Entertainment

ထိုင်းနိုင်ငံမှာ အနုပညာ အလုပ်တွေလုပ်ဖို့ ကမ်းလှမ်းခံရတဲ့ အဆိုတော် အုပ်စိုးခန့်

Want create site? Find Free WordPress Themes and plugins.

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ ထိုင်းနိုင်ငံမှာလည်း အနုပညာအလုပ်တွေ လုပ်ဖို့ ကမ်းလှမ်းတာတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

“ကျနော့်ကို ထိုင်းနိုင်ငံမှာလည်း ကြိုးစားဖို့ အခွင့်အရေး ပေးတယ်။ ထိုင်းမှာလည်း အလုပ်လုပ်ဖို့ ကမ်းလှမ်းတာတွေ အများကြီး ရှိပါတယ်။ ပူးပေါင်းပြီး လုပ်ကိုင်ဖို့တွေ ရှိပါတယ်။ သူတို့နဲ့ လောလောဆယ် လက်ခံထားတဲ့အလုပ်က အဆိုပိုင်းဆိုတော့ သူတို့ဆီက အနုပညာရှင်တယောက်နဲ့ ပူးပေါင်းလုပ်ဖို့တော့ လုပ်ထားပါတယ်”

“ဒီလို သွားဆိုရမှာ ပီတိဖြစ်တာပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံက အနုပညာရှင် တယောက် သူများနိုင်ငံမှာ ကြိုးစားခွင့်ရတာ အရမ်းပျော်ပါတယ်။ အဆိုအပြင် သရုပ်ဆောင်ပိုင်းပါ ကမ်းလှမ်းလာရင်လည်း လုပ်မှာပါ။ လောလောဆယ် လက်ခံထားတဲ့အလုပ် အဆင်ပြေရင်တော့ ဆက် လုပ်ကိုင်သွားမှာပါ၊ ကျနော်တို့ မြန်မာနိုင်ငံက အနုပညာရှင်တွေလည်း Talent ရှိတယ် ဆိုတာကို ပြချင်တာ”လို့ အုပ်စိုးခန့်က ပြောပါတယ်။

အဆိုပိုင်းအပြင် သရုပ်ဆောင်ကိုလည်း တွဲလုပ်သွားမယ်ဆိုတဲ့ အုပ်စိုးခန့်က အခွင့်အရေးတွေ ရရင်တော့ ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်မယ်လို့ ဆိုပါတယ်။

“ကျနော့် ပုံတွေ ထိုင်းစာတွေနဲ့ ပေါ်လာတော့ လန့်သွားတယ်။ Troll တာထင်လို့။ ထိုင်းကနေ တကယ် ဖော်ပြခံရတော့ အရမ်းဝမ်းသာပါတယ်။ အခွင့်ရေးတွေ ရရင်တော့ Fan Meeting တွေလည်း လုပ်မယ်။ ၂၀၁၉ ခုနှစ်က အနုပညာတွေကို ကြိုးစားရတဲ့ အချိန်လေးပေါ့၊ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကို သီချင်းရော၊ သရုပ်ဆောင်ပိုင်းရော တွဲပြီး သွားမယ်လို့ စဉ်းစားထားပါတယ်”

“ကျနော့်အတွက် ခက်ခဲလားဆိုတော့ ဘယ်အရာမဆို ကြိုးစား မလုပ်ဘဲနဲ့ အာရုံ မစိုက်ဘဲနဲ့တော့ မခက်ခဲတာ မရှိဘူး။ အကုန်လုံးက သုညက စတာကြောင့် အကုန်လုံး ခက်ခဲတာချည်းပါပဲ။ ကျနော်တို့က သေချာသင်ယူ လေ့လာပြီး လုပ်ရင် ဘယ်အရာမဆို Perfect ဖြစ်မှာပါ”လို့ အုပ်စိုးခန့်က ပြောပါတယ်။

အဆိုတော် အုပ်စိုးခန့်က “The Number One” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပြီး မကြာခင်မှာလည်း ဒါရိုက်တာ ပွင့်သိဂီင်္ဇော် ရိုက်ကူးမယ့် “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာ မိုရီဆာကီဝင်း၊ နေခြည်ဦး၊ ချမ်းမင်းရဲထွဋ်၊ အောင်လေးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

အချစ်ရေးသတင်းတွေကို စိတ်မပူကြဖို့ အုပ်စိုးခန့် ပြော

ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်လုပ်တော့မယ့် အဆိုတော်အုပ်စိုးခန့်

Did you find apk for android? You can find new Free Android Games and apps.
Loading