Entertainment

ခင်ပွန်းသည် Nick Jonas ကို Photoshop နဲ့ ပြင်ထားတဲ့ပုံတင်ပြီး အားပေးခဲ့တဲ့ Priyanka Chopra

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ Video Music Awards ဆုပေးပွဲမှာ Jonas Brothers အဖွဲ့ဆုရရှိချိန်တုန်းက အထီးကျန်ဖြစ်နေရတဲ့ ခင်ပွန်းဖြစ်သူ Nick Jonas ရဲ့ ဓာတ်ပုံတခုကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေရဲ့ ဂရုဏာသက်မှုကို ရရှိခဲ့ပြီးနောက် မင်းသမီး Priyanka Chopra ကတော့ အဲ့ဒီဓာတ်ပုံကို အထူးပြုလုပ်ချက်နဲ့ ပြင်ဆင်ခဲ့တာကြောင့် ပရိသတ်တွေကြား မှတ်မှတ်ရရ ပြောစရာဖြစ်ခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူ  Nick က ဆုရတဲ့အချိန်မှာ သူ့ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ Kevin နဲ့ Joe တို့က သူတို့ရဲ့ ဇနီးတွေဖြစ်ကြတဲ့ Danielle ၊ မင်းသမီး Sophie Turner တို့နဲ့ နမ်းရှုပ်နေတဲ့ကြားထဲမှာ မတ်တပ်ရပ်နေခဲ့တာဖြစ်ပြီး အဲ့ဒီဓာတ်ပုံကိုပဲ Priyanka က Photoshop နဲ့ ပြုပြင်ခဲ့တာဖြစ်ပါတယ်။

ဇနီးသည်မပါလို့ ဆုပေးပွဲမှာ အထီးကျန်ဖြစ်နေရတဲ့အပေါ် အရွှန်းဖောက်ပြောဆိုမှုတွေကို Priyanka က Nick  ကို နွေးထွေးစွာဖက်နေတဲ့ ဓာတ်ပုံတပုံက အသံတိတ်သွားစေခဲ့ပါတယ်။

မင်းသမီးက “ကျမ ရှင်နဲ့အတူ ရှိနေပါတယ်။ ဂုဏ်ယူပါတယ်။ ကျမရှင်တို့အားလုံးအတွက် ဂုဏ်ယူပါတယ်” လို့ ရေးသားခဲ့ပါတယ်။ အခုလိုမျိုး သူတို့စုံတွဲရဲ့ တဦးအပေါ် တဦးချစ်မြတ်နိုးကြတဲ့အကြောင်းအရာတွေကို မြင်တွေ့ခဲ့ကြပြီးတဲ့နောက် သူ့ရဲ့ ပရိသတ် တော်တော်များများနဲ့ သူငယ်ချင်းတွေက တကယ့်ကိုပဲ ရင်ထဲမှာခံစားခဲ့ကြရပါတယ်။

ပြီးတော့ အဲ့ဒီ Photoshop နဲ့ပြုပြင်ထားတဲ့ ဓာတ်ပုံကို ချီးကျုးပြောဆိုတဲ့သူတွေလည်း ရှိနေခဲ့ပါတယ်။ အဆိုတော် Taylor Swift နဲ့ Ariana Grande တို့က အဓိကဆုကြီးတွေကို ရယူနိုင်ခဲ့ပြီးတဲ့နောက် မူရင်း ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

ပထမမှာတော့ ပရိသတ်တွေက အဲ့ဒီဓာတ်ပုံထဲက Nick ညီအစ်ကိုချင်းအတူတူ၊ အိမ်ထောင်သည်ချင်းအတူတူ ဖြစ်ပါလျက်နဲ့ အထီးကျန်နေရတဲ့အကြောင်း အပြောင်အပျက် ပြောဆိုခဲ့ကြပါတယ်။ Jonas Brothers အဖွဲ့ဟာ နှစ်ပေါင်း ၁၁ နှစ်ကြာပြီးတဲ့နောက် Sucker သီချင်းနဲ့ အကောင်းဆုံး Pop သီချင်းဆုကို ရရှိခဲ့ပြီး ဆုပေးပွဲမှာလည်း ဖျော်ဖြေခဲ့ပါတယ်။

ဆုပေးပွဲကို အဖွဲ့ထဲက ညီနောင်နှစ်ဦးကတော့ သူတို့ရဲ့ သက်ဆိုင်ရာ ဇနီးတွေကို ခေါ်လာခဲ့ပေမယ့် Priyanka က ပွဲကိုတက်ရောက်နိုင်ခြင်းမရှိတာကြောင့် Nick  တယောက်ပွဲခင်းထဲမှာ အထီးကျန်နေခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး ဆုရပြီးတဲ့နောက် Joe၊ Kevin တို့နဲ့အတူ ဆုကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတပုံကို Nick က Instagram မှာ တင်ခဲ့ပါတယ်။

သူက “အကောင်းဆုံး Pop ဗီဒီယို၊ ကျေးဇူးတင်ပါတယ်။ Sucker တွက် မဲပေးခဲ့ကြတဲ့ ကမ္ဘာလုံးမှာရှိတဲ့အကောင်းဆုံး ပရိသတ်တွေရှိပါတယ်။ မွေးရပ်မြေမှာ ဒီလိုမျိုးဆုရတာတကမ္ဘာလုံးကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။” လို့ ရေးသားခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

Netflix ရဲ့ စူပါဟီးရိုး ရုပ်ရှင်ကားမှာ ပါဝင်လာမယ့် ဘောလိဝုဒ်မင်းသမီး Priyanka Chopra

စစ်တပ်ကို အားပေးတဲ့ ပို့စ်ကြောင့် မင်းသမီး Priyanka Chopra ဝေဖန်ခံရ

လန်ဒန်မြို့ရှိ Madame Tussauds ပြတိုက်မှာ Priyanka Chopra ရဲ့ ဖယောင်းရုပ်တုဖွင့်လှစ်

ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက် ၁၀ နှစ် ကွာတာကြောင့် ဝေဖန်ခံနေရတဲ့ Priyanka Chopra

Did you find apk for android? You can find new Free Android Games and apps.
Loading