Entertainment

သမီးဦးလေး နာမည်ပေးရင် "လွင်"ပါအောင် ပေးမယ်လို့ စန္ဒီမြင့်လွင် ပြော

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်ကမှ သမီးဦးလေး မွေးဖွားထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ သမီးလေး အနားမှာ အနီးကပ် ပြုစုစောင့်ရှောက်နေပြီး သမီးလေးနဲ့ ပတ်သက်လို့ နာမည်ပေးဖို့ကိုတော့ မရွေးချယ်ရသေးဘူးလို့ ဆိုပါတယ်။

“သမီးလေး မျက်နှာကြည့်ပြီး အေးချမ်းတာပေါ့၊ လောလောဆယ်တော့ သူ့အနားမှာပဲ နေနေရတာ။ နို့စို့လိုက်၊ အိပ်လိုက်နဲ့။ ကိုယ်တိုင် သမီးလေးကို သေသေချာချာ လုပ်ပေးတာပေါ့။ ဘယ်လောက်ပဲ စိတ်ချရတဲ့ သူဖြစ်ဖြစ်၊ ဘယ်လောက် တော်တဲ့သူဖြစ်ဖြစ်၊ ကလေး အသံလေးထွက်တာနဲ့ ထရတာပေါ့။ ဒါကလည်း အမေတိုင်း ကြုံရတဲ့ကိစ္စပေါ့”

“အွန်လိုင်းပေါ်မှာ တင်ဖြစ်တာကလည်း ကလေးအမေတိုင်း ကြုံရတဲ့ အခက်အခဲကို ပြောတာပါ။ ဘယ်သူ့ကိုမှ ရည်ညွှန်းပြီး ပြောတာ မဟုတ်ပါဘူး။ သမီးလေး နာမည် မရွေးရသေးဘူး။ နာမည်ရွေးပြီးရင် မကြီးတို့နဲ့ ပြန်တိုင်ပင်မှာပေါ့။ အဖေရော အမေရော လွင်ပါတော့ လွင်တော့ ပါရမှာပေါ့”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။

သမီးဦးလေးကို အချိန်ပေးရင်း အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်တော့မယ့် စန္ဒီမြင့်လွင်က သမီးလေးနဲ့ သင့်တော်မယ်ထင်ရင် ကြော်ငြာတွေ လက်ခံမယ်လို့ ဆိုပါတယ်။

“သမီးလေးကို အချိန်ပေးရင်း သီချင်းတွေ ပြန်ဆိုဖြစ်မယ်။ နောက်လလောက် သွင်းလက်စ Album ပြန်သွင်းပြီး အနုပညာတွေ လုပ်နိုင်သလောက် ပြန်လုပ်သွားမှာပါ။ သမီးလေးနဲ့ ရိုက်ဖို့ ပြောထားတာတွေလည်း ရိုက်မယ်။ သမီးနဲ့ ဘယ်လို ကြော်ငြာ ရိုက်မယ်၊ မရိုက်ဘူး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်လည်း တကယ်ကြိုက်တယ်၊ ကလေးနဲ့လည်း သင့်တော်တယ်ဆိုရင်တော့ ကြော်ငြာ လက်ခံဖြစ်မှာပါ”

“ကိုယ့်ကို လာကမ်းလှမ်းတယ် ဆိုကတည်းက ကျေးဇူးတင်ရမှာပဲ။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီးဒီက အိမ်ထောင်ကျတာနဲ့၊ ကလေးယူတာနဲ့ ပရိသတ်ကို အချိန်မပေးနိုင်တာတွေ ဖြစ်သွားတဲ့အတွက် သီချင်းတွေ အကောင်းဆုံး ပြန်ဆိုဖို့ ကြိုးစားပါ့မယ်”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်ကတော့ “ဆေးရောင်လှလှ ခြယ်ရအောင်” ဆိုတဲ့ တကိုယ်တော်အခွေ စတင် ထွက်ရှိခဲ့တာဖြစ်ပြီး “Queen” ၊ “ကလီယိုပက်ထရာ” စတဲ့ တကိုယ်တော် အခွေများ ထွက်ရှိထားပါတယ်။

You may also like these stories:

ကလေးမွေးပြီးတဲ့အခါ အခွေထွက်ရင် သမီးလေး နာမည်ပေးမယ့် အဆိုတော် စန္ဒီမြင့်လွင်

ရင်သွေးလေး လွယ်ထားရပြီလို့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံပြေ

Did you find apk for android? You can find new Free Android Games and apps.
Loading