မင်းသား Tom Felton နဲ့ မင်းသမီး Emma Watson တို့ဟာ ငယ်စဉ် ကလေးသရုပ်ဆောင် ဘဝကတည်းက ဟယ်ရီပေါ်တာ ရုပ်ရှင်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တဦးက အမျိုးသမီးသူရဲကောင်း ဟာမွန်နီး ဂရန်ဂျာ၊ တဦးကတော့ ဂျစ်ကန်ကန် ဗီလန်ကောင်လေး ဒရာကိုမတ်ဖွိုင်း အဖြစ် သရုပ်ဆောင်ခဲ့ကြတာပါ။
အသက် ၃၁ နှစ်အရွယ် Felton နဲ့ အသက် ၂၉ နှစ်အရွယ် Watson တို့ရဲ့ ဂစ်တာ တီးနေကြတဲ့ပုံကို မျှဝေရာကနေ တဆင့် ပရိသတ်တွေက သူတို့နှစ်ယောက် တွဲနေကြပြီဆိုပြီး ထင်ကြေးပေး ပြောဆိုခဲ့ကြပါတယ်။
နှစ်ဦးက ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ဂစ်တာ သင်ပေးနေတာ မင်းသမီးက အတတ်မြန်တဲ့အကြောင်း မင်းသား တင်ခဲ့တဲ့ ပုံရဲ့ ပုံစာမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ မင်းသားရဲ့ဆံပင်က ရေစိုနေပုံပေါက်နေတာကိုလည်း မြင်တွေ့ရပါတယ်။
အခုလိုမျိုး ဓာတ်ပုံကို တွေ့ခဲ့ပြီးတဲ့နောက် ဟယ်ရီပေါ်တာ ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ အံ့သြဖွယ်ဆက်ဆံရေးကို မှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ်။ ပရိသတ်တဦးက “ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ငါ့မှာရှိတဲ့ မိန်းကလေး ပရိသတ် ဖီလင်တော့ တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့ပြီ။ ကျေးဇူးတင်ပါတယ်” လို့ရေးသားပါတယ်။
နောက်တဦးကတော့ “ကျနော့်ရဲ့ ဒရာမွန်းနီ ဆန္ဒတွေကတော့ ပြည့်ဝသွားခဲ့ပြီ” လို့ သူတို့သရုပ်ဆောင်နှစ်ဦးကို ယှဉ်တွဲပေးကြတဲ့နာမည်ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦး တွဲနေကြပြီဆိုပြီး ကောလာဟလတွေ ထွက်လာတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ မင်းသမီး Watson က သူ့ရဲ့ပုံကို တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “သူငယ်ချင်းတွေက မင်းကို အကောင်းဆုံး ရိုက်ပေးတယ်”လို့ ရေးသားခဲ့ပါတယ်။ ဓာတ်ပုံဆရာအဖြစ် Felton ကို Tag တွဲပေးခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း ကမ်းခြေမှာ Felton နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတခုကို ဝေမျှခဲ့ပြီး Felton ရဲ့ ရေလွှားစီးဘုတ်ပြားကို အတူတူ စီးနေကြတဲ့ဗီဒီယိုကိုလည်း တင်ခဲ့ပါတယ်။ ပြီးတော့ Felton ပါဝင်ထားတဲ့ Origin ဆိုတဲ့ စီးရီးက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထွက်လာမယ့်အကြောင်း ပုံစာမှာလည်း ရေးတင်ခဲ့ပါတယ်။
မင်းသမီး Watson ကတော့ ကလေးဘဝကတည်းက Felton အပေါ် တိတ်တခိုး သဘောကျခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ဖူးတဲ့ အင်တာဗျူးတခုမှာ အဲ့ဒီလို ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ မင်းသမီး Watson ကိုတော့ မကြာမီ ရုံတင်တော့မယ့်“Little Women” ရုပ်ရှင်မှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
ပြင်သစ်သမ္မတနဲ့အတူ G7 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့မင်းသမီး Emma Watson
အစီအစဉ်တခုမှာ Emma Watson နဲ့ လူမှားအခေါ်ခံခဲ့ရတဲ့ မင်းသမီး Emma Stone
ကမ္ဘာကျော်တွေ ပြောတဲ့ သူတို့ရဲ့ Celebrity Crush များ