လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ အင်ချွန်းတိုက်ပွဲ မတိုင်မီ တရက်အလိုမှာ အဲ့ဒီခေတ်တုန်းက ကျောင်းသားတွေကနေ စစ်သားအဖြစ် တာဝန်ထမ်းတဲ့သူ ၇၇၃ ဦးတို့ဟာ မြောက်ပိုင်း ဂျောင်ဆန်းပြည်နယ်က ဂျန်ဆာရီဆိုတဲ့ ဒေသကို ရောက်ရှိလာခဲ့ပြီး ကိုရီးယားစစ်ပွဲမှာ အလှည့်အပြောင်း ဖြစ်လာမယ့် အပြောင်းအလဲကို စတင်ခဲ့ကြပါတယ်။
သမိုင်းဝင် တိုက်ပွဲထဲမှာ ပါဝင်ခဲ့တဲ့ အဲ့ဒီ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Kwak Kyung-taek နဲ့ Kim Tae-hoon တို့ ရိုက်ကူးပုံဖော်ထားတဲ့ “a” မှာ ဖော်ပြထားပြီး သရုပ်ဆောင်တွေကတော့ ကင်မြောင်မင်း၊ ချွဲမင်ဟိုနဲ့ဟောလိဝုဒ်မင်းသမီး Megan Fox တို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က၊ ဆိုးလ်မြို့မှာပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အတွက် သတင်းစာရှင်းလင်းပွဲမှာ မင်းသမီး Fox က “ရိုက်ကွင်း၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ Kwak ရဲ့ စိတ်နှစ်မြှုပ်မှုတွေရဲ့ ဆွဲခေါ်မှုကို ခံစားခဲ့ရပါတယ်။ ဒါဟာ ကိုရီးယားသမိုင်းမှာ အရေးကြီးတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ တကယ့်ကို စွန့်လွှတ် အနစ်နာခံခဲ့ကြတာပါ။ ကျမက ပုံမှန်အားဖြင့် CGI နဲ့ ဖန်တီးထားတဲ့လိပ်တွေ၊ စက်ရုပ်တွေနဲ့ အလုပ်လုပ်ခဲ့ရတာပါ” လို့ ပြောပါတယ်။
မင်းသမီးဟာ “Teenage Mutant Ninja Turtles” နဲ့ “Transformer” ရုပ်ရှင်စီးရီးတွေမှာ ပါဝင်ခဲ့ပြီး ကမ္ဘာကျော်ခဲ့သူလည်း ဖြစ်ပါတယ်။
ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေက တကယ့်တိုက်ပွဲ မတိုင်မီ သီတင်းပတ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတဲ့ ကျောင်းသားနဲ့ စစ်သားလေးတွေကို လေးစားတဲ့အကြောင်း ဖော်ပြပြောဆိုခဲ့ကြပါတယ်။ ဒါရိုက်တာ Kwak ကတော့ ဒီမိုကရေစီကို ကာကွယ်ဖို့ စွန့်လွှတ် အနစ်နာခံသွားကြတဲ့သူတွေအတွက် လေးစားမှုနဲ့ ကျေးဇူးတင်မှုကြောင့် ဒီရုပ်ရှင်ကို ရိုက်ကူးရတာဖြစ်တယ်လို့ဆိုပါတယ်။
အခုရုပ်ရှင်မှာ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူး လီမြောင်မွန်းအဖြစ် ပါဝင်ထားတဲ့ မင်းသား ကင်မြောင်မင်းကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ လူတွေ ပိုသိလာဖို့ဆိုတဲ့ တာဝန်သိစိတ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
သူက “ဗိုလ်မှူး လီဆိုတာ တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အရေးကြီးတဲ့ တိုက်ပွဲတခုဖြစ်ပြီး မြင့်မြတ်တဲ့ စွန့်လွှတ်မှုတွေက မေ့မရနိုင်လောက်အောင်ပါပဲ။ မြောက်ကိုရီးယား စစ်တပ်ကို တိုက်ခိုက်ဖို့ ကျနော့်ကလေးတွေ အရွယ်လောက်ရှိတဲ့ ကောင်လေးတွေရဲ့ လွန်ခဲ့တဲ့ ၆၅ နှစ်တုန်းက အကြောင်းကို ပြန်စဉ်းစားမယ်ဆိုရင် တော်တော်လေးကို အံ့သြဖို့ကောင်းပါတယ်”လို့ ဆိုပါတယ်။
ပြသချိန် ၁၀၄ မိနစ်ရှိတဲ့ အဲ့ဒီရုပ်ရှင်ကိုတော့ လာမယ့် စက်တင်ဘာလ ၂၅ရက်နေ့ကနေစလို့ ရုံတင်ပြသတော့မှာ ပဲဖြစ်ပါတယ်။
Ref. Yonhap
You may also like these stories:
ဟောလိဝုဒ် အနုပညာရှင်တွေ မအောင်မြင်ခင်က လုပ်ကိုင်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်များ
လိင်တူလိင်ကွဲ နှစ်သက်ကြောင်း ဝန်ခံထားတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
Tom Felton နဲ့တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသမီး Emma Watson