Entertainment

ငယ်ရွယ်စဉ် ဘဝမှာ အော်စကာဆု ဆန်ခါတင် စာရင်းဝင်ခဲ့ကြတဲ့ သရုပ်ဆောင်များ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် တယောက်အဖြစ် အသက်မွေးဝမ်းကျောင်း အလုပ်ကို ရွေးချယ်လိုက်ပြီ ဆိုတာနဲ့ သရုပ်ဆောင် တယောက်ချင်းစီမှာတော့ အော်စကာဆု ရရှိဖို့ ဒါမှမဟုတ် အော်စကာ ဆန်ခါတင်စာရင်းမှာ ပါဝင်ဖို့ဟာ မျှော်လင့်ချင်စရာ အိပ်မက်ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် သရုပ်ဆောင်တွေကတော့ ကလေးဘဝကတည်းက အော်စကာဆု ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

(၁) Jodie Foster

မင်းသားကြီး Robert De Niro နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ “Taxi Driver” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ရ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ Jodie Foster ဟာ သူ့ အသက် ၁၄ နှစ် အရွယ်ကတည်းက အော်စကာ ဆန်ခါတင်စာရင်း ဝင်ခဲ့တာ ဖြစ်ပါတယ်။

 

(၂) Hailee Steinfeld

၂၀၁၁ ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော် အလုပ်တွေနဲ့အတူ လူသိများလာခဲ့တဲ့ Hailee Steinfeld ဟာ အသက် ၁၄ နှစ် အရွယ်ကတည်းက “True Grit” ရုပ်ရှင်မှာ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

(၃) Haley Joel Osment

“The Sixth Sense” ရုပ်ရှင်ဟာ ရုပ်ရှင်ချစ် ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ Haley Joel Osment ကတော့ အော်စကာဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ The Sixth Sense ရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းကဏ္ဍမှာ တစိတ်တဒေသ ပါဝင်ခဲ့ပေမယ့် ရုပ်ရှင်ထဲမှာ Haley ပြောခဲ့တဲ့ “ကျနော် လူသေတွေကို မြင်ရတယ်” ဆိုတဲ့ ဒိုင်ယာလော့ကို မှတ်မိသူ နည်းပါးပါလိမ့်မယ်။

(၄) Saoirse Ronan

“Atonement” ရုပ်ရှင်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ဆန်ခါတင်စာရင်း ဝင်ခဲ့ချိန်မှာ Saoirse Ronan ဟာ အသက် ၁၃ နှစ်သာ ရှိပါသေးတယ်။ အသက် ၂၅ နှစ် ပြည့်ပြီးချိန်မှာတော့ သူဟာ အော်စကာဆု ၃ ဆုအတွက် ဆန်ခါတင် စာရင်းဝင်ခဲ့ကာ ရုပ်ရှင်လောကမှာ အောင်မြင်နေပြီဖြစ်ပြီး “Brooklyn” (2015) နဲ့ “Lady Bird” (2017) ရုပ်ရှင်တွေကြောင့် လူသိများလာခဲ့ပါတယ်။

Ref. brightside.me

You may also like these stories:

ဟောလိဝုဒ် အနုပညာရှင်တွေ မအောင်မြင်ခင်က လုပ်ကိုင်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်များ

အော်စကာဆုမှန်းနိုင်တဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ Apple စီစဉ်နေ

IQ level မြင့်ကြတဲ့ နာမည်ကျော်အနုပညာရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading