Entertainment

ဂန်းစတား ဇာတ်ရုပ်ကို မထပ်အောင် ကြိုးစား သရုပ်ဆောင်နေရတဲ့ ထူးခြား

Want create site? Find Free WordPress Themes and plugins.

ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် ထူးခြားကတော့ သူ့ကိုလာရောက် ငှားရမ်းတဲ့ ဇာတ်ကားတွေကတော့ ဂန်းစတား ဇာတ်ရုပ်တွေပဲ ဖြစ်နေတဲ့အတွက် ဂန်းစတား ဇာတ်ရုပ်ကို မထပ်အောင် ကြိုးစားသရုပ်ဆောင် နေရတယ်လို့ ပြောပါတယ်။

“ကျနော် ဇာတ်လမ်းတွဲတခု ရိုက်နေပါတယ်။ နာမည်တော့ မပြောတော့ပါဘူး။ ဂန်းစတား တယောက်ပါပဲ။ ကျနော့်ကိုက ဒါကိုပဲ လာငှားနေကြတာ ဆိုတော့ ကျနော်ကတော့ ဒီဂန်းစတားကိုပဲ မထပ်အောင် မျိုးစုံကြိုးစားနေရတယ်”လို့ ထူးခြားက ပြောပါတယ်။

ထူးခြားကတော့ အချိန်ရရင် ရသလောက် နိုင်ငံခြားကားတွေ ကြည့်ဖြစ်ပြီး သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားတွေမှာ လုပ်ခဲ့တဲ့အရာတွေကို အမြဲတမ်း မှတ်တမ်းတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။

“ရရင်ရသလောက် နိုင်ငံခြားကားတွေလည်း ကြည့်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ကားတွေမှာ ဘာလုပ်ခဲ့လဲ ဆိုတာ မှတ်တမ်းတွေ ရှိတယ်။ နောက်ကားနဲ့ မတူအောင်ပေါ့။ ကျနော့် အလုပ်အပေါ်တော့ ကျနော် သစ္စာရှိတာပေါ့နော်”လို့ ထူးခြားက ပြောပါတယ်။

ထူးခြား ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ “နိုင်ငံကြီးသား” ၊ “ဂျင်ပါတီ” ရုပ်ရှင်ကားများလည်း လက်ရှိမှာ ရုံတင်ပြသလျက် ရှိပါတယ်။ “ဂျင်ပါတီ”ဇာတ်ကားမှာတော့ ထူးခြားက ဧည့်သည် သရုပ်ဆောင်အဖြစ် ဆံပင်အရှည်နဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဧည့်သည်သရုပ်ဆောင် ဂန်းစတားတယောက် နေရာက သရုပ်ဆောင်ထားပါတယ်။ ဆံပင်အရှည်နဲ့ ကားရိုက်ခဲတယ်။ ဒါ ပထမဆုံးပေါ့” လို့ ထူးခြားက ပြောပါတယ်။

သရုပ်ဆောင်တဲ့အခါမှာလည်း ဂန်းစတား ကာရိုက်တာ ရိုက်ကူးရပြီး အပြင်မှာလည်း တကိုယ်လုံး တက်တူးများနဲ့ ပြည့်နေပေမယ့် ထူးခြားကတော့ အိမ်မြှောင်နဲ့ ဖားကို ကြောက်တတ်တဲ့သူ တယောက် ဖြစ်ပါတယ်။

“ကျနော်က ခွေးတွေဘာတွေ မကြောက်ဘူး။ ခွေးရူးလည်း မကြောက်ဘူး။ ကျနော်က အိမ်မြှောင်တို့၊ ဖားတို့ကို အသေကြောက်တာ။ အူယားတာ ကျနော်က၊ ပြောရင်းလည်း ကြက်သီးထတယ်။ ဆေးလည်း ခဏခဏ အထိုးခံရတယ်။ အဲ့လို ဆေးထိုးလို့ကတော့ ကျနော်က လက်သီးနဲ့ ထိုးတာပဲ”လို့ ထူးခြားက ဆိုပါတယ်။

သရုပ်ဆောင် ထူးခြားကတော့ သူ့ရဲ့ ဇနီးချောနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတခုကို ပိုင်ဆိုင်ထားသူတယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထူးခြားက ဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီး သူပါဝင်ထားတဲ့ ဇာတ်ကားတွေလည်း ရုံတင်ဖို့ ရှိနေပါတယ်။

You may also like these stories:

“ဂျင်ပါတီ” မှာ လူလိမ်မတယောက်အဖြစ် မြင်တွေ့ရမယ့် အိန္ဒြာကျော်ဇင်

ပထမဆုံးအကြိမ် ကင်မရာရှေ့မှာ တကိုယ်လုံး ချွတ်ခဲ့ရတဲ့ ရဲရင့်အောင်

Did you find apk for android? You can find new Free Android Games and apps.
Loading