မင်းသား Hugh Jackman ဟာ တေးသံစုံရုပ်ရှင်ဖြစ်တဲ့ “The Greatest Showman” မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ သီချင်းသီဆိုမှုနဲ့ အကစွမ်းရည်တွေကို ပြသခဲ့ပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ အဲ့ဒီဇာတ်ရုပ်အတွက် ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ရတဲ့ အပိုင်းနဲ့ ပတ်သက်လို့ ဟာသသဘောနဲ့ ပြောဆိုခဲ့ပါတယ်။
Herald Sun မီဒီယာနဲ့ ပြောဆိုခဲ့ရာမှာ အသက် ၅၀ အရွယ် မင်းသား Hugh က မထင်မှတ်ထားတဲ့ နေရာတခုမှ သူ့ရဲ့ တောက်ပနေတဲ့ပုံစံကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော့်သမီးရဲ့ အကအတန်းတွေကို သွားဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အပတ်တိုင်း သွားခဲ့ရတယ်။ ဘယ်သူကမှလည်း တကယ် ဂရုမစိုက်ကြဘူး။ အကသင်တန်းက Wolverine ဖန်ကလပ် မဟုတ်ပါဘူး။ အခုတော့ ကျနော်သွားတဲ့အခါ The Greatest Showman ထဲက သီချင်းတွေကို အကသင်တန်း နီးပါးတိုင်းမှာ ဖွင့်နေကြပါပြီ။ အဲ့ဒါကတော့ တော်တော်လေး ထူးခြားပါတယ်”လို့ မင်းသားက ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက Variety မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ မင်းသား Hugh က အဲ့ဒီ တေးသံစုံရုပ်ရှင်မှာ P.T. Barnum အဖြစ် ပါဝင်ခဲ့ရတာဟာ စွမ်းအားရှင် စူပါဟီးရိုးအနေနဲ့ သူ့ဇာတ်ရုပ် အသေဖြစ်နေတဲ့ပုံစံကို ကာကွယ်ဖို့ နည်းလမ်းတခုပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မင်းသားက “ကျနော်က ခက်ခဲတဲ့အရာတွေကို အမြဲတမ်း လုပ်ကြည့်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ X-Men 3 နဲ့ ပထမဆုံး Wolverine ရုပ်ရှင်တို့ကြားမှာ အချိန်ရခဲ့ပြီး နည်းနည်းလေး သေးငယ်တဲ့ ဇာတ်ရုပ်တွေကို ရှာတွေ့ခဲ့ပါတယ်။ ပရိသတ်တွေက ကျနော့်ကို စူပါဟီးရိုးအနေနဲ့ပဲ သရုပ်ဆောင်စေချင်ပါတယ်။ နည်းနည်းလေးတော့ ကသိကအောင့် နိုင်ပါတယ်”လို့ ပြောပါတယ်။
အရည်အသွေးညံ့တဲ့ တေးသံစုံရုပ်ရှင်ဟာ အကျဘက်ကို ဦးတည်ပေမယ့် တကယ်သာ အဲ့ဒီရုပ်ရှင် အဆင်ပြေခဲ့ရင် ဘာဆို ဘာနဲ့မှ မတူဘူးလို့လည်း ဆိုပါတယ်။
မင်းသားက “လူတွေက အော်ဟစ်အားပေးကြတယ်။ ကျနော် ရှာတွေ့တာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး။ အဆုံးသတ်မှာတော့ ကန့်လန့်ကာ ဖွင့်လိုက်တာနဲ့ လူစိမ်းတွေရှေ့မှာ မတ်တပ်ရပ်ရတာ သိပ်တော့ ဘဝင်ကျစရာမကောင်းဘူး။ တကယ့်လို့ နှစ်ပေါင်းများစွာသိခဲ့တဲ့ လူတွေရှေ့မှာ မတ်တပ်ရပ်ရပြီ ဆိုရင်တော့ ပိုပြီးတော့ စိုးရိမ်ထိန့်လန့်စရာ ကောင်းတယ်ဆိုတာ လက်တွေ့ပါ။ လူတိုင်းဟာ အတူတူ ရောက်လာကြပြီး နှလုံးသားတွေကို ဖွင့်လှစ်ပြကြတာပါ”လို့ ဆိုပါတယ်။
Ref. etcanada
You may also like these stories:
နယ်လှည့်ဖျော်ဖြေပွဲ လုပ်မယ်လို့ ကြေညာလိုက်တဲ့ မင်းသား Hugh Jackman
ပထမဆုံး “X-Men” ရုပ်ရှင်မှာ Wolverine အဖြစ်ကနေ ဖယ်ရှားခံရလုနီးပါး ဖြစ်ဖူးတဲ့ Hugh Jackman