Kim Kardashian West ဟာ သူထုတ်လုပ်ထားတဲ့ အတွင်းခံဝတ်စုံရဲ့ မူရင်းနာမည်ဖြစ်တဲ့ “ကီမိုနို” ဆိုတဲ့ နာမည်ကို ပြောင်းလဲဖို့ ဖိအားပေးခံရတာကြောင့် အဲ့ဒီကုန်ပစ္စည်းရဲ့ နာမည်ကို အသစ်ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။
“Keeping Up With The Kardashians” အစီအစဉ်စတား Kim ဟာ အဲဒီဝတ်စုံရဲ့ နာမည်ကို SKIMS Solutionwear လို့ ခေါ်ဆိုမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ အရင်တုန်းက သူနာမည်ပေးထားတဲ့ “ကီမိုနို” ဆိုတဲ့နာမည်က ဂျပန်ရိုးရာဝတ်စုံရဲ့ နာမည်ကို ယူထားတာကြောင့် ယဉ်ကျေးမှုဆိုင်ရာအရ မသင့်လျော်ဘူးဆိုပြီး ဝေဖန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲ့ဒီဝတ်စုံတွေရဲ့ ဓာတ်ပုံတပုံကို မျှဝေခဲ့တဲ့ Kim က “ကျမရဲ့ ပရိသတ်တွေနဲ့ Follower တွေဟာ ကျမအတွက် တော်တော်လေးကို လွှမ်းမိုးမှု ရှိပါတယ်။ ကျမက အမြဲတမ်း သူတို့တွေရဲ့ တုံ့ပြန်ချက်နဲ့ အမြင်တွေကို အမြဲနားထောင်နေခဲ့တာပါ”
“ဒါကြောင့် ဒီလိုမျိုး ပစ္စည်းအသစ်နာမည်အတွက် သူတို့ရဲ့ အိုင်ဒီယာတွေကို ဝေမျှပေးကြတာ အရမ်းကျေးဇူးတင်ပါတယ်။ တော်တော်လေးကို စဉ်းသားခဲ့ပြီးတဲ့နောက်မှာတော့ ကျမဟာ SKIMS Solutionwear ကို မိတ်ဆက်မယ်ဆိုတာကို ကြေညာဖို့ စိတ်လှုပ်ရှားနေပါပြီ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Kim က အတွင်းဘက်မှာ ကီမီုနို တံဆိပ် ရိုက်ထားတဲ့ အထည်ပေါင်း ၂ သန်းလောက်ကို ထုတ်ပြီးပြီဖြစ်တာကြောင်း နာမည်ပြောင်းဖို့ ကိစ္စအတွက် သူတော်တော်လေးကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။
အဲ့ဒီထုတ်လုပ်ထားပြီးသား ဝတ်စုံတွေကိုလည်း အလဟဿ မဖြစ်စေချင်တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပြီး နာမည်ဟောင်းကို ဖုံးပစ်ဖို့ နည်းလမ်းကိုလည်း ရှာကြံနေတယ်လို့ ဆိုခဲ့ပါတယ်။ Kim ကတော့ မူရင်းနာမည်ကို သူရွေးချယ်ခဲ့တဲ့အချိန်မှာ အပြစ်ကင်းစင်တဲ့ ရည်ရွယ်ချက်သာ ရှိခဲ့တဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံကိုလည်း အရမ်းလေးစားပါကြောင်း ပြောဆိုခဲ့ပါတယ်။
“နည်းနည်းလေး နက်နက်နဲနဲ နဲ့ စဉ်းစားကြည့်ရမယ်။ ဟုတ်တယ် ကျမတို့ ဒီလို မစဉ်းစားသင့်ဘူးလို့ မယုံကြည်တဲ့ ပထမဆုံး လူတယောက်က ကျမပါ။ ကျမမှာကတော့ အပြစ်ကင်းတဲ့ ရည်ရွယ်ချက်တွေပဲ ရှိပါတယ်။ ဒါပေမဲ့ နားထောင်ကြည့်ကြစို့။ ကျမ နားထောင်ချင်ခဲ့တယ်။ အဲ့ဒီကိစ္စတွေ ဖြစ်နေတဲ့အချိန်တုန်းက ကျမ ယောကျာ်း Kanye က ဂျပန်မှာ ရှိနေခဲ့တယ်။ ဂျပန်ဆိုတာ ကျမတို့ချစ်ပြီး သွားချင်တဲ့နေရာတခုပါ။ ကျမ အရမ်းလေးစားပါတယ်” လို့ Kim က Instagram မှာ ရေးသား တင်ခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
နာမည်ပြောင်းလိုက်တဲ့ ကီမိုနိုအတွင်းခံ ၂ သန်းကို အလဟဿ မဖြစ်အောင် Kim Kardashian ကြိုးပမ်းနေ
ဝေဖန်မှုများကြောင့် Kim Kardashian ရဲ့ “ကီမိုနို”အတွင်းခံကို နာမည်ပြောင်းပေးမည်
Kim Kardashian West ရဲ့ “ကီမိုနို” အတွင်းခံကို ဂျပန်နိုင်ငံသားတွေ ဝေဖန်