ဘောလိဝုဒ်မှာရော ဟောလိဝုဒ်မှာပါ အောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသမီးချော Priyanka Chopra ဟာ ဒါရိုက်တာ Robert Rodriguez ရိုက်ကူးမယ့် “We Can Be Heroes” ဆိုတဲ့ စူပါဟီးရိုး ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
ဒါရိုက်တာ Robert Rodriguez ရဲ့ ရိုက်ကူးခဲ့ဖူးတဲ့ ရုပ်ရှင်တွေကတော့ ကလေးငယ်တွေအတွက် ရည်ရွယ်တဲ့ “Spy Kids”, “The Adventures of Sharkboy”, “Lavagirl” နဲ့ “Shorts” ရုပ်ရှင်တွေအပြင် အရွယ်ရောက်သူတွေအတွက် ရည်ရွယ်တဲ့ “From Dusk Till Dawn”, “Sin City” နဲ့ “Machete” တို့ပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် အစောပိုင်းမှာလည်း Robert Rodriguez ရိုက်ကူးခဲ့တဲ့ “Alita: Battle Angel” ဇာတ်ကားဟာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အခုအချိန်မှာတော့ Netflix ကနေ ထုတ်လုပ်တော့မယ့် ကလေးတွေအတွက် ရည်ရွယ်တဲ့ ရုပ်ရှင်ပရောဂျက် “We Can Be Heroes” ရိုက်ကူးရေး စတင်နေပြီလည်း ဖြစ်ပါတယ်။
အခုရုပ်ရှင်မှာတော့ ဒါရိုက်တာ Robert Rodriguez ဟာ ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးတဲ့အပြင် Prodcuer အဖြစ်ပါ တာဝန်ယူထားပါတယ်။
THR ရဲ့ သတင်းတွေအရတော့ ရုပ်ရှင်ရဲ့ အကြောင်းအရာဟာ ကမ္ဘာပေါ် စီးနင်းဝင်ရောက်လာတဲ့ ဂြိုဟ်သားတွေဟာ စူပါဟီးရိုးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် သူတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတွေ ပါဝင်တဲ့ အဖွဲ့တခုကို ဖွဲ့စည်းကာ ပြန်လည် ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။
“We Can Be Heroes” ရုပ်ရှင်ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမလဲဆိုတာကို မသိရသေးပေမယ့် ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Christian Slater, YaYa Gosselin, Captain Marvel မှာ ပါဝင်ခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Akira Akbar တို့ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ အသံပိုင်း အထူးပြုလုပ်ချက်တွေဟာ အခြား စူပါဟီးရိုးရုပ်ရှင်တွေနဲ့ ကွဲပြားခြားနားအောင် ဖန်တီး ထားတာဖြစ်တဲ့အပြင် မင်းသမီးချော Priyanka Chopra ဟာ သူ သရုပ်ဆောင်နေကျ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ ဇာတ်ကောင် စရိုက်အတွက် ဘယ်လို သရုပ်ဆောင်ထားမလဲ ဆိုတာကိုတော့ ရုပ်ရှင်ထွက်ရှိလာချိန်မှာ ရုပ်ရှင်ချစ် ပရိသတ်တွေ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Ref. Screenrant.com
You may also like these stories:
ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက် ၁၀ နှစ် ကွာတာကြောင့် ဝေဖန်ခံနေရတဲ့ Priyanka Chopra
လန်ဒန်မြို့ရှိ Madame Tussauds ပြတိုက်မှာ Priyanka Chopra ရဲ့ ဖယောင်းရုပ်တုဖွင့်လှစ်
စစ်တပ်ကို အားပေးတဲ့ ပို့စ်ကြောင့် မင်းသမီး Priyanka Chopra ဝေဖန်ခံရ