Entertainment

ဖိနပ်ကြော်ငြာမှာ ညှို့အားပြင်းအလှကို ဖော်ပြခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

ကိုရီးယားမင်းသမီး ဆောင်းဟေဂို (အွန်စော) ဟာ ကိုးရီးယား ဖိနပ်အမှတ်တံဆိပ်ဖြစ်တဲ့ Suecomma Bonnie ရဲ့ 2019 Fall/Winter စုစည်းမှုမှာ မော်ဒယ်တယောက်အနေနဲ့ ပါဝင်လာတာကို မြင်တွေ့ရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့မှာ အဆိုပါ ဖိနပ် ကုမ္ပဏီဟာ မင်းသမီး ဆောင်းဟေဂို ပါဝင်ထားတဲ့ “Shine On Me” လို့ အမည်ရတဲ့ ကမ်ပိန်းအသစ်ကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီ ကမ်ပိန်းဟာ ကိုယ်ပိုင်စတိုင်ကို ရွေးချယ်ပြီး ဘဝကိုဘယ်လို ပျော်ရွှင်အောင် နေထိုင်ရမယ်ဆိုတာကို သိတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ မင်းသမီး ဆောင်းဟာ အရောင်စုံ Queens စနီကာလေးတွေနဲ့အတူ မြင်တွေ့ရတဲ့အပြင် အဖြူအမည်းကို အလေးထားတဲ့ပုံစံနဲ့ လှပနေခဲ့တာကိုမြင်တွေ့ရပါတယ်။ ဒ့ါအပြင် Highline စနီကာတွေနဲ့ ပိုမို သစ်လွင်တဲ့အလှနဲ့ ဆွဲဆောင်မှုရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

နောက်ပြီး မင်းသမီး Rory ဒေါက်မြင့်ဖိနပ်နဲ့အတူ မီနီစကပ်နဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ထားမှုက မိန်းကလေးဆန်တဲ့ အလှကို ပေါ်လွင်စေပါတယ်။

Suecomma Bonnie ကုမ္ပဏီရဲ့ သတင်းရင်းမြစ်တခုက “ကျနော်တို့ဟာ မင်းသမီး ဆောင်းဟေဂိုနဲ့အတူ Suecomma Bonnie တံဆိပ် စနီကာဖိနပ်တွေရဲ့ 2019 Fall/Winter ဗားရှင်းကို ဖြန့်ချိလိုက်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ပုံစံ၊ ပုံမှန်ပုံစံနဲ့ ထသွားထလာ ပုံစံတွေအပါအဝင် အားလုံးနဲ့ ကေင်းကောင်း လိုက်ဖက်ညီမယ့် စနီကာတွေ ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။

မင်းသမီး ဆောင်းဟာ ခင်ပွန်း ဆောင်းဟေဂိုနဲ့ ကွာရှင်းဖို့ အပြီးသတ်လုပ်ဆောင်ခဲ့တာ ၁ လတောင် မပြည့်သေးတဲ့အချိန်မှာပဲ အခုလိုမျိုး ကမ်ပိန်းအမျိုးမျိုးမှာ ပါဝင်လာတာကို မြင်တွေ့ခဲ့ရတာပါ။ တရုတ်မီဒီယာ Sin Chew Daily ရဲ့အဆိုအရ မင်းသား ဆောင်းနဲ့ ကွာရှင်းမှုဟာ မင်းသမီးရဲ့ နာမည်ကျော်ကြားမှုကို မထိခိုက်စေဘဲ ကုမ္ပဏီတချို့က သူတို့ရဲ့ ထုတ်ကုန်တွေကို ပရိုမိုးရှင်းလုပ်ပေးဖို့ မင်းသမီးထံ ကမ်းလှမ်းတာတွေက ပုံမှန်အတိုင်းပဲ ရှိတယ်လို့ ဖော်ပြပါတယ်။

အခုလိုမျိုးကမ်ပိန်းမှာ လိမ်းဆင်ခြယ်သထားတဲ့ မင်းသမီးရဲ့ပုံစံကိုတော့ အွန်လိုင်းသုံးစွဲသူတချို့က “မိတ်ကပ် များလွန်းတယ်။ လိုက်ဖက်မှု မရှိဘူး။ အကြည့်ရိုင်းတယ်” စသဖြင့် ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ တချို့ကတော့ မျက်နှာပြောင် မိတ်ကပ်ကသာ မင်းသမီးနဲ့ လိုက်ဖက်မှု အရှိဆုံးလို့ ထောက်ပြ ပြောဆိုကြပါတယ်။

Ref:soompi, malaymail

You May Also Like These Stories:

ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့မှာ သမိုင်းပညာသင်ကြားရေး လမ်းညွှန်စာအုပ်များ ဆောင်းဟေဂို လှူဒါန်း

ကွာရှင်းပြီး ပထမဆုံးအကြိမ် ပွဲတက်ရောက်ခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

Loading