Entertainment

ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်လုပ်တော့မယ့် အဆိုတော်အုပ်စိုးခန့်

Want create site? Find Free WordPress Themes and plugins.

“အိပ်မက်တွေမိုးထားတဲ့ အိမ်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်သွားမယ့် အုပ်စိုးခန့်က သရုပ်ဆောင်တာ ကို ငယ်ငယ် ကတည်းက ဝါသနာပါတာကြောင့် လက်ခံဖြစ်တာလို့ဆိုပါတယ်။

“ဇာတ်လမ်းတွဲက ကျနော်ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့အတွက်ကြောင့် အရမ်းကို စိတ်လှုပ်ရှားပါတယ်။ ဇာတ်လမ်း ကတော့ မိသားစုအကြောင်းလေးပါ။ မနေခြည်ရဲ့ မောင်လေးနေရာကနေ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ကျနော့်နာမည်က လင်းထက်ပါ။ ကာရိုက်တာက အရမ်းကို လူမှုဆက်ဆံရေးကောင်းတယ်။ အရမ်းချမ်းသာချင်တယ်ပေါ့။ အပြင်က ကာရိုက်တာနဲ့ကတော့ ကွာတယ်”

“အပြင်က အုပ်စိုးခန့်က သီချင်းဆိုချင်တာ။ Media 7 ကိုရွှေမန်းနဲ့ အရမ်းခင်တော့ အကူအညီတောင်းတဲ့အတွက် သရုပ်ဆောင်ဖြစ်တာပါ။ သရုပ်ဆောင်တာလည်း ငယ်ငယ်လေးကတည်းက ဝါသနာပါတယ် ဒါကြောင့် လက်ခံဖြစ်တာပါ။ မနေခြည်နဲ့က အပြင်မှာတော့ ရင်းနှီးတယ်။ ကျနော့်အစ်မလိုပဲ”

“ကျနော် နည်းနည်းကံကောင်း သွားတာက မောင်လေးနေရာက သရုပ်ဆောင်ရမှာဆိုတော့ အပြင်မှာလည်း အစ်မရှိတဲ့ အတွက်ကြောင့် နည်းနည်း ပိုကောင်းသွားတာပေါ့။ ကျနော်သရုပ်ဆောင်နေကျ MTVတွေနဲ့တော့ ဇာတ်လမ်းတွဲက ကွာတာပေါ့” လို့ အုပ်စိုးခန့် ကဆိုပါတယ်။

သရုပ်ဆောင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“အခက်အခဲကတော့ စကားပြောတာက သေချာစဉ်းစားပြီးမှပြောရမှာ။ အပြင်မှာလို အ ထစ် အ ထစ်နဲ့ ပြောလို့မရဘူး။ ကြိုးစားရမယ်။ အဲဒီကာရိုက်တာကို ပစ်သွင်းပြီး ကာရိုက်တာအတိုင်း စကားပြောရမှာပေါ့။ အက်ရှင်တို့ ဒရာမာကားတွေ ကြည့်ရတာ ကြိုက်တယ်”

“ အခု ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေရ တယ်ဆိုတော့ ဒရာမာကားတွေကြည့် ဖြစ်တယ်။ ဒီကားကလည်း ဒရာမာကားဆိုတော့ ကိုယ့်အတွက် ဗဟုသုတတွေ၊ သင်ယူစရာတွေရမလားပေါ့။ အဲဒါတွေကို လေ့လာတယ်။ ကိုရီးယားဇာတ်ကားတွေ ပြန်ကြည့်နေရတယ်”လို့ အုပ်စိုးခန့်ကပြောပါတယ်။

ဂီတပိုင်းနဲ့ ပတ်သက်ပြီးလည်း သီချင်းတွေ ပုံနေတယ်လို့ဆိုတဲ့ အုပ်စိုးခန့်က နောက်လာမယ့် အနုပညာလှုပ်ရှားမှု တွေကိုလည်း Facebook မှာ ချပြပါမယ်လို့ ဆိုပါတယ်။

“ကျနော်က အဆိုပိုင်းကို ဖြုတ်မချဘူး။ အဆိုပိုင်းက ကျနော့်ရဲ့ အဓိကလေ။ အဆိုပိုင်းကို သေချာလေးစူးစိုက်ဦးမယ်။ သီချင်းတွေအများကြီးရှိပါတယ်။ အခုလတ်တလောက သီချင်းတွေက အကြွေးတွေပုံနေတယ်။ အဲဒါကို တဖြည်းဖြည်းချင်းဆပ်နေရတယ်။ မြန်မာသံစဉ်သီချင်းလည်းဆိုဖို့ရှိတယ်”

“ Media 7 က စီစဉ်တဲ့ Child Abuse (လင်းလက်စေတော့ကြယ်) သီချင်းအသစ်ကလည်း ထွက်တော့မှာပါ။ တင်ရင်လည်း သူတို့ Page ကနေပဲတင်မှာပါ။ ဝါရင့်အဆိုတော်တွေရော၊ ကျနော်ရောပါတယ်။ အများကြီးပါပဲ ထွက်လာမှပဲ ကြည့်ပါလို့”

” နောက်ထပ်သီချင်းတွေ အများကြီးထွက်ဖို့ရှိပါတယ်။ အဲ့အတွက် စောင့်မျှော်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။ နောက်လာမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း Facebook မှာ ချပြပါမယ်”လို့ အုပ်စိုးခန့် ကပြောပါတယ်။

အဆိုတော် အုပ်စိုးခန့်ရဲ့ အခွေမထွက်ခင်က အွန်လိုင်းကနေ တင်ပေးခဲ့တဲ့ “ချစ်နေပြီ” သီချင်းကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပြီး နောက်ပိုင်းThe Number One ဆိုတဲ့ တေးစီးရီးကိုလည်း ထွက်ရှိထားပါတယ်။

“အိပ်မက်တွေမိုးထားတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ ပွင့်သိဂီဇော် က ရိုက်ကူးထုတ်လုပ်ပုံဖော် မှာဖြစ်ပြီး မိုရီဆာကီဝင်း ၊နေခြည်ဦး ၊ ချမ်းမင်းရဲထွဋ် ၊ အောင်လေး ၊ အုပ်စိုးခန့် ၊ ညီနန္ဒ ၊ မျိုးစန္ဒီကျော် ၊ ရွှေရင်အေး ၊ သဲနန္ဒာစိုး ၊မေနွယ်ထွန်း ၊ ဝမ်းဝမ်း ၊ ကေညီ ၊ အေမီဇော် နှင့် အခြား အနုပညာရှင်များစွာ ပါဝင်ကြ မှာဖြစ်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading