Entertainment

"မင်းသမီး မဖြစ်ချင်ဘူး၊ သရုပ်ဆောင်ပဲ ဖြစ်ချင်တာပါ"လို့ ညီညီမောင် (စမ်းချောင်း) ပြော 

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)ကတော့ ဇာတ်ကားက သူ့ဘဝအတွက် အမှတ်တရ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ကျားကျားကြိုက်ကြိုက် ဇာတ်ကားလေးက ခရီးသွား ဟန်လွဲလေးတွေနဲ့  အပျော်လေးတွေပါပဲ။ ပထမဆုံး ရိုက်တဲ့နေ့မှာ အလွဲတွေ၊ အမှားတွေ ရှိတယ်။ ကင်မရာတွေ မီးတွေကို ကြောက်နေတယ်။ အနောက်ကနေ ပံ့ပိုးသူအနေနဲ့သာ နေခဲ့တာ၊ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ရှိချိန်မှာ တော်တော်ကို ကြောက်တယ်။ ဒါရိုက်တာက သေချာရိုက်ပေးတော့ အဆင်ပြေပါတယ်”

“သုသုတို့ကို ဝေဖန်မယ့်သူတွေကလည်း ဝေဖန်မှာပဲ။ ချစ်တဲ့ သူတွေကလည်း ချစ်တဲ့မျက်စိနဲ့ ကြည့်ပေးကြမှာပဲ။ မကောင်းတာမြင်တဲ့သူ ကျတော့လည်း သူက မင်းသမီး ဖြစ်လာမှာလည်း မဟုတ်ဘူးပေါ့။ မင်းသမီး မဖြစ်ချင်ပါဘူး။ သရုပ်ဆောင်ပဲ ဖြစ်ချင်တာပါ။ ရုပ်ရှင်မှာ မိန်းမလျာအစစ်တွေ သရုပ်ဆောင်အနေနဲ့ ပါရတာမျိုးပဲ ဖြစ်ချင်တာပါ”လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

ဇာတ်ကားမှာ ပါဝင်တဲ့ ရယ်စရာ ဟာသ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ညီညီမောင် (စမ်းချောင်း)က အခုလိုပဲ ပြောပါတယ်။

“တကားလုံးမှာ သီချင်းက တပုဒ်ပဲ ပါတာဆိုတော့ ဘယ်လိုရိုက်မလဲ ပြောကြတာနဲ့ ပရိသတ်ကြီး ရယ်ရမယ့်၊ ပြုံးရမယ့် ပုံလေး အပျော်လေးပဲ ရိုက်ချင်တယ်ဆိုပြီး အခွီလေး ကလိုက်တာပေါ့။ ကိုကျော်နဲ့ ကိုမြင့်မြတ်နဲ့ အရမ်းတိုက်စရာ မလိုပါဘူး”

“အဝတ်စားပိုင်းမှာလည်း သုက ခန္ဓာကိုယ်ကြီးတော့ Ready-made တွေ အဆင်မပြေတာနဲ့ ဒီဇိုင်နာ စုနှင်းထက် ချုပ်ပေးတာတွေ ဝတ်တယ်။ ကားပေါ်မှာ ကိုမြင့်မြတ်ပေါ် ပြုတ်ကျတဲ့ အခန်းက ရင်သားနဲ့ တကယ် ဖိလိုက်တာပါ။ ဘဝအတွက် အမှတ်တရတွေ အများကြီး ကျန်ခဲ့တယ်”လို့ ညီညီမောင် (စမ်းချောင်း) က ပြောပါတယ်။

ဆက်လက်ပြီး ဇာတ်ကားရိုက်ကူးရာမှာ အခက်အခဲတွေ ရှိသလို စိတ်ပူရတာတွေ၊ စိုးရိမ်ရတာတွေလည်း ရှိတယ်လို့ ညီညီမောင်က ဆိုပါတယ်။

“သရုပ်ဆောင်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ အခက်အခဲတွေလည်း ရှိတယ်။ မီးတွေ၊ မှန်တွေ ကြားထဲမှာ အလုပ်လုပ်ရတယ်။ ကိုယ်နောက်လို့ သူများတွေ ထိခိုက်မှာလည်း စိုးရတယ်။ စိတ်ပူရတာတွေ၊ စိုးရိမ်ရတာတွေရောပေါ့။ အရင်တုန်းကတော့ မင်းသမီးတွေ ဒီလောက် လွယ်လွယ်လေးကို သူတို့ ဘာလို့ မလုပ်နိုင်လဲပေါ့”

“ကိုယ်တိုင်အခုလို ရိုက်ကြည့်တော့မှ ဝဋ်လည်တာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ချိန်မှာ ကြောက်စရာကြီးလို့ မြင်တယ်။ ရိုက်တုန်းကတော့ သေးသေးလေးပဲ။ ပိတ်ကားပေါ်ရောက် သွားတော့ အကြီးကြီးတွေ ဖြစ်နေတာ။ အခုတော့ ကျန်းမာရေးအတွက် ဝိတ်ချနေတယ်”လို့ ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။

မိတ်ကပ် ညီညီမောင်(စမ်းချောင်း)ဟာ အောင်မြင်တဲ့ Makeup Artist တဦး ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယိုတွေ၊ အလှဓာတ်ပုံတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ အများအပြား ရှိနေပါတယ်။ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ကိုတော့ သြဂုတ်လ ၂၉ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။

You may also like these stories:

“လူကို လူလို့ မြင်ပြီး ခွဲခြားမှုတွေ လျော့လာတဲ့အတွက် ကျေးဇူးတင်တယ်”လို့ မထက် ပြော

ပရိသတ်က ချစ်ကြတဲ့အတွက် အမြင်ရိုင်းအောင် မနေဘူးလို့ ပြောတဲ့ မေဦးတို့ စုံတွဲ

“ရုပ်ရှင်ရိုက်တော့မှ မင်းသမီးတွေကို ကိုယ်ချင်းစာတတ်နေပြီ”လို့ ပြောတဲ့ ညီညီမောင် (စမ်းချောင်း)

မိတ်ကပ်ဖန်တီးရှင်များကို ပွဲထုတ်ရိုက်ကူးမယ့် “ကျားကျားကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး

Did you find apk for android? You can find new Free Android Games and apps.
Loading