Entertainment

လူသားနဲ့ စက်ပစ္စည်းတို့ရဲ့ပေါင်းစပ်မှု (သို့မဟုတ်) Alita: Battle Angel(2019)

Want create site? Find Free WordPress Themes and plugins.

ဒီတခါမိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Robert Rodriguez ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတဲ့ Action,Adventure,Sci-fi ရုပ်ရှင်အမျိုးအစား Alita: Battle Angel ပဲဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့အဓိသရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Rosa Salazar နဲ့ Jennifer Connelly တို့အပြင် မင်းသား Christopher Waltz တို့က ပါဝင်ထားကြပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသခဲ့တာလည်း သိပ်မကြာသေးပါဘူး။

၂၅ ရာစုရဲ့ခေတ်လွန်ကမ္ဘာပေါ်မှာ ရုပ်ရှင်ဇာတ်အိမ်ကို တည်ဆောက်ထားတာဖြစ်ပြီး ဂျပန်မန်ဂစီးရီးတခုကို အခြေခံကာ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ ဒေါက်တာ Dyson ဟာ စက်ပစ္စည်းတွေ စွန့်ပစ်တဲ့ အမှိုက်ကွင်းကနေ စက်ပစ္စည်းအကြွင်းအကျန်တွေကို လိုက်လံစုဆောင်းနေသူတဦးပါ။ ဒီလိုစုဆောင်းနေရင်း စက်ပစ္စည်း အဟောင်းအနွမ်းတွေကြားထဲကနေ ပျက်စီးယိုယွင်းနေတဲ့ စက်ရုပ်မလေးရဲ့ ဦးခေါင်းပိုင်းမှာ ဦးနှောက်ရဲ့ လှုပ်ရှားမှုကိုတွေ့ရှိသွားပြီး သူ့မှာရှိတဲ့ စက်ရုပ်ခန္ဓာကိုယ်တခုနဲ့ ပေါင်းစပ်ကာ ပြန်လည်အသက်သွင်းဖို့ ကြိုးစားပါတော့တယ်။

ဒေါက်တာ Dyson ရဲ့ အဓိကအလုပ်ကတော့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ရင်း ခန္ဓာကိုယ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးလာသူတွေကို သူ့မှာရှိတဲ့ စက်ပစ္စည်းတွေနဲ့ အစားထိုးကုသပြီး ပြန်လည်ပြုပြင်ပေးရတာပါ။

သူ့ရဲ့မနားမနေ ကြိုးပမ်းအားထုတ်မှု အပြီးမှာတော့ စက်ရုပ်မလေးဟာ လှပပြီး ရည်ရည်မွန်မွန်ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေး တယောက်အဖြစ် ရုပ်လုံးပေါ်လာခဲ့တာကြောင့် ဒေါက်တာ Dyson ဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ သမီးဖြစ်သူရဲ့နာမည် Alita အဖြစ် ခေါ်ဝေါ်ဖို့ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါက်တာ Dyson ဖန်တီးခဲ့တဲ့ Alita ဟာ မထင်မှတ်ဘဲ သူမရဲ့မေ့လျော့နေတဲ့ အရင်ကမှတ်ဉာဏ်တွေကို ပြန်လည်တွေ့မြင်လိုက်ရချိန်၊ သူမရဲ့ အစစ်အမှန်ဘဝတခုကို သိရှိလိုက်ရချိန်မှာတော့ Alita တယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။

ရုပ်ရှင်ရဲ့ အလှည့်အပြောင်းတွေ၊ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ စိတ်ဝင်တစား ကြည့်ရှုကြရမယ့် ဇာတ်ကားကောင်းတကား ဖြစ်တာကြောင့် ပြန်လည်ညွှွန်းဆိုပေးလိုက်ရပါတယ်။

Attachments area

You may also like these stories:

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Alita: Battle Angel” ရုပ်ရှင်

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁၅၃ သန်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ “Captain Marvel” ရုပ်ရှင်

ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၅.၅ သန်းနဲ့ ပွဲဦးထွက်လာခဲ့တဲ့ “How to Train Your Dragon 3”

Did you find apk for android? You can find new Free Android Games and apps.
Loading