၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ ရုပ်ရှင်လောကမှာ ဝင်ငွေအကောင်းဆုံးမင်းသားများ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း နီးပါး စာရင်းထဲ ပါဝင်နေကျ မင်းသားတွေလည်း ဆက်လက် ပါဝင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဘယ်မင်းသားက နံပါတ်ဘယ်လောက်မှာ ရှိနေတယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) Dwayne Johnson (၈၉ မီလီယံ)
“The Rock” လို့ ပရိသတ်တွေသိကြတဲ့ မင်းသား Dwayne Johnson ကတော့ ဝင်ငွေ ၈၉ မီလီယံနဲ့ နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။
(၂) Chris Hemsworth ( ၇၆ မီလီယံ)
ကနေဒါမင်းသား Chris Hemsworth ကတော့ ဝင်ငွေ ၇၆ မီလီယံကျော်နဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။
(၃) Robert Downey Jr. ( ၆၆ မီလီယံ)
Iron Man ရုပ်ရှင်နဲ့ တကမ္ဘာလုံးရဲ့ နှစ်ခြိုက်မှုကို ရရှိခဲ့တဲ့ အမေရိကန်မင်းသားကြီး Robert Downey Jr. ကတော့ ဝင်ငွေ ၆၆ မီလီယံနဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း ဝင်ငွေအကောာင်ဆုံး မင်းသားများစာရင်းမှာ နံပါတ် ၃နေရာကိုပဲ ရရှိခဲ့တာကြောင့် နေရာပြောင်းလဲမှု မရှိခဲ့ပါဘူး။
(၄) Akshay Kumar ( ၆၅ မီလီယံ)
ဘောလိဝုဒ်ရုပ်ရှင် လောကမှာသာမက ကမ္ဘာမှာပါ နာမည်ကျော်ကြားတဲ့ အက်ရှင်မင်းသား Akshay Kumar ကတော့ တနှစ် ဝင်ငွေ ၆၅ မီလီယံနဲ့ နံပါတ် ၄ နေရာမှာ တည်ရှိနေပါတယ်။
(၅) Jackie Chan ( ၅၈ မီလီယံ)
နံပါတ် ၅ နေရာမှာ ရှိနေတာကတော့ လူတိုင်းနီးပါး ကြိုက်ကြတဲ့ အက်ရှင်မင်းသားကြီး Jackie Chan ပဲ ဖြစ်ပါတယ်။ ဝင်ငွေ ၅၈ မီလီယံရှိပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ အပေါစားဆန်တဲ့ ဟာသရုပ်ရှင်တွေ ရိုက်ကူးတာကြောင့် ပရိသတ်များရဲ့ ဝေဖန်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။
(၆) Bradley Cooper
အမေရိကန် မင်းသား Bradley Cooper ကတော့ ဝင်ငွေ ၅၇ မီလီယံကျော် နံပါတ် ၆ နေရမှာ ရှိနေပါတယ်။
(၇) Adam Sandler (၅၇ မီလီယံ)
ဟာသ ရုပ်ရှင်တွေနဲ့ နာမည်ကျော်တဲ့ မင်းသား Adam Sandler က ဝင်ငွေ ၅၇ မီလီယံနဲ့ နံပါတ် ၇ နေရာမှာ ရပ်တည်နေပြီး သူကတော့ မင်းသား Bradley Cooper နဲ့ ဝင်ငွေ သိပ်မကွာလှပါဘူး။
(၈) Chris Evans ( ၄၃ မီလီယံ)
Captain America အဖြစ် သရုပ်ဆောင်ပြီး ကမ္ဘာအနှံ့အပြားက အမျိုးသမီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အမေရိကန်မင်းသား Chris Evans ကတော့ ဝင်ငွေ ၄၃ ဒဿမ ၅ မီလီယံနဲ့ နံပါတ် ၈ နေရာမှာ ရှိနေပါတယ်။
(၉) Paul Rudd ( ၄၁ မီလီယံ)
Antman ရုပ်ရှင်ဇာတ်ကား Avenger ရုပ်ရှင်ဇာတ်ကားတွေနဲ တကျောပြန့် လူကြိုက်ပိုများလာတဲ့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ၊ ဟာသသရုပ်ဆောင်၊ မင်းသား Paul Rudd ကတော့ ဝင်ငွေ ၄၁ မီလီယံနဲ့ နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။
(၁၀) Will Smith (၃၅ မီလီယံ)
အာလာဒင်ရုပ်ရှင်နဲ့ ပရိသတ်ကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ အမေရိကန် မင်းသား ဖြစ်တဲ့ Will Smith ကတော့ ဝင်ငွေ ၃၅ မီလီယံနဲ့ နံပါတ် ၁၀နေရာမှာ တည်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ပြီး Youtube ချန်နယ်တခု ဖွင့်ထားတဲ့ Will Smith ဟာ မိသားစုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို အဲဒီ ချန်နယ်မှာ တင်လေ့ရှိပြီး ပရိသတ်တွေနဲ့ နီးကပ်အောင် နေနေတာကို တွေ့ရပါတယ်။
အခုဖော်ပြတဲ့ စာရင်းတွေဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့အတွင်း မင်းသားတွေ ရရှိခဲ့တဲ့ ဝင်ငွေ စာရင်းဖြစ်ပြီး အပြောင်းအလဲ ရှိနေနိုင်ပါတယ်။
Ref. Forbes