သက်လတ်ပိုင်းအရွယ်ထိ နုပျိုချောမောနေဆဲ ကိုရီးယားနာမည်ကျော် သရုပ်ဆောင်မင်းသားတွေကတော့ ပွဲ ထွက်တုန်းအချိန်တွေအတိုင်း ရုပ်ရည်ကိုပိုင်ဆိုင်ထားနိုင်ဆဲပါ။ အချိန်ကာလတွေက အသက်အရွယ်ကို တိုက် စားသွားနိုင်တယ်ဆိုတဲ့ အဆိုကို ချေဖျက်နိုင်တယ်လို့ ပြောစမှတ်တွင်လောက်တဲ့ ကိုရီးယားရဲ့နာမည်ကျော် လူ ပျိုကြီးစာရင်းဝင် ထိပ်တန်းမင်းသားတွေက ဘယ်သူတွေဖြစ်မလဲ ကြည့်ရအောင်။
Hyun Bin
ဒီနှစ် စက်တင်ဘာမှာ အသက် ၃၇ နှစ်ပြည့်တော့မယ့် မင်းသားဟွန်ဘင်းကတော့ ပွဲထွက်ခါစအတိုင်း ဘာမှ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းလူပျိုစာရင်းဝင်ဆိုတဲ့အတိုင်း အကြည့်တချက်နဲ့တင် ကြွေသွားစေမယ့်ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူပါ။ မင်းသမီး ဆိုယဲဂျင်းနဲ့ အသံထွက်ခဲ့ပေမယ့် အရင်းအနှီးဆုံး သူငယ်ချင်းတွေပါလို့ ငြင်းဆိုထားပါတယ်။
Lee Joon Gi
ဒရာမာဇာတ်ကောင်တွေကို ပိုင်နိုင်ရုံတင်မကဘဲ အက်ရှင်ပိုင်းမှာပါ ပီပြင်တဲ့ မင်းသား လီဂျွန်ဂီကတော့ အသက် ၃၇ နှစ်ပြည့်ပြီးသွားပါပြီ။ ချစ်စရာအမူအရာလေးတွေပါ လုပ်တတ်တဲ့အပြင် အဆိုပိုင်းလဲတော်တာမို့ တကယ့်ကို ပြည့်စုံလွန်း သူကြီးပါ။ ပရိသတ်တွေကိုလည်း Fun Service အပြည့်ပေးတတ်လွန်းလို့ အချစ်ပိုကြပါတယ်။ မင်း သမီး ဂျိုဟေဘင်းနဲ့ ပြတ်သွားတည်းက နောက်ထပ် Dating သတင်းတွေ မကြားရသေးပါဘူး။
Lee Dong Wook
အိပ်မက်ထဲက မင်းသားလေးလို့ တင်စားရလောက်အောင် ပြီးပြည့်စုံလွန်းတဲ့ မင်းသား လီဒုံဝုခ်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ စံပြချစ်သူကောင်လေးပုံစံပါ။ ပြည့်စုံလွန်းတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး နိုဝင်ဘာလထဲမှာ အသက် ၃၈ နှစ်ပြည့်ပါတော့မယ်။ သူ့ထက်အသက်ငယ်တဲ့ အဆိုတော် Suzy နဲ့ခနတာ တွဲခဲ့ပေမယ့် လောလောဆယ်တော့ Single စာရင်းဝင်အဖြစ်ရှိနေဆဲပါ။
Jo In Sung
အရပ်မြင့်မြင့်နဲ့ အပြုံးချိုချိုပိုင်ဆိုင်ထားတဲ့ မင်းသားဂျိုအင်ဆောင်ကတော့ မိန်းကလေးတွေ ငယ်ငယ်က ကြိတ် သဘောကျရတဲ့ ဘေးအိမ်ကအကိုကြီးလိုပါပဲ။ ရင့်ကျက်တည်ငြိမ်တဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူမျိုးပါ။ အသက် ၃၈ နှစ်ပြည့်ပြီးသွားတဲ့ လူပျိုကြီးစာရင်းဝင်ပါ။
Kim Nam Gil
မင်းသား ကင်နမ်ဂီရဲ့ အက်ရှင်ပိုင်နိုင်မှုကို သိကြပေမယ့် ဒရာမာဇာတ်ကားတွေမှာလည်း တကယ့်ကို ကြွေဆင်း သွားလောက်အောင် သရုပ်ဆောင်ပိုင်နိုင်လွန်းသူပါ။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ဆုတွေ အများကြီးဆုခူးထား သလို ပညာရေးမှာလည်း ထူးချွန်သူတဦးပါ။ အသက် ၃၈ နှစ်အရွယ်ဆိုပေမယ့် ဆွဲဆောင်မှုရှိသူလို့ တွဲရိုက်ခဲ့ တဲ့မင်းသမီးတိုင်း ဝန်ခံထားရသူပါ။
Song Seung Hon
ဂျွန်စောလို့ မြန်မာပရိသတ်တွေ သိခဲ့ကြတဲ့ မင်းသား ဆောင်ဆွန်ဟွန်းကတော့ အောက်တိုဘာမှာ အသက် ၄၃ နှစ်ပြည့် တော့မှာပါ။ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်ကားနဲ့ စသိခဲ့ရတည်းက ဆယ်စုနှစ်တခုကျော်တဲ့ထိ နုပျိုနေဆဲ ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတာ မထူးဆန်းပါဘူး။ တရုတ် မင်းသမီး Liu Yifei နဲ့ ပြတ်သွားပြီးတည်းက Single ဘဝနဲ့ပဲ ဖြတ်သန်းနေပါတယ်။
Ref: Soompi
You may also like these stories:
Hyun Bin နဲ့ Son Ye Jin တို့ ချစ်သူတွေဖြစ်နေကြပြီလို့ ကောလာဟလ ထွက်ပေါ်လာ
အဆိုတော် Kwon Nara တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသား လီဂျောင်ဆော့
စစ်မှုထမ်း ပြီးသွားပြီ ဖြစ်တဲ့ မင်းသား Kim Soo-hyun
၉ နှစ်အတွင်း ပထမဆုံးအကြိမ် အနုပညာခြေလှမ်း ပြန်စဖို့ ပြင်နေတဲ့ မင်းသား ဝန်ဘင်း
လော့စ်အင်ဂျလိစ်မှာ ဒေါ်လာ ၂ သန်းတန် အိမ်ဝယ်လိုက်တဲ့ လီဗြောင်းဟွန်းတို့ ဇနီးမောင်နှံ