သရုပ်ဆောင် ကျော်ကျော်က ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ဖို့ရှိပြီး ဒီလို ဖြစ်ပျက်နေတာတွေအတွက် ပြည်သူတယောက်အနေနဲ့ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ လာမယ့် ၂၄ ရက်နေ့မှာ ရေဘေး ရန်ပုံငွေအတွက် သီချင်းဆို ဖျော်ဖြေမယ်။ ဘောလုံး ကန်မယ်။ ကျနော်တု့ိ သူငယ်ချင်း ၃ ယောက်အနေနဲ့လည်း ၉ လပိုင်းလောက်မှာ လှူဒါန်းမှုတွေ လုပ်သွားဖို့ ရှိတယ်။ ရေဘေးသင့်တဲ့ နေရာတွေကို လှူသွားမယ်”
“Facebook ဖွင့်လိုက်တာနဲ့ ကြားနေရတာကတော့ စိတ်မကောင်းစရာတွေ ချည်းပဲပေါ့။ စစ်ဘေးရော၊ ရေဘေးရောဆိုတော့ တိုင်းသူပြည်သား တယောက်အနေနဲ့ စိတ်မကောင်းဘူး။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီလို ဖြစ်တဲ့အချိန်မှာ အားတင်းပြီး ကိုယ့်အားကိုယ်ကိုးတာရော၊ နိုင်ငံတော်က အဖွဲ့အစည်းတွေကို အားကိုးပြီး အကောင်းဆုံး ကျော်လွှားကြပါ”လို့ သရုပ်ဆောင် ကျော်ကျော်က ပြောပါတယ်။
“ကျနော်တို့ကတော့ မြို့ပေါ်မှာ နေနေတယ်ဆိုပေမယ့်လည်း စိတ်လည်းမကောင်းပါဘူး။ ဆုလည်း တောင်းပေးတယ်။ အားလုံး အားမလျှော့ကြပါနဲ့”လို့ ကျော်ကျော်က ဆိုပါတယ်။
လတ်တလောမှာတော့ သရုပ်ဆောင် ကျော်ကျော်က Program တွေ ရိုက်ကူးနေရပြီး ဇာတ်လမ်းတွဲနဲ့ ဇာတ်ကားရိုက်ကူးမှုများကိုတော့ စက်တင်ဘာလထဲရောက်မှ စတင် ရိုက်ကူးဖို့ ရှိမယ်လို့ ပြောပါတယ်။
“ဇာတ်လမ်းတွဲ ရိုက်တာတွေ မရှိဘူး။ ဇာတ်လမ်းတွဲတို့၊ ဇာတ်ကား ရိုက်တာတို့တော့ ၉ လပိုင်းမှပဲ စပြီးရှိမယ်။ ဇာတ်လမ်းတွဲကတော့ စာနယ်ဇင်း မိတ်ဆက်ပွဲတွေ လုပ်ဦးမှာပါ။ အဲ့ကျမှပဲ ပြောပါမယ်။ ကျနော့်အတွက် ကာရိုက်တာ ပြောင်းတယ်လို့တော့ မရှိပါဘူး။ ကျနော်တို့ကတော့ မျိုးစုံ လာငှားတဲ့အပေါ် မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်တယ်”
“အခုနောက်ပိုင်း ရုပ်ရှင် Trend ကလည်း ပြောင်းနေပြီ။ ဖြစ်ချင်တော့ ကျနော်တို့က အသက်အရမ်းကြီးတဲ့ထဲမှာလည်း မပါသလို၊ အရမ်းငယ်တဲ့ ထဲမှာလည်း မပါဘူး။ ဟိုမရောက်၊ ဒီမရောက် ဖြစ်နေတာပေါ့။ Trend တခုလုံး ချိန်းဖို့ အသက်အရွယ်အရ စောင့်ရဦးမယ်”လို့ ကျော်ကျော်က ပြောပါတယ်။
သရုပ်ဆောင် ကျော်ကျော်ကိုတော့ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျော်ကျော်က အခုလက်ရှိမှာလည်း ဇာတ်ကားတွေ၊ စီးရီးတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေသူတဦး ဖြစ်ပါတယ်။
You may also like these stories:
“အရိပ်ဇာတ်ကားမှာ ပေါက်ကျိုင်းကို အားပေးလို့ ဝမ်းသာတယ်”ဆိုတဲ့ ကျော်ကျော်