Entertainment

၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီး ပြုလုပ်မယ့် Westlife အဖွဲ့

Want create site? Find Free WordPress Themes and plugins.

Westlife အဖွဲ့ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီး ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ “My Love” သီချင်းနဲ့ ကမ္ဘာကျော်ခဲ့ပြီး အဖွဲ့သားတွေဖြစ်ကြတဲ့ Mark Feehily, Shane Filan, Kian Egan နဲ့ Nicky Byrne တို့နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာ အဖွဲ့ ပြန်လည် ပေါင်းစည်းတဲ့ အထိမ်းအမှတ် အနေနဲ့ “Twenty” ဆိုတဲ့ နယ်လှည့်ပွဲနဲ့ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ လာမယ့် နှစ်မှာလည်း Westlife အဖွဲ့အနေနဲ့ ကမ္ဘာတဝန်းမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက် လုပ်သွားမယ့်အပြင် ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ပြီး သီချင်းအသစ်တွေကိုလည်း ထပ်ထုပ်သွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီ အစီအစဉ်တွေကို အဖွဲ့သား တဦးဖြစ်တဲ့ Mark နဲ့ သူ့ရဲ့ခင်ပွန်းလောင်း Cailean O’Neill တို့ဟာ သူတို့ရဲ့ ပထမဆုံး သမီးလေး မရခင်အချိန်အထိ စသေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သတင်းရင်းမြစ် တခုက “Westlife အဖွဲ့ရဲ့ ခြေလှမ်းသစ်နဲ့ ပြန်စတဲ့ နယ်လှည့် ဖျော်ဖြေပွဲဟာ ထူးထူးခြားခြား အောင်မြင်မှုရခဲ့ပြီး အဖွဲ့ ထင်မှတ်ထားတာထက် ပိုကောင်းတဲ့ ဂီတတွေ ဖန်တီးဖို့လည်း စိတ်ဝင်စားနေပါတယ်။ ဒါကြောင့် အယ်လ်ဘမ်ကို လာမယ့် နိုဝင်ဘာလမှာ ဖြန့်ချိပြီးတော့ အဲ့ဒီတွေကို ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ Mirror Online ကို ပြောဆိုခဲ့ပါတယ်။

အဖွဲ့ကို ပရိသတ်တွေရဲ့ တောင်းဆိုမှုက တော်တော်လေး မြင့်တက်နေပြီး အဖွဲ့ဝင် Mark အနေနဲ့ ရင်သွေးလေး ရပြီးရင်တော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ ခရစ်စမတ်ကာလ အတွက် အစီအစဉ်တွေ ရိုက်ဖို့ အဖွဲ့ကို ရုပ်သံထုတ်လုပ်ရေးမှူးတွေ ဆက်သွယ်နေကြပြီး ၂၀၂၀ မှာလည်း ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီး လုပ်ဖို့နဲ့ အစီအစဉ်တွေ ရေးဆွဲနေကြပြီဖြစ်တဲ့ အကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုတော် Ed Sheeran နဲ့ သီချင်းတွေ တွဲလုပ်ဦးမှာဖြစ်တဲ့အတွက် Westlife အဖွဲ့ဟာ ထပ်ပြီးတော့ နာမည်ကြီးလာဖို့ ရှိနေပါတယ်။ သူတို့အဖွဲ့ရဲ့ တည်ထောင်ခြင်း နှစ် ၂၀ ပြည့် The Twenty Tour ကတော့ လက်မှတ်ပေါင်း ၇ သိန်းလောက် ရောင်းချခဲ့ရပါတယ်။

အဖွဲ့အတွက် အစီအစဉ်တွေ ထပ်လာဖို့ ရှိနေပြီး ကာလရှည် ပုံစံမျိုးနဲ့ စီစဉ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၃၉ နှစ်အရွယ် အဖွဲ့ဝင် Mark ကတော့ သူ့ရဲ့ သမီးလေးကို ဖျော်ဖြေပွဲ တလျှောက်လုံးမှာ ခေါ်လာချင်တယ်လို့လည်း ဆိုပါတယ်။

Ref. Asiaone

You may also like these stories:

စင်ကာပူမှာ ဖျော်ဖြေပွဲ လုပ်မယ့် Westlife အဖွဲ့

နယ်လှည့်ဖျော်ဖြေပွဲကို မှတ်တမ်းတင်မယ့် ရုပ်ရှင် ဖန်တီးနေတဲ့ Westlife အဖွဲ့

Westlife အဖွဲ့ ပြန်လည်ပေါင်းစည်းမည်ဟု အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading