီကနေ အကူအညီ မတောင်းခဲ့ကြပေမယ့် ကူညီဖို့ ဆုံးဖြတ်ချက်က အလိုအလျောက် ဖြစ်ပေါ်လာတာလို့လည်း သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင်လည်း မက္ကဆီကို၊ ပနားမား၊ ဟွန်ဒူးရပ်စ်၊ အယ်ဆာဗေးဒိုးနိုင်ငံတွေကနေ လာတဲ့သူတွေဟာလည်း အနိုင်ကျင့်နှိပ်စက်ခံခဲ့ရပြီး အဲ့ဒါတွေကိုအဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။
နယ်မြေရွှေ့ပြောင်းလာသူတွေကို ကယ်ဆယ်ထားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတဲ့ လုံခြုံရေးစည်းမျဉ်းအသစ်နဲ့ ပတ်သက်လို့ ကြားခဲ့ရပြီးတဲ့နောက် သူ့ရဲ့ အီတလီ မိတ်ဆွေတွေဟာ အခုလိုမျိုး အမုန်းတရားတွေရှိနေလိမ့်မယ်လို့ မယုံကြည်ခဲ့တဲ့အကြောင်းလည်း ဆိုပါတယ်။
Ref: infomigrants
You may also like these stories:
အသက် ၆၉ နှစ်အရွယ်ရောက်မှ ကလေးထပ်ချီရဦးမယ့် မင်းသားကြီး Richard Gere
Kerala ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း