Entertainment

ကားရိုက် မရှိတာကြောင့် ရုံတင်သမျှ ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်လို့ မင်းမော်ကွန်း ပြော

Want create site? Find Free WordPress Themes and plugins.

အသက်အရွယ်တခု ရလာပေမယ့် အခုအချိန်ထိ လူငယ်တယောက်လို နုပျိုနေဆဲဖြစ်တယ်လို့ ပြောစမှတ်ပြုရတဲ့ သရုပ်ဆောင် မင်းမော်ကွန်းကတော့ လတ်တလောမှာ ဇာတ်ကားရိုက်ကူးမှုများ မရှိတာကြောင့် ရုံတင်ပြသမျှ ရုပ်ရှင်တွေ လိုက်ကြည့်ဖြစ်နေတယ်လို့ သိရပါတယ်။

“ကျနော် အခုတင်တဲ့ရုပ်ရှင် အကုန်လိုက်ကြည့်တယ်။ တခြား နိုင်ငံခြားကားတွေလည်း ကြည့်တယ်။ အကုန်လုံးကြည့်တယ်။ အမျိုးမျိုးပဲပေါ့။ သူ့အကြိုက်နဲ့ သူပါပဲ။ သူ့ဟာနဲ့ သူတော့ ကောင်းတာလေးတွေ ပါတာပဲ။ ကျနော်တို့ကတော့ အဲဒါလေးတွေကို ကြည့်တယ်။ ကားပေါင်းစုံ ကြည့်တယ်။ အရင်ကတော့ မအားလို့ မကြည့်ဖြစ်ဘူး။ အခုတော့ အားလို့ အကုန် လိုက်ကြည့်ဖြစ်တယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

နားနေတဲ့ အချိန်အတွင်းမှာတော့ စာဖတ်၊ ရုပ်ရှင်ကြည့်ဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်လည်း တော်တော်လေး ကျသွားခဲ့တယ်လို့ သိရပါတယ်။

“လတ်တလောတော့ ကားရိုက်တွေက ရှေ့လမှ စပါမယ်။ အခုတော့ နားထားတယ်။ နားထားတာတွေရော၊ မရှိတာရောကြောင့် ၃ လလောက် နားပြီးတော့မှ အေးအေးဆေးဆေး စာဖတ်ချိန်ရတယ်။ ရုပ်ရှင်ကြည့်ချိန် ရတယ်။ Body Weight ပြန်ချလိုက်တာ တော်တော်လေးတော့ ကျသွားပြီ” လို့ မင်းမော်ကွန်းကပြောပါတယ်။

မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ “ကျားကျားကြိုက်ကြိုက်” ၊ “ဂျင်ပါတီ” ရုပ်ရှင်ကားများကိုတော့ သြဂုတ်လအတွင်း ရုံတင်ပြသမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုကိုတော့ နောက်လထဲမှာ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေဘေးအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲနဲ့ ဘောလုံးကန်ကြမယ့် ပွဲမှာလည်း ဘောလုံး မကန်တတ်တာကြောင့် သီချင်းဆိုပြီး ဖျော်ဖြေသွားမှာဖြစ်ပြီး မြေပဲယိုအဖွဲ့အနေနဲ့လည်း သီချင်းအသစ်များ၊ ဇာတ်ဝင်သီချင်းများ ထွက်ရှိလာဖို့ ရှိတယ်လို့ သိရပါတယ်။

မင်းမော်ကွန်းက သူ့ရဲ့နုပျိုခြင်း လျှို့ဝှက်ချက်ကတော့ ထွေထွေထူးထူး မရှိဘဲ စိတ်ညစ်ပြီး မနေတတ်ခြင်းနဲ့ အလုပ်ချိန်က လွဲကာ သားသမီးများနဲ့ အတူ နေထိုင်ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်က စိတ်ညစ်ပြီး မနေတတ်ဘူး။ စိတ်ညစ်လည်း ခဏနေရင်မေ့သွားတာပဲ။ ကျနော်ကတော့ မျှမျှတတပဲ ရှိပါတယ်။ ကျနော် အလုပ်လုပ်တဲ့ အချိန်ကလွဲလို့ တခြားအချိန်တွေဆိုရင် သားသမီးတွေနဲ့ ဆော့ပြီးတော့ လုံးထွေးပြီးတော့နေတာပဲ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

မင်းမော်ကွန်းကတော့ သားသမီး ၃ ယောက်အနေနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားပြီး သားနဲ့သမီးတို့ကလည်း အနုပညာအလုပ်ကို ဝါသနာပါကာ လုပ်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာလည်း သမီးဖြစ်သူက ထိုင်းနိုင်ငံမှာ ၄ နှစ်ကြာ ကျောင်းသွားတက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

“နိုင်ငံကြီးသား” ရုပ်ရှင်မှာ အတူတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသွေးကို သတိရနေတဲ့ မင်းမော်ကွန်း

ရိုက်ကူးရေးမရှိတဲ့အချိန် လုပ်ဖြစ်နေတဲ့အကြောင်းတွေ ပြောပြတဲ့ မင်းမော်ကွန်း

“ထာဝရထက် နှစ်ဆ”ရုပ်ရှင်က ကော်ပီမှန်း မသိခဲ့ဘူးလို့ မင်းမော်ကွန်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading