Entertainment

နောက်ရိုက်မယ့် ရုပ်ရှင်အတွက် ဝိတ်ချနေတဲ့ မင်းသား Tom Holland

Want create site? Find Free WordPress Themes and plugins.

စပိုက်ဒါမန်း သရုပ်ဆောင် ကိစ္စတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကြုံတွေ့နေရတဲ့ မင်းသား Tom Holland က နောက်ရိုက်မယ့် ရုပ်ရှင်အတွက် အရမ်းပိန်အောင် လုပ်နေရတယ်လို့ Comicbook ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ သတင်းတွေ အရ သိရပါတယ်။

ဒရာမာ ရုပ်ရှင်ဖြစ်တဲ့ “Cherry” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့အတွက် အခုလို ဝိတ်ချနေတာရလည်း ဖြစ်ပြီး အဲဒီရုပ်ရှင်ကို “Avenger Infinity War” ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေကပဲ ရိုက်ကူးမှာ ဖြစ်ပါတယ်။

“ဒီရုပ်ရှင်က ကျနော့်ဘဝမှာ တခါမှ မရခဲ့ဖူးတဲ့ ခံစားချက်တွေနဲ့ ပုံဖော်ရမယ့် ရုပ်ရှင်မျိုးပါ။ အဲဒီအတွက် ဇာတ်ကောင်နဲ့ ကိုက်ညီအောင် အရမ်းကို ဝိတ်ချနေရတယ်။ ကျနော်က ပီဇာအရမ်းကြိုက်တော့ သိပ်အဆင်မပြေသေးပါဘူး။ ဒါပေမဲ့ ကျနော် ရအောင် လုပ်မှာပါ”

“ကျနော့်မှာ အချိန် ၆ ပတ်လောက် ရသေးတယ်။ စစ်တပ်လေ့ကျင့်ရေး စခန်းတခုမှာ ကျနော် စာရင်းပေးထားပြီးပြီ။ ဒီရက်ပိုင်းမှာတော့ တခါမှ မလုပ်ဖူးတဲ့ ပြင်းပြင်းထန်ထန် ပြေးတာမျိုးတွေလုပ်ပြီး ပိန်အောင် ကြိုးစားနေပါတယ်”လို့ မင်းသား Tom Holland က အင်တာဗျူးတခုမှာ ဖြေခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ မင်းသား Tom Holland ဟာ ရုပ်ရှင်လောကကို မဝင်ရောက်ခင်ကတည်းက ဘဲလေးအက ကခြင်းနဲ့ ကြွက်သားအလှ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပြီး နာမည်ကြီးခဲ့ပေမယ့် အခု ကိုယ်အလေးချိန် လျှော့ချရတာကတော့ အသစ်အဆန်းတခု ဖြစ်နေတယ်လို့ ပြောပါတယ်။

လေ့ကျင့်ရေးတွေ ပြုလုပ်နေတဲ့အချိန် မတော်တဆ ချော်လဲသလို ဖြစ်သွားတာကြောင့် ခြေထောက်အရိုး ကျိုးသွားသလို ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံကို သွားခဲ့ရသေးတယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ထွက်ရှိမယ့် “Cherry” ရုပ်ရှင်ဇာတ်ကားဟာ Nico Walker ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးမှာ ဖြစ်ပြီး Russo Brother က ဒါရိုက်တာအနေနဲ့ ရိုက်ကူးမှာ ဖြစ်လို့ အရမ်း စိတ်လှုပ်ရှားနေရတယ်လို့ Tom Holland က ပြောပါတယ်။

Ref. Comicbook

You may also like these stories:

Tom Holland ကို Spider-Man အဖြစ် မြင်တွေ့ရဖို့ မသေချာတော့

ဇာတ်ဝင်ခန်းတွေကို ပြောပြတတ်တဲ့ Tom Holland ကို ဒါရိုက်တာတွေက ဇာတ်ညွှန်း ပေးမဖတ်ဟု ဆို

ခန့်မှန်းထားတာထက် ဝင်ငွေ ပိုရပြီး စံချိန်တင်ခဲ့တဲ့ “Spider-Man: Far From Home” ရုပ်ရှင်

Did you find apk for android? You can find new Free Android Games and apps.
Loading