Sony နဲ့ Disney တို့လမ်းခွဲလိုက်ကြပေမယ့် နောက်ထပ်ထွက်ရှိလာမယ့် ပင့်ကူလူသားရုပ်ရှင်တွေမှာ သူဆက်လက်ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်တယ်လို့ မင်းသား Tom Holland က အသိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ D23 Expo မှာ မင်းသား Tom က “ပင့်ကူလူသားနေရာမှာ သရုပ်ဆောင်နေတဲ့ ကျနော့်အတွက်တော့ အဆုံးသတ်မဟုတ်ပါဘူး။ နောက်ထပ်လာဖို့ရှိပါသေးတယ်” လို့ ပရိသတ်တွေကိုပြောဆိုခဲ့ပါတယ်။ မင်းသား Tom ကတော့ နောက်ထွက်လာမယ့် ရုပ်ရှင်အတွက် ဆွေးနွေးနေကြပြီလို့ ဆိုပါတယ်။
သူက “ကျနော်တို့ရဲ့ ဖန်တီးသူတချို့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ‘Spider-Man 3’ ကိုထူးခြားတဲ့ပုံစံမျိုးနဲ့ မြင်ရမှာ ဖြစ်ပြီး တော်တော်လေးကို ဆန်းပြားမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။ မင်းသားကတော့ နောက်ထွက်လာမယ့် ရုပ်ရှင်မှာတော့ ဇာတ်ကောင်တွေအားလုံးနဲ့ ပင့်ကူလူသားစူပါဟီးရိုးကြားက ပတ်သက်ဆက်နွယ်မှု ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။
မင်းသားက “တကယ့်ကိုစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကျနော်တို့ဟာ ပင့်ကူလူသားကမ္ဘာကို ပိုချဲ့ထွင်နိုင်ပြီး ဇာတ်ကောင်တွေကို ပိုမိုသယ်ဆောင်လာနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Disney နဲ့ Sony တို့ကြား Marvel Cinematic Universe တစိတ်တပိုင်းအဖြစ် ပင့်ကူလူသားကို ဆက်လက်ထည့်သွင်းရေး ထပ်တိုးသဘောတူညီချက်မရတာ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး မင်းသား Tom ရဲ့မှတ်ချက်စကား ထွက်ပေါ်လာတာ လည်း ဖြစ်ပါတယ်။
Sony ကတော့ ပြသခဲ့ပြီးဖြစ်တဲ့ “Venom” နဲ့ မကြာခင်ပြသဖို့ ရှိတဲ့ “Morbius” ရုပ်ရှင်တို့လိုမျိုး ပင့်ကူလူသားရုပ်ရှင်ထဲက ဇာတ်ကောင်တွေ ပါဝင်တဲ့ ရုပ်ရှင်လောကကြီးတခုကိုလည်း ဖန်တီးထားပြီး ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
နောက်ရိုက်မယ့် ရုပ်ရှင်အတွက် ဝိတ်ချနေတဲ့ မင်းသား Tom Holland
Tom Holland ကို Spider-Man အဖြစ် မြင်တွေ့ရဖို့ မသေချာတော့
တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တဲ့ “Spider-Man: Far From Home”