Forbes မဂ္ဂဇင်းက ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး မင်းသားများစာရင်း ကို ထုတ်ပြန်ပြီးနောက် ဝင်ငွေအကောင်းဆုံး မင်းသမီးများ စာရင်းကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ဝင်ငွေကောင်းနေတဲ့ မင်းသား မင်းသမီး တော်တော်များများဟာ စူပါဟီးရိုးဇာတ်ကောင်တွေကို သရုပ်ဆောင်ခဲ့တဲ့သူတွေ ဖြစ်နေတာကိုလည်း ထူးခြားစွာတွေ့ရှိရပါတယ်။ ဒါကြောင့် ဒီနှစ်အတွက် ထုတ်ပြန်ထားတဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီးများ စာရင်းကို ဖော်ပြချင်ပါတယ်။
(၁) Scarlett Johansson ( ၅၆ မီလီယံ)
Black Widow ဇာတ်ကောင် အပါအဝင် အခြားရုပ်ရှင်ဇာတ်လမ်းတွေမှာပါ အမျိုးသားတွေကို သိမ်းပိုက်ထားနိုင်တဲ့ Marvel Studio က သရုပ်ဆောင် Scarlett Johansson ကတော့ တနှစ် ဝင်ငွေ ၅၆ မီလီယံနဲ့ နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။
(၂) Sofia Vergara ( ၄၄ မီလီယံ)
အသက် ၄၇နှစ်ရှိပြီ ဖြစ်တဲ့ ကိုလံဘီယာနိုင်ငံသူ မင်းသမီး Sofia Vergara ကတော့ ဝင်ငွေ ၄၄ မီလီယံနဲ့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ ဟာသကားတွေ အရိုက်များသူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက ရိုက်နေတဲ့ ဇာတ်လမ်းတွဲ တခုမှာလည်း အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
(၃) Reese Witherspoon ( ၃၅ မီလီယံ)
Legally Blonde ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီးကြီး Reese Witherspoon ကတော့ ဝင်ငွေ ၃၅ မီလီယံနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ သူမရိုက်ကူးနေတဲ့ ရုပ်သံစီးရီး တခုအတွက် တပိုင်းကို ဝင်ငွေ ၁ ဒဿမ ၂၅ မီလီယံ ရရှိတဲ့ အမေရိကန်နိုင်ငံရဲ့ လေးယောက်မြောက်ဝင်ငွေ အကောင်းဆုံး ရုပ်သံစတားတယောက်လည်း ဖြစ်ပါတယ်။
(၄) Nicole Kidman ( ၃၄ မီလီယံ)
အမေရိကန် မင်းသမီး Nicole Kidman ကတော့ ဝင်ငွေ ၃၄ မီလီယံနဲ့ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။
(၅) Jennifer Aniston ( ၂၈ မီလီယံ)
၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Friends ရုပ်သံဇာတ်လမ်းတွဲကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ မင်းသမီး Jennifer Aniston ကတော့ တနှစ် ဝင်ငွေ ၂၈ မီလီယံနဲ့ နံပါတ် ၅ နေရာများ တည်ရှိနေပါတယ်။
Ref;forbes
Forbes မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားများ
Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားစာရင်းမှာ Dwayne Johnson ဦးဆောင်
Forbes မဂ္ဂဇင်းရဲ့ တနှစ်တာ ဝင်ငွေအကောင်းဆုံး Celebrity အဖြစ် Taylor Swift သတ်မှတ်ခံရ