Entertainment

သြဂုတ်လအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ

Want create site? Find Free WordPress Themes and plugins.

ပရိသတ်စိတ်ဝင်စားမှုကို အများဆုံးရရှိနေတဲ့ ကိုရီးယားနိုင်ငံရဲ့ အပတ်စဉ်ပြသနေဆဲ စီးရီး၊ Drama ဇာတ်ကား ကောင်းတွေထဲက သြဂုတ်လအတွင်း ကြည့်ရှုသူအများဆုံးလို့ သတ်မှတ်ထားတဲ့ Ratings အမြင့်ဆုံး ဇာတ်လမ်း တွဲတွေရဲ့ ကြည့်ရှုနှုန်းတွေကို စုစည်းပေးထားပါတယ်။

သြဂုတ်လရဲ့လေးပတ်မြောက် တနင်္လာ၊ အင်္ဂါဇာတ်လမ်းတွဲတွေထဲမှာ ထိပ်ဆုံးကရပ်တည်နေတာကတော့ “Welcome 2 Life” ပါ။ မင်းသား Rain ၊ မင်းသမီး Lim Ji Yeon တို့ခေါင်းဆောင်ပါဝင်ထားပြီး ကားမတော်တဆမှုကြောင့် သတိမေ့သွားရာကတဆင့် Parallel Universe မှာ ဘဝသစ်တခုဆီ ရောက်သွားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ 5.5 ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေပေမယ့် အရင်အပတ်တွေထက် Ratings အနည်းငယ် ကျနေပါတယ်။

သြဂုတ် ၂၆ မှာ စတင်ပြသခဲ့တဲ့ မင်းသား Song Seung Heon ခေါင်းဆောင်းပါဝင်ထားတဲ့ “The Great Show” ကတော့ ပထမဆုံးရက်မှာ Rating 3.1 ရာခိုင်နှုန်းရှိပေမယ့် နောက်ရက်မှာတော့ ပြန်ကျသွားခဲ့ပါတယ်။ စပြပြ ချင်း Rating မကောင်းခဲ့တဲ့ “Let me Hear Your Song” ကတော့ လေးပတ်မြောက်မှာ Rating 3.7 ရာခိုင် နှုန်းထိ တက်လာခဲ့ပါတယ်။

ဗုဒ္ဓဟူး၊ ကြာသပတေး ဇာတ်လမ်းတွဲတွေထဲမှာတော့ မင်းသား Cha Eun Woo နဲ့ မင်းသမီး Shin Se Kyung တို့ရဲ့ “Rookie Historian Goo Hae Ryung” က 7.1 ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး “Justice” ဇာတ်ကား ကတော့ အရင်ပတ်ထက် ကြည့်ရှုနှုန်းပြန်ကျသွားပါတယ်။

သြဂုတ် ၂၆ မှာစပြတဲ့ “Graceful Family” ဇာတ် လမ်းတွဲက ပထမဆုံးရက်မှာ rating မြင့်ပြီး တာထွက်ကောင်းခဲ့ပေမယ့် ဒုတိယနေ့မှာ ပြန်ကျသွားပြန်ပါတယ်။

အပတ်စဉ်ဇာတ်လမ်းတွဲတွေရဲ့ နောက်ဆုံးအပိုင်း သောကြာ၊ စနေ ၊ တနင်္ဂနွေ ဇာတ်လမ်းတွဲတွေမှာ စပြတည်းက အမြင့်ဆုံးနေရာမှာရှိနေပြီး ဒီတပတ်မှာ ဇာတ်သိမ်းပိုင်းထုတ်လွှင့်မယ့် “Hotel Del Luna” ပါ။ Rating အမြင့်ဆုံး ဇာတ်ကားကတော့ KBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ “Mother of Mine” ဖြစ်ပြီး 32.6 ရာခိုင်နှုန်းထိ ရှိပါ တယ်။ “Doctor John” ဇာတ်လမ်းတွဲလည်း ဒီတပတ်ထဲမှာ ကြည့်ရှုနှုန်းကျသွားပါတယ်။

ဖော်ပြပေးခဲ့တဲ့ Rating တွေကတော့ အဓိကရုပ်သံလိုင်းတွေလို့ သတ်မှတ်ကြတဲ့ KBS၊ MBC နဲ့ SBS တို့အပြင် ကေဘယ်လ်လိုင်းတွေထဲမှာတော့ JTBC၊ tvN၊ MBN ၊ Olive ၊ OCN နဲ့ တခြားရုပ်သံလိုင်းတွေကနေ ပြသနေဆဲ ဇာတ်လမ်းတွဲတွေကို ကြည့်ရှုသူနှုန်းကောက်ယူထားတာပါ။

Ref: Kpopmap

You may also like these stories:

အော်စကာ ဆုပေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုရုပ်ရှင်အဖြစ် “Parasite” ရွေးချယ်ခံရ

ကိုရီးယားရုပ်ရှင် “Battle of Jangsari” မှာ မြင်တွေ့ရမယ့် အမေရိကန်မင်းသမီး Megan Fox

ဖိနပ်ကြော်ငြာမှာ ညှို့အားပြင်းအလှကို ဖော်ပြခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို

အသက်လေးဆယ်ဝန်းကျင်ထိ နုပျိုချောမောနေဆဲ လူပျိုကြီးစာရင်းဝင် ကိုရီးယားမင်းသားများ

Did you find apk for android? You can find new Free Android Games and apps.
Loading