Entertainment

အလှကုန်ပစ္စည်းတွေ စတင် ရောင်းချတော့မယ့် မင်းသမီး Millie Bobby Brown

“Stranger Things” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ ဆယ်ကျော်သက် မင်းသမီး Millie Bobby Brown ဟာ သူ့ရဲ့ အလှကုန်ပစ္စည်း ဖြစ်တဲ့ “Florence by Mills” ဆိုတဲ့ Brand ကို စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။

အခုလို မိတ်ကပ် ရောင်းချမယ့် အကြောင်းကို Millie ဟာ သူ့ရဲ့ Instagram စာမျက်နှာမှာ တင်ထားခဲ့ပြီး သူ့ရဲ့ Follower သန်း ၃၀ ကျော်က အခုလို ထုတ်လုပ်ရောင်းချတဲ့အတွက် ပျော်ရွှင်နေပါတယ်။

“ကျမက ဈေးကွက်ထဲမှာ လစ်ဟာနေတဲ့ ဆယ်ကျော်သက်တွေအတွက် ကွက်လပ်ကို ဖြည့်ပေးချင်တယ်။ ကျမ ကိုယ်တိုင်လည်း မိတ်ကပ်တွေ လိမ်းတဲ့အခါ တချို့ဟာတွေက အသားအရေနဲ့ အဆင်မပြေဘူး။ ဝက်ခြံတွေ ထွက်တာတွေ ရှိတယ်။ ဒီတော့ ကျမလိုပဲ လူကြီးတွေ အတွက် ထုတ်ထားတဲ့ မိတ်ကပ်ကို လိမ်းပြီး အဆင်မပြေဖြစ်နေတဲ့ ဆယ်ကျော်သက်တွေအတွက် ထုတ်ဖို့ စိတ်ကူူးရခဲ့တာပါ”လို့ Millie က WWD သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

သူ ထုတ်လုပ်ရောင်းချတဲ့ မိတ်ကပ်ဟာ အသီးအနှံတွေနဲ့ အဓိကပြုလုပ်ထားပြီး အမျိုးအစားမျိုးစုံ ပါရှိတယ်လို့ သိရပါတယ်။ “ဆယ်ကျော်သက်တွလည်း တတ်နိုင်မယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချမှာပါ”လို့ Millie က ထပ်မံဖြည့်စွက် ပြောခဲ့ပါသေးတယ်။

သူ ရောင်းချမယ့် အလှကုန်တွေဟာ အနိမ့်ဆုံး ၁၀ ဒေါ်လာ ကနေ အမြင့်ဆုံး ၃၄ ဒေါ်လာ အထိသာ ရှိတယ်လို့ သိရပါတယ်။ သူ့ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအနေနဲ့ Online Shop တွေမှာ ဝယ်နိုင်ဖို့ စီစဉ်ထားတယ်ဆိုပေမယ့် အခုချိန်အထိတော့ ရောင်းချခြင်း မရှိသေးပါဘူး။

Millie က သူ့ရဲ့ Instagram စာမျက်နှာမှာ “ဒီအလှကုန်ကို ရောင်းဖို့ စီစဉ်နေတာ ၂ နှစ် ကျော်ပါပြီ။ ၂ နှစ်လောက် လျှို့ဝှက်ထားရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ပြောခွင့်ရခဲ့ပါပြီ။ နေ့တိုင်းချစ်ပေးနေလို့ ကျေးဇူးတင်ပါတယ်”ဆိုတဲ့ စာသားနဲ့ အတူ ရေးတင်ထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေက Millie ရောင်းချမယ့် အလှကုန်ကို စောင့်ဆိုင်းနေပြီး ရောင်းချမယ့်နေ့ရက်ကို ဆက်လက် ပြောသွားမယ်လို့ သူက ဆိုပါတယ်။

Ref. MTV.com

You may also like these stories:

Netflix မှာ ကြည့်ရှုသူ စံချိန်တင်ခဲ့တဲ့ “Stranger Things Season 3”

Loading