ဂင်းနစ်စာအုပ်တည်ရှိနေခဲ့တာဟာ နှစ်ပေါင်း ၆၀ကျော် သက်တမ်းရှိနေခဲ့ပြီဖြစ်ပြီး ဂင်းနစ်စံချိန်အဖြစ် သတ်မှတ်တဲ့ အခါမှာတော့ တယောက်ချင်းစီတိုင်းရဲ့ ဝင်ငွေနဲ့ အပတ်စဉ် ဂီတရပ်တည်မှုတွေနဲ့တော့ သက်ဆိုင်ခြင်းမရှိတာဖြစ်ပါတယ်။ အခုတခါဖော်ပြပေးမှာကတော့ ဂင်းနစ်စံချိန်မှတ်တမ်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ အဆိုတော်တွေ ၊ ရုပ်ရှင်သရုပ်ဆောင်တွေ အကြောင်းပဲဖြစ်ပါတယ်။
(၁) Shakira
ကမ္ဘာ့ဖလားသီချင်းနဲ့အတူ လူသိများလာခဲ့တဲ့ Shakira ဟာ ကမ္ဘာ့ဂင်းနစ်စံချိန် အသိအမှတ်ပြုမှတ်တမ်းလွှာကို ပိုင်ဆိုင်ထားသူတဦးဖြစ်ပြီး အရင်ကတည်းက ရှိခဲ့တဲ့ ဂင်းနစ်မှတ်တမ်းတွေကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်နိုင်ခဲ့တာပါ။ အခုလို ဂင်းနစ်မှတ်တမ်း အသိအမှတ်ပြုမှတ်တမ်းလွှာအပြင် ရောင်းအားအကောင်းဆုံး စပိန်အယ်လ်ဘမ် ၊ ရောင်းအားအကောင်းဆုံး စပိန်တကိုယ်တော်မှတ်တမ်းတွေအပြင် လူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာပါ ပထမဦးဆုံး Follower သန်း ၁၀၀ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။
(၂) Dwayne Johnson (The Rock)
SmackDown ပွဲတွေမှာ သူ့ရဲ့ တမူထူးခြားတဲ့ ကစားဟန်တွေနဲ့ လူသိများလာခဲ့တဲ့ Dwayne Johnson (The Rock) ဟာလည်း ဂင်းနစ်စံချိန်မှတ်တမ်းတခုကို ပိုင်ဆိုင်ထားသူတဦးပါ။ သူပိုင်ဆိုင်ထားတဲ့ မှတ်တမ်းကတော့ သူနဲ့အတူတကွ Selfie ရိုက်ကူးသူတွေဟာ ပျမ်းမျှအချိန် ၃မိနစ်အတွင်းမှာ ၁၀၅ယောက်ရှိနေလို့ပါပဲ။
(၃) Eminem
၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Eminem ရဲ့ စကားလုံးအများဆုံးပါဝင်တဲ့ “Rap God” ဆိုတဲ့ သီချင်းကြောင့် အခုလို ဂင်းနစ်မှတ်တမ်းထဲ ရေးထိုးမှတ်တမ်းတင်ခံခဲ့ရတာပါ။ ၆မိနစ်နဲ့ ၄စက္ကန့်မှာ ရက်ပ်အဆိုတော်ဟာ စကားလုံးပေါင်း ၁၅၆၀ကို ရွတ်ဆိုခဲ့တာဖြစ်ပြီး ပျမ်းမျှအနေနဲ့ တစက္ကန့်ကို စကားလုံးပေါင်း လေးဿမနှစ်ရှစ် ရွတ်ဆိုခဲ့တာဖြစ်ပါတယ်။
(၄) Robert Downey Jr.
Iron Man မင်းသားအဖြစ် လူသိများခဲ့တဲ့ Robert Downey Jr. ဟာဆိုရင်တော့ သူကိုယ်တိုင် ဂင်းနစ်စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိပေမယ့် မွေးနေ့ကတ်တွေမှာပါဝင်တဲ့ သူ့ရဲ့ လှုံ့ဆော်မှုကတော့ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Robert Downey Jr. ဟာ သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေကို လက်မှတ် ၅၃၃၉ခု ထိုးထားတဲ့ ကတ်တွေကို လက်ဆောင်အဖြစ် တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတုန်း ပေးအပ်ခဲ့တာပါ။
Ref. brightside.me
You may also like these stories:
အလှူအတန်းတွေ ပြုလုပ်ရာမှာ လျှို့ဝှက်သိုသိပ်စွာ လှူဒါန်းကြတဲ့ ကမ္ဘာကျော်များ
ဟောလိဝုဒ်နဲ့ ခေတ္တခဏသာ အကြောင်းပါခဲ့ကြတဲ့ သရုပ်ဆောင်များ
နာမည်မကြီးခင်က ထူးထူးဆန်းဆန်း အလုပ်တွေ လုပ်ခဲ့တဲ့ ကမ္ဘာကျော်များ
Porn Star များနဲ့ Date လုပ်ဖူးတဲ့ ကမ္ဘာကျော်များ