Entertainment

"လက်ရှိ အချစ်ရေးက ဖြေရှင်းထားတဲ့ အတိုင်းပါပဲ"လို့ ပြောတဲ့ အိချောပို

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်၊ သရုပ်ဆောင် တဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့တဲ့အပေါ် သရုပ်ဆောင် အိချောပိုက အဲဒီ သတင်းစကားများကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖြေရှင်းခဲ့တဲ့ အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ချစ်သူက မင်းသားထဲက မဟုတ်ဘူးဆိုတဲ့ အကြောင်း မဟုတ်လို့ ဖြေရှင်းလိုက်တာပေါ့။ ကောလာဟလ ဆိုတာကတော့ ဒီလိုပဲ ရှိပါတယ်။ ဒီအရွယ်ထိ ရည်းစား မထားဖူးတာလည်း မဟုတ်ဘူး။ ထားခဲ့ဖူးတာပေါ့၊ အီဖူးတာလည်း ရှိတာပေါ့။ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ အကြောင်း တခုခုကြောင့် ကွဲသွားတာတွေလည်း ရှိတယ်၊ လမ်းခွဲလိုက်ရတာတွေလည်း ရှိတယ်။ စူတို့ အသက်အရွယ်မှာ ဒါတွေလည်း ရှိခဲ့တယ်။ လက်ရှိ အချစ်ရေးကတော့ ဖြေရှင်းထားတဲ့ အတိုင်းပါပဲ”လို့ အိချောပိုက ပြောပါတယ်။

အခုလက်ရှိ အသက်အရွယ် ရောက်တဲ့အချိန်အထိ ရည်းစားများ ထားခဲ့ဖူးပြီး အကြောင်း မတိုက်ဆိုင်လို့ ကွဲသွားကြတာမျိုး၊ လမ်းခွဲလိုက်ရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အိချောပို အနေနဲ့ ဘယ်လို လူမျိုးကို Crush လဲ ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

“ဘယ်လိုပုံစံမျိုးကို Crush လဲ ဆိုရင်တော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိတဲ့သူမျိုးပေါ့။ အခုတော့ မရှိသေးဘူး။ ကိုယ့်ကို Crush တဲ့သူတော့ ရှိတာပေါ့ အများကြီး။ ကိုယ်က လူကြိုက်များတဲ့ သူလား ဆိုတာကိုတော့ ငယ်ငယ်က သူငယ်ချင်းတွေကို မေးကြည့်ရမှာပေါ့”လို့ အိချောပိုက ပြောပါတယ်။

အိချောပိုက မကြာခင်မှာလည်း သရုပ်ဆောင် မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ မေမြင့်မိုရ်တို့နဲ့အတူ ရိုက်ကူးထားတဲ့ “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“ဒီကားထဲမှာတော့ ဒေါက်တာမလေး တယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ရိုက်ရတာလည်း ကောင်းပါတယ်။ အားလုံးက တစိတ်တဝမ်းတည်း ရှိကြတယ်ဆိုတော့လေ”လို့ အိချောပိုက ပြောပါတယ်။
ဒီကားရဲ့အမှတ်တရ အကြောင်းအရာများကိုလည်း အိချောပိုက အခုလို ပြောပြခဲ့ပါတယ်။

“များသောအားဖြင့် ဆုံတဲ့ အခန်းတွေက ဆေးရုံ အခန်းတွေမှာ ဆုံဖြစ်ပါတယ်။ တချို့အခန်းတွေက ဟဲဗီးတွေ လုပ်ရတယ်။ တရက်နဲ့ မရတော့ ၂ ရက်၊ ၃ ရက် ရိုက်ရတယ်။ Scene ကလည်း ရှည်တော့လေ။ အားလုံးနဲ့ အမြဲ ဆုံဖြစ်ကြတော့ အဆင်ပြေပါတယ်။ အားလုံးကတော့ ခင်ဖို့ကောင်းပါတယ်”လို့ အိချောပိုက ပြောပါတယ်။

“စူစူ”လို့ အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ် ကောက်ကြောင်း လှပမှုကြောင့် အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို ခံရသလို သူ့ရဲ့ သဘောဝကျကျ နေထိုင်မှုကြောင့် ပရိသတ်က ချစ်ခင်ရတဲ့ မင်းသမီး တယောက် ဖြစ်လို့ နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading